ပုစွန်ဦးနှောက်နဲ့ပိုးဖလံ

0
322

တမင်​တကာယူမိခဲ့တဲ့ ဝဋ်​​ကြွေးမှာ
အကုသိုလ်​​တွေက​ ပေါ​လော​ပေါ်လို့
မနိုင်​မနှင်းထမ်းထားရတဲ့ကံထုပ်​ကြီးထဲ
မစ္ဆိယစိတ်​​တွေက အ​လေးချိန်​ပိုစီး
ညည်းညူမိဖို့​တောင်​​ မေ့​နေခဲ့ကြ။
ငါနိုင်​တယ်​ မရှုံးဘူးဆိုတဲ့
သာသာယာယာ အ​တွေးထဲ
လောဘ၊​ ဒေါသ​တွေက တဝဲဝဲလည်​ရင်း
မသိခြင်းရဲ့ မသိစိတ်​အခြားတစ်​ဖက်​မှာ
သောက​တွေ ဖိစီး​နေ​ပေါ့။
ရင်​ဘတ်​ခြင်းမတူနိုင်​တဲ့
ဝန်​တိုတတ်​တာခြင်း အတူတူ​ရဲ့မောဟမှာ
ပြာကျခဲ့ရတဲ့​ မျှော်​လင့်​ချက်​​တွေလည်း လောင်​ကျွမ်း
လုပ်​ပိုင်​ခွင့်​၊ လုပ်​နိုင်​ခွင့်​ရှိသူကို ယှဉ်​မရချိန်မှ
ကိုယ့်​ကိုယ်​တရားရသလို
အေးချမ်းတဲ့အပြုံး​တွေ ကြိုးစားပြုံး
အရှုံးပေးရင်နှလုံး​အေးလို့​ ကြွေး​ကျော်
တကယ်​တမ်း မ​မော်​နိုင်​တာ
ကိုယ့်​စိတ်​ကိုယ်​သိကြတယ်​။
မသိလို့တိုးမိတဲ့အပူထက်
သိသိနဲ့တိုးကြတဲ့ ​လောင်​မြိုက်​မှုမှာ
ပိုးဖလံ​ကောင်​​တွေက တဖြုတ်​ဖြုတ်
သြော်​တကယ်​​တော့ လူ​တွေဆိုတာ
ပုဇွန်​ဦး​နှောက်​နဲ့ ပိုးဖလံ​တွေ။ ။

အေပရယ်​ညိုညို​ချော


LEAVE A REPLY

Please enter your comment!
Please enter your name here