အွန်လိုင်းမီဒီယာအိပ်မက်နှင့်ရုပ်ရှင်အနုပညာဂုဏ်သိက္ခာမြှင့်တင်ရေး

0
79

အနုပညာဆိုတာ စုန်းပညာတစ်မျိုးပဲ။ဖြစ်စေချင်သလို ပြုစား နိုင်စွမ်းတဲ့ပညာရပ်ပါ။ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု မှအစ အနုပညာများဖြစ်တာကြောင့် လူ့ရဲ့စိတ်ကို တပ်မက်စေအောင် တမ်းတစေအောင် စွဲလန်းစေအောင် ချစ်ခင်စေအောင် မုန်းတီးစေအောင် သနားစေအောင် ပြုစားနိုင်သလို သနား ဂရုဏာဖြစ်စေအောင်လည်း ပြုစားနိုင် စွမ်းပါတယ်။ အဲဒီလို ပြုစားနိုင်မှု အတွက် လက်ရာမြောက်ဖို့တော့ အရေး ကြီးပါတယ်။ လက်ရာမြောက်ဖို့ အတွက် မိမိဖန်တီးတဲ့ အနုပညာ အပေါ် ဆန္ဒနှင့်သဘာဝ၊ ခံစားမှုတို့ ရင်ထဲစီးစိမ့်နစ်ဝင်စေပြီးမှ အတွေးနှင့် အယူအဆကို ပုံဖော်ကြရတာဖြစ်တယ်။
ဒါကြောင့် …
အနုပညာဆိုတာ
နစ်ဝင်ခံစားမှုနဲ့ ပြုစားခြင်း ပညာပဲဖြစ်တယ်။

မြူဆွယ်ခြင်းဟာ အနုပညာ မဟုတ်သလို အနုပညာအလုပ်လည်း မဟုတ်ပါဘူး။ ရောင်းကုန်ပစ္စည်းကို မက်လုံးပြဈေးကွက်ဖွင့်ပြီး အရောင်း မြှင့်တင်ခြင်းအလုပ်ပဲဖြစ်တယ်။ ဒါ ကြောင့် အနုပညာအလုပ်လုပ်ခြင်း နဲ့ အရောင်းမြှင့်တင်ဖို့ ဈေးကွက်ဖွင့် မြူဆွယ်ခြင်းအလုပ်တို့ကို ကွဲပြားစွာ သိရှိဖို့နဲ့ ခွဲခြားတတ်ဖို့တော့ အနု ပညာကို လုပ်မယ်ဆိုရင် မြန်မာပြည် အတွက် သတိရှိကြဖို့ လိုတာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီနေ့ရဲ့ အွန်လိုင်း မီဒီယာ ဂျပန်တို့ တရုတ်တို့က တီ ထွင်ပြုလုပ်ထားတဲ့ ကျည်ဆန်ရထား တဲ့ အဆပေါင်းများစွာ အမြန်နှုန်းနဲ့ လူပေါင်းသောင်းနဲ့ သိန်းနဲ့ သန်းနဲ့ ထံတို့ဆီ ပျံ့နှံ့သိမြင်စေခြင်းတို့က အချိန်နဲ့ တပြေးညီရောက်ရှိနေတဲ့ ကာလဖြစ်တာကြောင့်၊ သိသင့်တာ ဆိုရင်လည်း ချက်ချင်းသိ၊ မကောင်း တာဆိုရင်လည်း ကဲ့ရဲ့ ရှုံ့ချ၊ အရှက် ကွဲစရာရှိရင်လည်း သက်သေခံသရုပ် သဏ္ဍာန်ပုံနဲ့ သုံးသပ်ချက်တွေ အမျိုး မျိုးက ရှက်တတ်ရင် အလွန်ကြောက် စရာကောင်းပါတယ်၊ အဲဒါကြောင့် အနုပညာအလုပ် လုပ်ကြသူတွေဖြစ် ဖြစ်၊ အပြင်အပလုပ်ငန်းလုပ်ကြသူ တွေဖြစ်ဖြစ်၊ မိဘဂုဏ်၊ ဆွေမျိုးဂုဏ်၊ နေရာ ဌာနဂုဏ်၊ မိမိဂုဏ်တို့ကို သိက္ခာမထိခိုက်ရေး အထူးသတိထား ဂရုစိုက်ကြရမှာပါ။ တစ်နည်း-ပြောရ ရင် အမှောင်ကျဆိတ်ကွယ်ခဲ့တဲ့ကာ လကိုကျော်ဖြတ်ခဲ့ပြီး အရုဏ်ကျော် လို့ လင်းလာတဲ့အချိန်လို့ ပြောရမှာ ဖြစ်ပါတယ်၊ ဒီတော့ ပြောချင်တာက ရုပ်ရှင်နဲ့ ဗီဒီယိုအနုပညာတွေဟာ ပြည် သူနဲ့အနီးစပ်ဆုံးရင်းနှီးတဲ့အနုပညာ အမျိုးအစားဖြစ်တယ်။ ရင်းနှီး မှုရှိခြင်းကြောင့် ဂရုစိုက်ရမှုလည်း ရှိရပါမယ်၊ ရုပ်ရှင်ဟာ သုတ၊ ရသ၊ သဘာဝ၊ ပဒသာဒတို့နှင့် ဖွဲ့စည်း ဖန်တီးရတာမျိုး ဖြစ်သလို၊ ပရိသတ် အတွက် ကောင်းသော သိမှုနားလည် မှုအမှတ်တရ ပေးစွမ်းနိုင်ရပါတယ်။ ရုပ်ရှင်ကြည့်ပြီး ပညာရသွားတာ မျိုးဖြစ်စေခဲ့ရင် ပြည်သူ့အကျိုး တိုင်း ပြည်အကျိုးပြုတာပဲဖြစ်တယ်၊ ကျဉ်း ကျပ်မှုကာလမှ ပေါ်လစီသုံးပုံတစ်ပုံ ပါရမယ်ဆို တုန်းကတောင် တစ်ပုံကို ထပ်ဆင့်ခွဲ ခြမ်းပြီး တစ်စိပ်ဖြစ်စေရင် ဆင်ဆာ ကိုထိုက်တန်တဲ့လက်ဆောင် လေးနဲ့ ဖြတ်ကျော်ပြီး၊ ဈေးကွက် တင်နိုင်ခဲ့ကြသလို၊ လက်ဆောင် မပါတဲ့ ဇာတ်ကားကို လက်သီးထိုးခန်း တွေများလို့ လက်သီးထိုးခန်းလျော့ ပါလို့ မှတ်ချက်နဲ့ ဆင်ဆာက ပြန်လာ တဲ့ စာရွက်ကိုကိုင်ပြီး ကျွန်တော့်ကား မှာ လက်သီးထိုးခန်း တစ်ခန်းမှမပါ ပါဘူး။ ဇာတ်လမ်းက နုနုရွရွ အချစ်နဲ့ ဟာသဖျော်ဖြေရေးရိုက်ထား တာပါလို့ ဆင်ဆာအဖွဲ့ကို သွားပြော တော့ ဆင်ဆာက လက်သီးထိုးခန်း လျှော့ဆိုလို့လျှော့လိုက်ပါပြီလို့ ပြန် ရေးတင်လိုက်ပါလို့ ဒါရိုက်တာကြီး ဦးဝင်းဖေက သူရိုက်ကူးခဲ့တဲ့ကား တစ်ကားရဲ့ ဆင်ဆာနဲ့ဖြစ်ပုံကို စကားပြောကြရင်း သိရှိခဲ့ရဖူးတယ်။ ဒါတွေဟာ အတိတ်ရဲ့ ဖြစ်စဉ်ပါ။

