ကျွန်တော်လွမ်းဆွတ်မိသောအဖြူအမည်းဖလင်ခေတ် ရုပ်ရှင်မင်းသားများ (အပိုင်း-၁)

0
680

စစ်ပြီးခေတ်သည်ဘက်ပိုင်းတွင် အသံထွက် ရုပ်ရှင်များ ဆက်တိုက် ရိုက်ကူးလာကြသည်။ ထိုစဉ်က ဒါ ရိုက်တာကြီးများသည် သြဇာတိက္ကမ အလွန်ထက်သည်၊ ဆရာကြီးများက လည်း အနုပညာဝမ်းစာပြည့်ဝကြ သည်။ အဖြူအမည်း ဖလင်ခေတ်ဖြစ် သော်လည်း ပေတစ်သောင်းကျော်ထိ ရိုက်ကူးရသော ဇာတ်ကားများလည်း ရှိသည်။ ထိုအချိန်က ခေတ်၏ရေစီး ကြောင်းဟုဆိုရလေမလားမသိ၊ ဗုဒ္ဓ ၀င်ကားများ၊ ရာဇ၀င်ကားများနှင့် နတ်သမိုင်းကားများ အလွန်တွင် ကျယ်ကြ၏။ ရာဇ၀င်နှင့် နတ်သမိုင်း ကားများတွင် ခင်မောင်ညွန့်၊ ခင် မောင်ဇင်၊ ရွှေကို၊ ကြည်ကြည်ဌေး စသည့် သရုပ်ဆောင်များ အဓိကပါ ၀င်သည့်အပြင် စုန်းကဝေနေရာတွင် ဒေါ်မြလေး၊ သရဲတစ္ဆေနေရာတွင် ”တာတေကြီး”ဟု နာမည်ကြီးခဲ့၏။ ကိုးသိန်းရှင်၊ ရတနာနတ်မယ်၊ ဒေ၊ စွန်းပါ၊ ကျီးကန်းပါးစပ်သိုက်၊ ဆရာမ နိုင်နှစ်ဆောင်ပြိုင်၊ ဝေဘူဝေဘာ၊ မျှော်တော်ရောင် စသဖြင့်များစွာ ရိုက်ကူးခဲ့၏။ ရာဇ၀င်မင်းသား ခင် မောင်ဇင်မှာ ယနေ့သရုပ်ဆောင်ဇော် ဦး၏ ဖခင်ဖြစ်သည်။ ခေတ်ပြိုင်မင်း သားများမှာ ရွှေဘ၊ တင်ညွန့်၊ ကျော် ဆွေ၊ မြမောင်၊ ဇော်လွင်၊ မြင့်အောင်၊ မောင်ယဉ်ထွေး၊ မောင်မောင်တာ၊ မောင်သင်၊ ထွန်းဝေ၊ မြတ်လေး၊ ကောလိပ်ဂျင်နေ၀င်း၊ ဇော်ခင်၊ ၀င်း ဦး၊ ကျော်ဟိန်းတို့ဖြစ်ကြသည်။ ဇော် ၀မ်း၊ ထွန်းထွန်းဝင်း၊ ထွန်းထွန်းနိုင်၊ ဇော်လင်းတို့မှာ အသတ်အပုတ်နှင့် နာမည်ကျော်ပြီး၊ သူ၏ဇာတ်ရုပ်မှာ အမြဲတမ်းလိုလို ဆင်းရဲသား အခြေခံ လူတန်းစားကို ကိုယ်စားပြုသော ကြေင့် ပြည်သူချစ်မင်းသားတစ်လက် ဖြစ်ခဲ့သည်။ ရွှေဘကား ရုံတင်ပြီးဆို လျှင် ရုံပြည့်ရုံလျှံအားပေးကြ၏။ ဗီခဲ၊ စစ်အာဏာ၊ ချစ်လှပါသည်သို့သော်၊ တရားတစ်ဖက် ဓားတစ်လက်၊ မိုက် ဧကရီ၊ ၀ရမ်းပြေး ဖိုးသိန်း၊ ဗိုလ်စံဖဲ၊ မုန်တိုင်းထန်လေသော် စသဖြင့်ဇာတ် ကားပေါင်း ရာချီရိုက်ခဲ့ပြီး သမ္မတ ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ခဲ့ပြီး သမ္မတလူကြမ်းအဖွဲ့ကို ကျွေးမွေး စောင့်ရှောက်ထားသူလည်း ဖြစ် သည်။ မင်းသားရွှေဘ၏ ဇာတ်ကား ပေါင်းများစွာထဲမှ ယခုခေတ်လို အကယ်ဒမီမှန်းနိုင်သော ကားများမှာ ၀ရမ်းပြေးဖိုးသိန်းနှင့် ဗိုလ်စံဖဲပင်ဖြစ် သည်။ ပြည်သူဘက်မှနေ၍ ကိုလိုနီ နယ်ချဲ့ပုလိပ်များကို တော်လှန်တိုက် ခိုက်သော ဇာတ်ကားကောင်းများ ဖြစ်သည်။ မင်းအာဏာဇာတ်ကား တွင်လည်း နတ်သမီး ချောက်ကမ်း ပါးပေါ်မှ လူရော မြင်းပါခုန်ချသည့် အခန်းကို လူစားမထိုးဘဲ ကိုယ်တိုင် စွန့်စားခဲ့သူလည်း ဖြစ်၏။ ထို့ပြင် ထူးထူးခြားခြား ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ကားမှာ ‘မျှော်တော် ရောင်’အမည်ရှိ ဥစ္စာစောင့်နတ် သမိုင်းကား တစ်ကားကို မှတ်မှတ် ထင်ထင်ရှိခဲ့ပါကြောင်း။

