ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရများပြောပြခဲ့တဲ့ ကတ်သရင်းမီးမီး

0
1047

ဇွန်လ ၂၃ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ Idiots အဖွဲ့ဝင် အဆိုတော် ရေမွန်(ခ)တွတ်ပီ အတွက် အမှတ်တရများကို ကက်သရင်းမီးမီး က အခုလို ပဲ ပြောပြပေးခဲ့ပါတယ်။

“တွတ်ပီ 😞
မမွန်သီချင်း ဆိုတော့ တွတ်ပီလေး အမြဲပါလာတယ် ငယ်ငယ်ထဲက မျက်နှာချိုပြီး လူချစ်လူခင်များတယ် သူဝင်မတီးဘူးတဲ့ instrumental မရှိဘူး မမွန်က သီချင်းဆိုတဲ့အလုပ်နဲ့ ခလေးကိုပြုစုပျိုးထောင်လာရတာ ဆိုတော့ တွတ်ပီကို မမွန် အမြဲပြောနေကြ စကားတခွန်း ခုထိကြားယောင်နေဆဲပဲ ဂီတလောကက လူတွေက အားလုံး သားကျေးဇူးရှင်တွေနော်တဲ့ တွတ်ပီက လိမ်မာတယ် ဘယ်နေရာတွေ့တွေ့ ရိုရိုကျိုးကျိုးနှုတ်ဆက်တယ် သူအောင်မြင်တာတွေ့တော့ ပီတိဖြစ်ရတယ်
တရက် ဘားတခုမှာ ကိုယ်တွေ ဧည့်သည်အဖြစ် ဆိုနေချိန် တွတ်ပီ လာထိုင်တော့ ထုံးစံအတိုင်း သူ့ပရိတ်သတ်တွေက တွတ်ပီကို သီချင်း ဆိုဖို့တောင်းဆိုတော့တာပေါ့ သူဆိုတော့ ဆုငွေတွေ အများကြီးရတယ် ဆိုပြီးသွားတော့ အဲဒီဆုငွေတွေကို လက်ထဲ လာထည့်ပြီး ဒီငွေတွေ တီးဝိုင်းတဖွဲ့လုံး အတွက် သားကန်တော့တာပါတဲ့ 😞 အမှတ်တရ များစွာထဲက တခုပေါ့ သိတတ် လိမ်မာလွန်းတဲ့ခလေး ဂီတမှာလဲ နှံနှံစပ်စပ် သိတဲ့ခလေး လိမ်မာယဉ်ကျေးလွန်းသူ နှမြောမိတယ်
တွတ်ပီရေ ….
ဒီမိုကရေစီပြန်ရရင်တောင် သားကို ပြန်မရတော့ဘူး” လို့ ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here