“တစ်ခါတလေ ခေတ်မီပြီးဆန်း အောင် ရိုက်ချင်တာနဲ့၊ မင်းသမီးကို ရေကူးကန်မှာ ရေကူးတဲ့အခန်း ဇာတ်လမ်းဆင်ပြီး ထည့်ရိုက်တယ်။ ရေကူးကန်ဆိုတော့ ရေကူးဝတ်စုံနဲ့မှ လိုက်ဖက်တာမဟုတ်လား။ သူ့အဆင့် အတန်းနဲ့သူပေါ့ကွာ။ ခေတ်ဆန်ချင် ပေမယ့် သဘာဝကျအောင် ခေတ် ဆန်ပြတော့၊ ပြောစရာမဖြစ်ဘူးပေါ့”
အဲဒီလို ဟိုးတုန်းက ဒါရိုက်တာ ကြီး ဆရာရွှေဒုံးဘီအောင်နဲ့ အင်တာ ဗျူးစဉ် ဒါရိုက်တာရဲ့ စိတ်ကူးပုံဖော် မှုကို ပြောပြပုံသိခဲ့ရတယ်၊ အဲဒီလို ဒါရိုက်တာကြီး ဆရာဦးသုခရဲ့ အနု ပညာအယူအဆကို မင်းသမီးအကယ် ဒမီနွဲ့နွဲ့မူကို အင်တာဗျူးစဉ်က