အဖြူအမည်း ဖလင်ခေတ်ထဲ တွင် တက္ကနီ ကာလာ၊ အီဒမင်ကာ လာဟူသော ဆေးရောင်စုံဇာတ်ကား တချို့ရှိခဲ့၏။ နန်းတွင်းအရေးတော် ပုံ၊ အလောင်းတော်ရာမ၊ ယျလေးလုံး၊ ဗိမ်္မိသာရဟူသော ဆေးရောင်စုံရာဇ ၀င်ကားများကို ရိုက်ကူးခဲ့သော်လည်း ထိုဖလင်များကို ဂျပန်နှင့် အိန်္ဒိယတွင် သာ ကူးဆေး၍ရသည်။ နောက်ထပ် ထူးခြားသော မင်းသားတစ်လက်မှာ ကျော်ဆွေပင်ဖြစ်၏။ စကားပြော လျှင် နှာခေါင်းသံလေး စူးစူးနှင့် သရုင်ဆောင်တတ်သည်။ သည် ဆောင်းဟေမာန်၊ ပုလဲမျက်ရည်၊ စောရမင်းသား၊ ဒဏ်၊ ဖူးစာနှစ်ခိုင် ဇာတ်ကားများမှာ နာမည်ကျော် အောင်မြင်ခဲ့သည်။ ကျော်ဆွေသည် ဇာတ်ကြမ်းကားများထဲတွင် ပါဝင်သုံး စွဲသည့် မြင်းများကို ထောင်ထောင် မောင်းမောင်း၊ ထွားထွားကျိုင်းကျိုင်း ရှိသော နိုင်ငံခြားအမျိုးအစား မြင်း ကြီးများကိုသာ သုံးလေ့ရှိသည်။ ပုလဲ မျက်ရည်ဇာတ်ကားမှာ စစ်ကားဖြစ်ပါ သည်။ ယခုအချိန်တွင်ဆိုလျှင် အ ကယ်ဒမီရနိုင်သော ရုပ်ရှင်ကားဖြစ် သည်။ ထို့အပြင် နှစ်ကိုယ်ခွဲသရုပ် ဆောင်ခဲ့သော ‘ဖူးစာနှစ်ခိုင်’ဇာတ် ကားသည်လည်း လူကြိုက်များ၍ အောင်မြင်ခဲ့သော ဇာတ်ကားတစ် ကားဖြစ်သည်။ ထိုဇာတ်ကားထဲမှ ဇာတ်ဝင်တေးတစ်ပုဒ်မှာ …

