အကယ်ဒမီဇာတ်ပို့ဆုနဲ့ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေရဲ့ အကယ်ဒမီရင်ခုန်ခွင့်

0
444

အကယ်ဒမီ ဇာတ်ပို့ဆုနဲ့ ပတ်သက်လို့ ဇာတ်ပို့ စစ်စစ်တွေကို ပေးစေချင်တယ်ဆိုတဲ့ အသံမျိုးတွေ အမြဲထွက်လေ့ရှိပါတယ်။ ဆုနာမည်ကိုက ဇာတ်ပို့ဆု ဖြစ်နေတာကြောင့် ဇာတ်ပို့တွေသာ ရစေချင်တယ်လို့ လည်းပြောကြပြန်ပါတယ်။ ဒါကြောင့်လည်း အကယ်ဒမီ အကဲဖြတ်အဖွဲ့ တွေအနေနဲ့ ဇာတ်ပို့ဆုအတွက် ရွေး ချယ်ရာမှာ ဘယ်လိုရွေးချယ်ကြလဲ ဆိုတာကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေး ကြူလေးက. . .

“ဇာတ်ပို့နဲ့ အဓိကဇာတ်ဆောင်ပေါ့လေ။ သူက ဇာတ်ပို့ပါပဲရေးလာလာ သူက ဇာတ်ဆောင်ပါပဲ ရေးလာလာ အကဲဖြတ်အဖွဲ့ကနေ ဇာတ်ကားကို ကြည့်လိုက်လို့ သူကတော့ အဓိက ဇာတ်ဆောင်နေရာက နေ သူလုပ်တာ ဇာတ်ပို့ကတော့ သူလုပ်တာဆိုပြီး သူတို့ သတ်မှတ်တဲ့အတိုင်းပဲရမယ်။ တင်တဲ့စာရွက်လည်း သူ တို့ကြည့်တာပေါ့လေ။ သူတို့ တင်တာကတင်တာပဲ။ ဒီ ဘက်ကလည်း ဆုံးဖြတ်တာလည်း ဆုံးဖြတ်တာပဲ။ ဇာတ် ပို့အလွှာမှာဝင်မှ ဇာတ်ပို့ဆု ပေးဖို့ဆိုတာကို တချို့ကစွဲနေ တာရှိတယ်။ ဥပမာ မေသန်းနုပဲဆိုပါတော့။ အစက မေ သန်းနုက မင်းသမီးလေ။ အခုလည်း မင်းသမီးပဲ။ ဒါပေမဲ့ အခုအခြေအနေအရ အသက်အရွယ်အရ ဇာတ်ပို့ လုပ်နေ ရတာလေ။ အမေခန်းတို့ အဒေါ်ခန်းတို့ လုပ်ရတယ်။ ကိုဇင်ဝိုင်းဆိုရင်လည်း အရင်တုန်းက မင်းသားပဲ။ ဒါပေ မယ့် အခုဇာတ်ပို့ဖြစ်နေပြီလေ။ ဒါပေမဲ့ အလွှာက သူက အဓိကဇာတ်ဆောင် အလွှာမှာ ဖြစ်တယ်။ ဇာတ်လမ်းအရပဲ ဇာတ်ပို့ဖြစ်ရင် ဇာတ်ပို့ပဲ၊ အဓိက ဇာတ်ဆောင် ဖြစ်ရင် ဇာတ်ဆောင်ပဲ။ အဲဒီလိုပဲပေးမှာပါ။ အလွှာကိုကြည့်ပြီး မပေးဘူး။ အဓိကတော့ လုပ်ကွက်ပေါ့။လုပ်ကွက်မရှိဘဲနဲ့ ဆုရချင်တယ် ဆိုရင်တော့ မဖြစ်ဘူးပေါ့။ လုပ်ကွက်ရှိ မှာဖြစ်မှာပါ။ များသောအားဖြင့် ဒီဘက်ခေတ်တွေမှာ ကြတော့ အဖေ၊ အမေတို့ ဦးလေးတို့ဆိုရင် မင်းသားကျ၊ မင်းသမီးကျတွေပဲ သုံးကြတာလေ။ ဇာတ်ပို့ပါရင်လည်း တစ်ခါတစ်လေကျရင် နှစ်ခန်းလောက်ပဲပါတယ်။
ပေးချင်တဲ့လူတွေက ပေးချင်တယ်။ ဒါပေမဲ့ပေးလို့ မရတာရှိတယ်။ တကယ်လို့ ဇာတ်ပို့တွေကလည်း ကောင်း နေတယ်။ ဒီဘက်က မင်းသားကျတွေကလည်း ဇာတ်ပို့ အနေနဲ့ ကောင်းနေတယ် ဆိုရင် တောင်မှ ဇာတ်ပို့တွေကို ဦးစားပေး ဖို့ဆိုတာ အစည်းအဝေးမှာ မှာပြီး သားပါ။ ကိုယ့်ဘက်ကသာ လုပ်ကွက်ရဖို့ လိုတယ်။ လုပ်ကွက်ကို ကြည့်တာလေ။ ဒီလိုလေးပဲ လျှောက်သွား လိုက်ဆိုတာမျိုး လောက်နဲ့တော့ မရဘူး။ လုပ်ပြမှရမှာပါ။ ခေတ်အဆက် ဆက်လည်း ဒီလိုပဲလုပ်ပြခဲ့ရတာလေ” လို့ ရှင်းပြပါတယ်။ ဇာတ်ပို့အလွှာကနေ ဇာတ်ပို့ဆုကို မောစ့်၊ မိုးဒီ၊ ဗေလုဝ၊ အောင်ခိုင်၊ တက္ကသိုလ်ဂွမ်းပုံတို့က အကယ်ဒမီရရှိခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here