အမေရိကားမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်မယ့် ဆောင်းဦးလှိုင်

0
209

ဆောင်းဦးလှိုင်က မေလ ၄ ရက်နေ့မှစတင်ပြီး အမေရိကန်တဝန်းမှာရှိတဲ့မြို့ကြီးတချို့မှာ One Man Show ဖျော်ဖြေပွဲတွေ ကျင်းပသွားဖို့စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဆောင်းဦးလှိုင်အနေနဲ့ ၁၁ နှစ် ကြာအခကြေးငွေဖြင့် သီဆိုခြင်းမပြု ခဲ့ဘဲ မေတ္တာဖြင့် သီဆိုဖြတ်သန်းခဲ့ပါ တယ်။ ယခုပွဲများကတော့ သူ့ကိုယ် ပိုင်ဝင်ငွေအတွက် သီဆိုရခြင်းဖြစ်ပြီး အားပေးကြမည်ပံ့ပိုးကြမည်လို့ လည်း သူ့အနေနဲ့ယုံကြည်ပါကြောင်း သီဆိုမည့် မြို့အတော်များများဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့သားများရဲ့ ကူညီစီစဉ်ပေးမှုကြောင့်ဖြစ်လာရခြင်း ပဲဖြစ်ကြောင်း သူက ပြောပြပါတယ်။
ပွဲမှာ သီချင်းအပုဒ်ရေ ၄ဝ ခန့် သီဆိုမှာဖြစ်ပြီး ၃ နာရီခန့်ကြာ မြင့်မှာဖြစ်သလို ဧပြီလ ၆ ရက်တွင် ကျင်းပမယ့် ယခုနှစ်ပြည်သူ့ဂုဏ် ရည်ဆုပေးပွဲ၊ Arizona၊ Phoenix မြို့သို့ တက်ရောက်ပြီး မေတ္တာဖြင့် သီဆိုရန် အစီအစဉ်ရှိပါကြောင်း လည်း သူကပြောပြပါတယ်၊AMERICA SHOW ပွဲများနှင့် ပတ်သက်ပြီး ဆောင်ဦးလှိုင်က . .

“Show ကန်ထရိုက်က ကျွန် တော်ကိုယ်တိုင်ပါ မြို့အသီးသီးရှိ မြို့မိမြို့ဖ၊ မြို့ခံတွေက ကူညီစီစဉ် ပေးကြတာပါ။ မေတ္တာနဲ့ပါ။ ကျေးဇူး အလွန်တင်မိပါတယ်။ Live Show အစစ်ပါ။ ကိုယ်တိုင်တီးခတ်သီဆိုမှာ ပါ။ ကျွန်တော့်ဖျော်ဖြေမှုပုံစံနှင့် ပရိ သတ်တုံ့ပြန်မှုတွေကို Australia နှင့် Singapore ရှိ ကျွန်တော့်ပွဲကြည့်ဖူး တဲ့လူတွေကို မေးကြည့်နိုင်ပါတယ်။ CD၊ Karaoke စက်တွေနဲ့ဆိုမှာ မ ဟုတ်ပါ။ ဘယ်တုန်းကမှ အတုအ ယောင်တွေနဲ့ သီဆိုခဲ့ဖူးခြင်းမရှိပါ။ဖျော်ဖြေပွဲသေးသေး၊ အကျဉ်းချုံး ကျင်းပတာမျိုး လုံးဝမဟုတ်ပါ။ ကိုယ် ပိုင်သံစဉ်သီချင်းအပုဒ် ၄ဝ ခန့်သီဆို မှာပါ။ ကြာမြင့်ချိန် အနည်းဆုံးသုံး နာရီပါ။ သီချင်းတွေကြားမှာ ကျွန် တော် ဘဝအတွေ့အကြုံအဖြစ်အ ပျက်၊ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ လူမှုရေး နိုင်ငံရေးဖြတ်သန်းမှုအ ကြောင်းတွေ စကားပြောရင်း ဆိုမှာ ပါ။ ကျွန်တော်အက၊ အလှတော့ မရဖူးပေါ့ဗျာ။ မကတတ်ဖူး၊ ဖက်ရှင် လှလှဆန်းဆန်းတွေလည်း မလုပ် တတ်တော့လေ။ အချို့မြို့များမှာ လက်မှတ်အရေအတွက် ၂ဝဝ၊ ၃ဝဝ လောက်ဘဲ ရောင်းချမှာပါ”လို့ ပြော ပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here