”ငါသာတော်ဖုရားဖြစ်ချင် တယ် … ငါသာ စော်ဘွားဖြစ်ရင် တကယ် …ဒေ၀ီလောင်းနဲ့ပေါင်း နိုင်ပါစေကွယ် …”

အထက်ပါသီချင်းသည် ယခု ချိန်ထိ ပြန်ဆိုတေးအဖြစ် ပျံ့လွင့်နေ ဆဲဖြစ်သည်။ ညီအစ်ကိုနှစ်ယောက် ၏ တိုက်ပွဲခန်းများ သေသပ်ပိရိစွာ ရိုက်ပြနိုင်၏။ အစ်ကိုက ညီလုပ်သူ လက်ကိုဆွဲ၍ လက်စွပ်ကလေး ၀တ် ပေးသော ရိုက်ချက်သည် ယခုခေတ် လို EFFECT များ မပေါ်ခင် မတိုး တက်ခင်ကတည်းက သဘာဝကျစွာ ရိုက်ကူးနိုင်ခဲ့သည်။ စိတ်ချင်းဆက် ညီအစ်ကို ဇာတ်ရုပ်အဖြစ် သရုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ် မြန်မာ့ရုပ်ရှင်လောကတွင် စိတ်ချင်း ဆက်ညီအစ်ကိုအဖြစ် သရုပ်ဆောင် ရိုက်ကူးခဲ့သော မင်းသားမှာ မြင့် အောင် (မင်းသမီး မို့မို့မြင့်အောင် ဖခင်) ဖြစ်သည်။ မင်းသားမြင့် အောင်သည် ဖြူဖြူသွယ်သွယ်လျလျ နှင့် ချောမောသော မင်းသားတစ် လက်ဖြစ်ပြီး အချစ်ဇာတ်လမ်းနှင့် ဒရမ်မာဇာတ်လမ်းများသာ ဦးစား ပေးရိုက်ကူးသူဖြစ်၏။ မင်းသားရွှေဘ နှင့်တွဲဖက် ရိုက်ကူးသောအခါ ရွှေဘ က အကြမ်းအရမ်းမင်းသား ဖြစ်ပြီး မြင့်အောင်က အနုအလှအရွ မင်း သားအဖြစ် သရုပ်ဆောင်ရသည်။ ရုပ်ရှင်ကြည့်ပရိသတ်က မင်းသား မြင့်အောင်အား ‘အခြောက်’ဟု ပြော ဆိုသံကြားလာသောအခါ ရုပ်ရှင် လောကမှ ၃ နှစ်လောက် ပျောက် သွားခဲ့သည်။ ရုပ်ရှင်ပိတ်ကားပေါ်သို့ မြင့်အောင် ပြန်ရောက်လာသော အခါ ‘ညောင်ရမ်းညီနောင်’အမည်ရှိ ရာဇ၀င်ဇာတ်ကြမ်းကားနှင့်ရောက် လာခြင်းဖြစ်သည်။ ထိုအခါ မြင့် အောင်သည် ယခင်လို ကနွဲ့ကလျ မဟုတ်တော့၊ လက်မောင်းမာဆယ် သားများ ဖုထစ်လို့၊ ရင်အုပ်ကားကား