ချစ်သူနဲ့အတူ သာသနာပြု လုပ်ငန်းတွေ ဆောင်ရွက်သွားမယ့် ဘေဘီမောင်

0
959

လူဖြစ်တဲ့အခိုက်အတန့်မှာ ရေစက်ရှိလို့ ဖူးစာဆုံကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်း မေတ္တာကို ဝေမျှကြတယ်။ ချစ်သူ ရည်းစားဆိုတဲ့နေရာမှာ တစ်ဦးရဲ့အကျိုးကို တစ်ဦးက ရှေးရှု ပေးရမယ်။ ကောင်းမွန်တဲ့ဆောင်ရွက်ချက်တွေကို လမ်းပြပေးရမယ်။ ချစ်ခြင်းမေတ္တာကို ဘန်းပြ ပြီး ပေါပေါပဲပဲနဲ့ အလဟဿ အချည်းနှီးနေရာတွေမှာ မသုံးဖြုန်းသင့်ဘူး။ သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၆ လ ကျော် ၇ လအတွင်း ရောက်ရှိလာပြီလို့ သိရပါတယ်။ မိန်းကလေးတစ်ဦး ဖြစ်ပေ မယ့် ချစ်သူကို ကောင်းမွန်တဲ့ လုပ်ရပ်တွေလုပ်ဆောင်နိုင်ဖို့ လမ်းပြပေးနိုင်တဲ့အစွမ်း ဘေဘီမောင့်မှာရှိတယ်။ သူ့ရဲ့ ဆန္ဒက …. ”ဘေဘီက ချစ်သူထားကတည်းက ဘယ်လို လူမျိုးမဆိုပေါ့။ ကိုယ့်ကို တကယ်ချစ်တယ်။ သစ္စာရှိတယ်ဆိုလို့ရှိရင် သာသနာ ပြုချင်တဲ့စိတ်လေးရှိတယ်။ အဲဒီတော့ သူနဲ့အတူတူ လှူတယ်၊ တန်းတယ်။ ပရဟိတလေးတွေလည်း လိုက်လုပ်ဖြစ်တယ်။ သီချင်းဆို တာကအစပေါ့။ တချို့နေရာ တွေမှာ ပရဟိတလေးတွေလုပ်လို့ရှိရင် ငွေရေးကြေးရေးမယူဘဲနဲ့ သူ့ရဲ့အသံလေးနဲ့ လှူဒါန်းတယ်။ ကိုယ့်ရဲ့အလှအပ ပုံပန်းသဏ္ဍာန်လေးတွေပေါ့။ အသံတော့ မကောင်းပါဘူး။ အဲဒီလိုလေးတွေအတူတူ ပရဟိတ လုပ်တာရှိတယ်။ ဘာသာရေးအရ ဗုဒ္ဓဘာသာဝင်တိုင်း လုပ်သင့်တဲ့အရာပေါ့။ ပြီးတော့ ညီမတို့ကျတော့ အသက်ကငယ်သွားတာမဟုတ်ဘူး။ ကြီးလာတာဖြစ်တဲ့အတွက် အသိတရားများဖို့လို တယ်ပေါ့။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဘာသာ ရေးလုပ်လိုက်ခြင်းအားဖြင့် စိတ်ကိုတည်ငြိမ်လာတယ်။ ကောင်းတာနဲ့ဆိုးတာခွဲခြားတတ်လာတယ်။ ပြီးတော့ ကိုယ်အသက်အ ရွယ်ရတဲ့အချိန်မှာ ဘယ်လိုနေရမယ်။ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ တရား သဘောလေးတွေရပြီး ကိုယ့်ဘာသာကိုယ်သင်သွားတာလေးတွေရှိတယ်။ အဲဒါကြောင့် မို့လို့ပါ”လို့ ဘေဘီမောင်ကပြောပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here