COVID-19 ကူးစက်မှုနှင့် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလတွင်ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျပ်အတည်းတို့က မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို စစ်တမ်းကောက်ယူခန့်မှန်း

0
358

ရန်ကုန်၊ ဇွန် ၃
COVID-19 ကူးစက်မှုနှင့် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလတွင်ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျပ်အတည်း တို့က မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများ အပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို စစ်တမ်းကောက်ယူ ခန့်မှန်းထားသည့် အစီရင်ခံစာ တစ်ခုကို မြန်မာနိုင်ငံ နိုင်ငံခြားကုန်သည်ကြီးများ အသင်းများက စုပေါင်းတင်ပြထုတ်ဝေလိုက်သည်။
မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်နေကြသော ဂျပန်၊ ဥရောပ ၊အမေရိက အစရှိသည့် နိုင်ငံခြားကုန်သည်ကြီးများ အသင်း၁ဝ သင်းဖြစ်ကြ သည့်( • American Chamber Myanmar၊• Australian Chamber Myanmar၊• British Chamber Myanmar၊• CCI France Myanmar၊• EuroCham Myanmar၊• German Myanmar Business Chamber၊• Greek Myanmar Chamber of Commerce၊• Italy Myanmar Business Association၊• Japan Chamber of Commerce and Industry, Myanmar (JCCM)နှင့် • New Zealand Chamber Myanmar)တို့ ပူးပေါင်းပြီး လက်တလောအခြေအနေများ၏သက်ရောက်မှုကို လေ့လာသည့်စစ်တမ်းဖြစ်သည်။
ထိုသို့ကောက်ယူရာတွင် အချက်အလက် များ၏ လုံခြုံမှုကို သေချာစေရန်နှင့် စစ်တမ်းတွင် ပါဝင်ဖြေဆိုသော ကုမ္ပဏီများ အနေဖြင့် တတ်နိုင်သမျှ မှန်ကန်စွာဖြေကြားနိုင်ရန် အတွက် ဤစစ်တမ်းကို ရာနှုန်းပြည့် အမည်မသိကောက်ယူ ထားခြင်းဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားကုန်သည်ကြီး များအသင်း၁ဝသင်းက မသေချာ မရေရာမှုများဖြစ်ပေါ်နေသော ကာလ အတွင်း မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားရေး အခြေအနေနှင့် ၂၀၂၁ အကုန် နောက်လာမည့် လများအတွက် မြန်မာ့စီးပွားရေး အခြေအနေက မည်သည့် လမ်းကြောင်းသို ဦးတည်သွားနိုင်သနည်းကို ခန့်မှန်းနိုင်ရန် စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး ပါဝင်ဖြေဆိုသည့် ကုမ္ပဏီပေါင်း ၃၇၂ခု ရှိသည်ဟု ဆိုထားသည်။
သို့ရာတွင် အာဆီယံဒေသတွင်း ရှိ ကုမ္ပဏီ ၁၇ ခုကသာ ပါဝင်ဖြေဆိုထားသောကြောင့် ဤစစ်တမ်း ရလဒ်သည် စျေးကွက်တွင်းရှိ အာဆီယံ ကုမ္ပဏီများ အားလုံး၏ အခြေအနေကို ကိုယ်စားပြုသည်ဟု သတ်မှတ်၍ မရကြောင်းကိုလည်း ဆိုထားသည်။
မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယခုနှစ်ကုန်သည် အထိ နောက်လာမည့်လ များတွင် မည်သည့် လမ်းကြောင်းသို့ ဦးတည်သွားနိုင်ကြောင်းကို ခန့်မှန်းနိုင်သည့် အချက်အလက်များ ယင်း စစ်တမ်းတွင်ပါရှိသည်။
သိရှိရသော အချက်အလက် များအရ ၂၀၂၁ဇန်နဝါရီလတွင် ကုမ္ပဏီ အများစုသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုများအား မူလအတိုင်း လည်ပါတ်ရန်နှင့် အချိုသော ကုမ္ပဏီများက ရင်းနှီးမြှပ်နှံမှုများ တိုးချဲ့ရန်ပင် စီစဉ်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးဖြစ်စဉ်ကြောင့် ထိုအစီအစဉ်များ ရပ်ဆိုင်းသွားခဲ့ ရကြောင်းကိုလည်း ယခုစစ်တမ်းတွင် ရေးသားဖော်ပြ ထားသည်။
သို့ရာတွင်၂၀၂၁အကုန် စီးပွားရေး တိုးတက်လာလျှင် အခြေအနေက ဆိုးလာမည်မဟုတ်ဟု စစ်တမ်းက ထည့်သွင်းဆိုထားသည်။
အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အကောင်းဆုံးကို မျှော်လင့်ပြီး လုပ်နေရပေမယ့် အားတော့ မရှိဘူး”ဟု ပြောသည်။
၂၀၂၁စက်တင်ဘာလကုန်တွင် နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ တိုးတက်လာခြင်း မရှိပါက လုပ်ငန်းလည်ပတ်မှုများ အားလုံးကို ရပ်ဆိုင်းခြင်း၊ ဝန်ထမ်းများကို အလုပ်မှ ရပ်ဆိုင်းခြင်း (သို) လုပ်ငန်းလည်ပတ်မှုများကို လျှော့ချခြင်း နှင့် လစာလျော့ခြင်း များဖြစ်ပေါ် လာနိုင်မည်ဟုလည်း စစ်တမ်းက ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here