ကြီးနှင့် မောင်ဗမာတစ်ယောက်အ လားကဲ့သို့ ဖြစ်လာ၏။ ‘ညောင်ရမ်း ညီနောင်’ဇာတ်ကြမ်းကားသည် စိတ် ချင်းဆက်ညီအစ်ကိုနှစ်ယောက်အ ဖြစ် စရိုက်နှစ်မျိုး နှစ်ကိုယ်ခွဲသရုပ် ဆောင်ရ၏။ နောင်တွင် လှံမင်းသား စံတင်ဖြစ်လာမည့် စံတင်နှင့် တိုက် ခိုက်ခန်းများသည် ကြောက်ခမန်းလိ လိပင်ဖြစ်သည်။ နောက်ခံတေးဂီတ ပံ့ပိုးမှုမှာ ရွာစားကျော် စိန်ဗိုလ်တင့် ၏ တီထွင်ဆန်းသစ်ထားသော ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်များ သည်လည်း မြိုင်ဆိုင်လှပါ၏။ ထို ဇာတ်ကားဖြင့် စံတင်သည်လည်း လှံ မင်းသား စံတင်ဘွဲ့ကို ရခဲ့ခြင်းဖြစ် သည်။ ထိုမှစ၍ မင်းသားမြင့်အောင် သည် ဇာတ်ကြမ်းများ ဆက်လက် ရိုက်ကူးခဲ့ကြောင်း သိရသည်။ ကျွန် တော် ညောင်ရမ်းညီနောင်ဇာတ်ကား နှင့် ‘ဘယ်ခြောက်ကာညာလှမ်းလို့’ ဇာတ်ကားကို ကြည့်ဖူးခဲ့ပါ၏။ ယခင် က ဒါရိုက်တာကြီးများသည် ရုပ်ရှင် ဇာတ်ကားတစ်ကားကို တစ်လကျော် ကျော်လောက် စိတ်တိုင်းကျရိုက်ပြီး မှ ရုံတင်တတ်ကြသည်။ ထိုခေတ်က ကိုယ်ပိုင်စတူဒီယိုကြီးများထဲတွင် ဆက်တင်များ ဆောက်၍ ရိုက်ကူး ကြ၏။ သာဓုခြံ၊ အေ၀မ်းခြံ၊ ဗြိတိသျှ ဘားမားခြံ စသဖြင့် ထည်ထည်ဝါ၀ါ ရှိခဲ့ကြသည်။ ဒါရိုက်တာ အေ၀မ်း တင်မောင်၊ အေ၀မ်းညွန့်မောင်မှ သည် အေ၀မ်းမျိုးဆက်များကို မွေး ထုတ်ခဲ့ရာ အေ၀မ်းသိန်းထွဋ်၊ သန်း ထွဋ်အထိပင်ဖြစ်၏။ ထို့ပြင် ဒါရိုက် တာ ဦးညာဏ၊ ဦးချစ်ခင်၊ ဦးသုခ၊ ကျွန်တော်ချစ်မောင်၊ အေ၀မ်းမောင် လှမျိုး၊ ဒါရိုက်တာ ဦးနေမျိုးစသော ဒါရိုက်တာကြီးများသည် ဖလင်အဖြူ အမည်းခေတ်၏ “King of the set” များဖြစ်ကြ၏။

