နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံမှာ ပြသသွားမယ့် From Bangkok to Mandalay

0
123

dsc_1662From Bangkok to Mandalay လို့အမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကို ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ကျရင် မြန်မာ တစ်နိုင်ငံ လုံးမှာ တစ် ပြိုင်နက်တည်း ရုံတင် ပြသသွားတော့ မှာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရှိ ရုပ် ရှင်ရုံတွေမှာတော့ နိုဝင်ဘာလလယ် အတွင်း မှာ စတင်ရုံတင် ပြသသွား တော့မှာဖြစ်ပါတယ်။

From Bangkok to Mandalay ကို ဖန်တီး ရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnust  ကတော့ ဒီဇာတ်ကားဟာ မြန်မာနဲ့ ထိုင်း လူမျိုးတို့ရဲ့ ချစ်ခြင်း မေတ္တာပြယုဂ် တစ်ခု ဖြစ်တဲ့ အပြင် မြန်မာပြည်ရဲ့ အလှတရားတွေကို   မြန်မာပြည် အနှံ့ သွားရောက် ပြီး တော့ ဖော် ထုတ်ထားတဲ့ ဂုဏ်ယူဖွယ် ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ခု အဖြစ်မြင်တွေ့ရ မှာဖြစ်ကြောင်း ညွှန်းဆိုထားပါတယ်။

“ကျွန်တော့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ၃နှစ် ကျော် ကြာ အချိန်ယူ ခဲ့ရပါတယ်။ မြန်မာ နိုင်ငံကို ကျွန်တော် အလည်လာရာ ကနေ အစပြုခဲ့တ From Bangkok To Mandalay ရုပ်ရှင် ဇာတ်ကား ကြီးဖြစ်ပေါ်လာ ခဲ့ရပါတယ်။ ထပ် ပြီး ကံကောင်းခဲ့တာက ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မြန်မာ မိတ်ဆွေတွေ ဖြစ်တဲ့ AEE ကုမ္ပဏီနဲ့ မိုးကောင်း ကင် ရုပ်ရှင် ထုတ်လုပ်ရေးတို့က ကျွန်တော်နဲ့ အတူ ပူးပေါင်း ပါဝင်ပြီး အကောင်အထည် ဖော်ပေးခဲ့ကြ လို့ပါ။ ဒါကြောင့် ကျွန်တော့် အိပ်မက် တွေဟာ မျှော်မှန်းထားတာ ထက် ပိုပြီး အောင်မြင် ခဲ့တယ် လို့လည်း ခံစားရပါတယ်” လို့ ထိုင်းဒါရိုက် တာ Chartchai Ketnust ဆိုခဲ့ပါ တယ်။

From Bangkok to Mandalay ရုပ်ရှင် ဇာတ်ကားရဲ့ World Premiere Red Carpet Screening ပြသခြင်းကိုတော့ ပြီးခဲ့ တဲ့ အောက်တိုဘာလ၂၇ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ မှာ ပြုလုပ်ခဲ့ရာ မှာတော့ အဓိက ဇာတ် ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဝတ်မှုံရွှေရည် ၊ ထိုင်းမင်းသမီး Nann Wahn  ၊ ထိုင်းဒါရိုက်တာ Chartchai Ketnust  တိုနဲ့ အတူ ထုတ်လုပ်သူများ၊ အဓိကကူညီ ပံ့ပိုးပေးသူများ ၊ ထိုင်း နိုင်ငံ ဂီတနဲ့ အနုပညာ နယ်ပယ်မှ အနုပညာ ရှင်များ၊ မြန်မာနိုင်ငံက နာမည်ကျော် အနုပညာရှင် များ စွာတက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

အဲ့ဒီနေ့ အခမ်းအနားကို တက်ရောက် လာတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်က ဒီဇာတ်ကားလေးက ကြည့် လိုက်တဲ့ သူတွေရဲ့ ရင်ထဲမှာ စိတ်ချမ်းသာစရာ ကောင်းတဲ့ ဇာတ်ကား တစ်ခု ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ပရိ သတ်တွေ လည်း စောင့်မျှော်ရကျိုးနပ် မှာပါ လို့ ပြော ချင်ပါတယ်” လို့ Red Carpet ကို လျှောက်လှမ်းရင်း ဆို ခဲ့သလို အကယ်ဒမီ နေတိုး ကလည်း

“ပရိသတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း ဒီဇာတ်ကားလေး ရဲ့ ရသ ပိုင်း၊ သရုပ်ဆောင်မှု အပိုင်းတွေမှာ ရော၊ မြန်မာပြည်ရဲ့လှပတဲ့ အထင် ကရ ဒေသတွေမှာရော၊ သွားရောက် ရိုက်ကူးထားတဲ့ အတွက် ဒီဇာတ်ကား လေးက တန်ဖိုးရှိတဲ့ ဇာတ်ကားလေး တစ်ကားဖြစ်လာမယ် လို့ ယုံကြည် ပါတယ်။ ပရိသတ်တွေလည်း ကြိုက် နှစ်သက်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ကတော့ သူ ကိုယ်တိုင် From Bangkok to Mandalay  ရုပ်ရှင်ဇာတ်ကားကို ကြည့်ရဖို့ အတွက် စိတ် လှုပ်ရှား နေတာမို့ ပရိသတ်တွေ အနေနဲ့ လာရောက် အားပေး ချီးမြှင့်ပေးကြဖို့ ပြော ချင်ပါတယ်လို့ ပြောပြခဲ့သလို ထိုင်းမင်းသမီး Nann Wahn က တော့ မြန်မာပြည်က ပရိသတ်တွေနဲ့ အခုလို ဆုံတွေ့ခွင့်ရတဲ့ အတွက် တအားကို ရင်ခုန် စိတ်လှုပ်ရှား နေတာမို့ ပရိသတ်တွေ အနေနဲ့ ဒီဇာတ်ကားလေး အပေါ်ကို ကြိုက် နှစ်သက်တယ် ဆိုရင်ပဲ ကြိုးစားအား ထုတ်ခဲ့ရတဲ့ ပင်ပန်းရကျိုးနပ် မှာ ဖြစ်ပါတယ် လို့ ပြောပြပေးခဲ့ပါတယ်။

From Bangkok To Mandalay World Premiere Show ကို အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ကြီး ဘဘဦးတင်ဦး ကိုယ်တိုင် တက် ရောက်ဂုဏ်ပြုပြီး အဖွင့် မိန့်ခွန်းစကား ပြောကြား ပေးခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here