“ကျွန်မ ငိုရမယ့်အခန်းဆိုတော့ ဒါရိုက်တာကလည်း တကယ်တိကျတဲ့ ဆရာကြီးလေ ဒီတော့၊ ကျွန်မလည်း ငိုရမယ့်အခန်းကိုခံစားပြီး တကယ်ငိုချ လိုက်ပြီး ငိုစကားပြောတော့ လုံးထွေး ပြီး မပီမသဖြစ်ကုန်ရော အဲဒီမှာ ဆရာကြီးက ‘ကဒ်’ လို့အော်ပြီး ရပ်ပစ် လိုက်တယ်။ ကျွန်မလည်း လန့်ပြီး ဆရာကြီးကိုကြည့်လိုက်တယ်။ အဲဒီ မှာ ဆရာကြီးဦးသုခက ဟဲ့ မူလေး နင့်ကို ဘယ်သူက တကယ်ငိုခိုင်းလို့ ငိုတာလဲလို့ မေးတယ်။ ကျွန်မက လည်း ငိုရမယ့်အခန်းမို့ ငိုချလိုက်တာ ပါ။ အဲဒီမှာ ဆရာကြီးက ဟဲ့ ငိုရမယ့် အခန်းကို နားလည်ခံစားမိဖို့ဘဲ လို တယ်။ တကယ်ငိုတော့ စကားလုံးတွေ က မပီမသတွေဖြစ်ကုန်ရော၊ အဲဒီ စကားလုံးတွေမှာ ဇာတ်လမ်းကို ခေါ် ယူရတာတွေရှိတယ်။ နင်သရုပ် ဆောင်မဟုတ်လား တကယ်မငိုပဲ ငို ပြနိုင်ရမယ်။ ဒါမှစကားလုံးအဓိပ္ပာယ် ပေါ်မှာပေါ့လို့ ပြောဖူးတယ်”

အဲဒီလို ဒါရိုက်တာကြီး ဆရာ ဦးသုခရဲ့ သရုပ်ဆောင်ပညာနဲ့ပြော ပြမှုကို သင်ယူရရှိခဲ့ပုံ အကယ်ဒမီ နွဲ့နွဲ့မူ ပြောပြပုံမှတ်မိခဲ့တယ်၊ ပြောရ ရင်တော့ ဟိုးတုန်းက ဒါရိုက်တာကြီး တွေက သင်ပြနိုင်တယ်။ ဒါကြောင့် ဟိုးတုန်းက မင်းသမီးကြီးတွေဟာ ချစ်ကြောက်ရိုသေဆိုတဲ့အတိုင်း ရှိ ကြသလို ပညာတွေလည်း ရခဲ့ကြ တယ်။ အဲဒီပညာတွေဟာ ပြုစားနိုင် တဲ့ ကဝေအနုပညာတွေပါ။ဒါကြောင့် ပရိသတ်မကြိုက် ကြိုက်အောင် မက် လုံးပြမြှူဆွယ်စရာမလိုဘူး။ အနု ပညာစွမ်းရည်နဲ့ ပရိသတ်ရင်ထဲ ရောက်အောင် လုပ်နိုင်ခဲ့ကြတယ်။ ဒါကြောင့်လည်း မင်းသားခေတ်ဆို တာ သီးသန့်မရှိခဲ့ဘူး။ ပရိသတ်က ဘယ်ကုမ္ပဏီကလဲ၊ ဘယ်ဒါရိုက်တာ လဲ အဲဒါကို ဂရုစိုက်ပြီး ကြည့်ကြတာ၊ ပြီးတော့ ဟိုးတုန်းက နာမည်ရစာရေး ဆရာတွေရဲ့ ဝတ္တုတွေကို ဝယ်ရိုက် ကူးတယ်။ နောက်ပိုင်း နိုင်ငံခြားကား တွေ ကူးယူမြန်မာမှုပြုတယ်။ စာရေး ဆရာတွေရဲ့ ဝတ္တုတွေကိုလည်း ဟို ကနည်းနည်း ဒီကနည်းနည်းယူပြီး ကိုယ်တိုင်ရေးသလို ဇာတ်လမ်းရေး ကြတာများတယ်။ အခုတော့ အစည်း အရုံးဥက္ကဋ္ဌ မင်းသားကြီး ဦးဇင်ဝိုင်း က နိုင်ငံခြားကားကို မှီးယူပြီး မြန်မာ မှုပြုတဲ့ကားတွေကို ဇာတ်ကားအ ကယ်ဒမီမပေးဘူး၊ သရုပ်ဆောင်တွေ ကိုတော့ သရုပ်ဆောင်အနုပညာစံမှီ ရင်ပေးမယ်လို့ ပြောသွားခဲ့ဖူးတယ်။

အဲဒါကြောင့်

သရုပ်ဆောင်အနုပညာစံနှင့် အနု ပညာသမားစစ်စစ်ဖြစ်ပါစေ၊ မြှူဆွယ် ခြင်း မက်လုံးပြ ဈေးကွက်ဖွင့်တဲ့ အရောင်းမြှင့်တင်ရေး အလုပ်မျိုးကို ကွဲပြားစွာနားလည်နိုင်ကြဖို့ ခွဲခြားသိ ကြဖို့ အနုပညာဂုဏ်သိက္ခာအတွက် ဆင်ခြင်စဉ်းစားကြပါလို့ ရုပ်ရှင်အနု ပညာလောကအတွက် တင်ပြလိုက်ရ ပါတယ်ဆိုပါတော့ ။ ။

အောင်ဟိဏ်း (ကျိုက်ထော်)


LEAVE A REPLY

Please enter your comment!
Please enter your name here