မင်းသားမောင်ယဉ်ထွေးမှာ ရှုမ၀ထွက်မင်းသားတစ်လက်ဖြစ်၏။ ဒါရိုက်တာ ရှုမ၀ဦးကျော်၏ လက် ရင်းတပည့်ဖြစ်သည်။ နောင်တွင် မင်းသမီး ရှုမ၀စမ်းစမ်းအေးနှင့်တွဲ၍ မောင်ယဉ်ထွေး၊ စမ်းစမ်းအေးဟု နာ မည်ရလာသည်။ မောင်ယဉ်ထွေးကို ‘လုလင်ငယ်သွေး’ ဇာတ်ကားထဲ၌ ကြည့်ခဲ့ဖူးသည်။ ဇာတ်ကားနာမည် မှာ ‘လုလင်ငယ်သွေး’ဖြစ်သလို ဇာတ်ဝင်သီချင်းမှာလည်း ‘လုလင် ငယ်သွေး’အမည်နှင့် ပေါက်ခဲ့၏။

”မည်သူမဆို …ကူညီသည် ဖြစ်စေ၊ မည်သူမဆို …မကူညီ သည်ဖြစ်စေ ကိုယ်ထူကိုယ်ထ … ကိုယ့်ဘ၀အခြေအနေ …ကိုယ့် အားကိုယ်ကိုးမှ … ကိုယ်သာ သခင်ဖြစ်ပေ …”
စသည့်သီချင်းသည် ယခုထိ တိုင် ကြားနေဆဲဖြစ်ပါ၏။ သီချင်း၏ အနှစ်သာရမှာ စိတ်ခွန်အားကို ရစေ သော သီချင်းဖြစ်ပါ၏။ မောင်ယဉ် ထွေးမှာ ရုပ်ရှင်ဇာတ်ကားအနည်း ငယ်သာ ရိုက်ခဲ့သော မင်းသားတစ် လက်အဖြစ် သိခဲ့ရပါသည်။ နောက် မင်းသားတစ်လက်မှာ စစ်ကားများ တွင် ဗိုလ်ကြီး၊ တပ်ကြပ်ကြီးအခန်း များတွင် အင်မတန်လိုက်ဖက်လှသော သရုပ်ဆောင်မင်းသားမှာ ဇော်လွင် ဖြစ်သည်။ မင်းသားရွှေဘနှင့်လည်း တွဲဖက်ရိုက်ကူးခဲ့၏။ စစ်ကားများ တွင် တည်ကြည်ခန့်ညားသော ရုပ်၊ ဖွံ့ထွားသော ခန္ဓာကိုယ်၊ အောက် လက်ငယ်သားများအပေါ် သနားညှာ တာစိတ်နှင့် အနစ်နာခံ သရုပ်ဆောင် ရာတွင် မင်းသားကြီး ‘နီကိုလပ်ကေ့ (ခ်ျ)နှင့်တူ၏။ သရုပ်ဆောင်မှု ပီပြင် သော မင်းသားဖြစ်သည်။ ကျွန်တော် မှတ်မိသော ဇာတ်ကားများမှာ ‘သိုင်း သမား’၊ ‘ချောင်းကိုပစ်၍ မြစ်ကိုရှာ’ တို့ဖြစ်သည်။ ‘ချောင်းကို ပစ်၍ မြစ် ကိုရှာ’ဇာတ်ကားသည် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုရသည် ကိုတော့ မှတ်မိနေပါသေးသည်။

မင်းသားကြီးဇော်လွင်၏နောက် မှာ ပေါ်လာသော မင်းသားမှာ ဇော်ခင်ဖြစ်သည်။ မင်းသားဇော်ခင် သည် သူ၏ ၀တ်ပုံနေပုံစတိုင် (လ်) အား ထိုခေတ်လူငယ်များ အရူးအမူး နှစ်သက်အတုခိုးခဲ့ကြရသည်။ ဇော် ခင်သည် အရပ်က ၆ ပေလောက်မြင့် သည်။ အမြဲတမ်းဘောင်းဘီကို ၀တ် လေ့ရှိပြီး အတွင်းခံရှပ်အင်္ကျီကော် လန်ကို အမြဲထောင်ထား၏။ မျက်လုံး မျက်ဖန်ကောင်း၏။ နှာတံပေါ်ပြီး တိကျပိရိသော သူ၏နှုတ်ခမ်းပေါ် တွင် မခို့တစို့တွဲလဲခိုနေသော စီးက ရက်တစ်လိပ်နှင့် အလွန်လိုက်ဖက်သူ ဖြစ်၏။ မြန်မာ့ရုပ်ရှင်လောကတွင် စီးကရက်ခဲသည့် အမျိုးသားသရုပ် ဆောင် မင်းသားဇော်ခင့်ကို မည်သူ မှ မမှီသလို၊ အမျိုးသမီးသရုပ်ဆောင် ထဲတွင် စီးကရက်နှင့်အလိုက်ဆုံး မင်းသမီးမှာ တင်တင်မူ (ဒေစီကျော် ၀င်းမိခင်)ဖြစ်သည်။ ဇော်ခင်၏ ပုံစံ မှာ အပြင်လောကတွင်လည်း ကော် လန်ထောင်၊ အင်္ကျီကြယ်သီးတွေဖွင့်၊ ဘောင်းဘီရှည်၊ ကက်ဂလုတ်ဖိနပ် နှင့် မိုက်ကယ်ဆန်ဆန်နေတတ်သူ ဖြစ်၏ ထိုခေတ်က အခေါ်အဝေါ်မှာ ဇော်ခင့်ကို လမ်းသူရဲမင်းသားဟုဖြစ် ၏။ သို့သော် လူငယ်တွေအပေါ် လွှမ်းမိုးနိုင်ခဲ့သော မင်းသားတစ် ယောက်ဖြစ်သည်။ မင်းသားကြီးမြတ် လေးနှင့် တွဲဖက်ရိုက်ကူးခဲ့သော ‘ရေ ပွတ်ပမာ’ဇာတ်ကားကို ကြည့်ခဲ့ဖူးပါ သည်။ မင်းသားဇော်ခင်သည် စာပေ ရေးသားမှုလည်း ၀ါသနာပါသော ကြောင့် အပြင်လောကတွင် စာပေ များ ရေးသားခဲ့၏။ ကျွန်တော်တို့ စာ ပေသမားများထိုင်ရာ ၃၃ လမ်း လေ ထန်ကုန်းတွင် ဇော်ခင်လာထိုင်ရာ အမျိုးသမီးတစ်ဦးက …

”ကိုဇော်ခင် မဟုတ်လား”

”ဟုတ်ပါတယ်”

”ကျွန်မက အရင်က ကိုဇော် ခင့်ပရိသတ်ပါ။ အခုလည်း ကိုဇော် ခင့်ကို ပြုစုဧည့်ခံချင်လို့ လိုက်ခဲ့စေ ချင်ပါတယ်”
ထိုအမျိုးသမီးက မင်းသားဇော် ခင်ကို စားသောက်ဆိုင်ကောင်း ကောင်းသို့ ခေါ်သွားပြီး ကြိုက်ရာ စား၊ ကြိုက်ရာသောက်၊ လိုလေသေး မရှိအောင် ဧည့်ခံကျွေးမွေးသည်၊ စားသောက်၍ ပြီးစီးသွားသောအခါ ထိုအမျိုးသမီးက …

”ကိုဇော်ခင့်ကို ကျွန်မတစ်ခု တောင်းဆိုချင်ပါတယ်”

”ဟုတ်ကဲ့၊ ဘာများလဲဗျာ”
”တခြားတော့ မဟုတ်ပါဘူးရှင်၊ ဟောဒီ စီးကရက်ကလေးကို ကိုဇော် ခင်” မင်းသား ဇော်ခင်ကလည်း သူ ချစ်တဲ့ ပရိသတ်တစ်ယောက်ဆန္ဒ အတိုင်း ရုပ်ရှင်ထဲကလို စီးကရက်ကို ခဲပြီး မီးညှိ ဖွာ ရှိုက်ပြလိုက်ရာ …

”လှလိုက်တာ ကိုဇော်ခင်ရယ်၊ ကျွန်မကြည့်ချင်တာ အဲဒီစတိုင် (လ်) ပဲရှင့်” ထိုခေတ်က မင်းသားများမှာ ကိုယ့်စတိုင် (လ်)နှင့် ကိုယ့်ပရိသတ် ရင်ထဲသို့ ရသတစ်စုံတစ်ရာ ပို့နိုင် သော သရုပ်ဆောင်များ ဖြစ်ကြပါ သတည်း။ ။

မောင်သစ်လှိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here