စောဖိုးခွားရဲ့နောက် မြန်မာပြည် Raggae ဂီတမှာ ဘယ်သူနေရာယူမလဲ

0
356

Raggae Music ဆိုတာကတော့ သိကြတဲ့အတိုင်း ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးအပေါ်အခြေခံထားတာဖြစ်တယ်။ မြန်မာပြည် Raggae အဆို တော်ကြီး စောဖိုးခွားက သူ့နောက်မျိုးဆက်အတွက် မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

”ဆိုလိုချင်တာက ကျွန်တော်က ဂီတလုပ်တာထက် ဂီတကို အသုံးပြုပြီး တော့မှ ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်ကနေ၊ ဒါမှမဟုတ် ကြီးကြီးကျယ်ကျယ် ပြောရရင် ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးအတွက်၊ ဒီ့ထက်ကြီးကြီးကျယ်ကျယ် ထပ်ပြောရရင် ကမ္ဘာကြီးအတွက်ပေါ့နော်။ ငြိမ်းချမ်ရေးအတွက်ကို Message ကိုပေးနိုင်တဲ့ မျိုးဆက်သစ်တွေကို ကျွန်တော်မျှော်လင့်ထားပါတယ်” လို့ စောဖိုးခွားကဆိုပါတယ်။

နောက်မျိုးဆက်ကို မြင်နေရပါပြီလို့ ဆက်လက်ပြော ပြတဲ့ စောဖိုးခွားက ”အခုထက်ထိတော့ ကျွန်တော်မြင်ရသလောက်အရာမှာ လက်ညှိုးထိုးပြလို့မရသေးပေမယ့် အဲဒီမျိုးစေ့လေးတွေက ပြောရမယ်ဆိုရင် သစ်ရွက်လေးတွေဖုံးနေလို့ဖြစ်မယ်။ သူတို့ရှိနေပြီဆိုတာကို ကျွန်တော်သိတယ်။ ဒီမျိုးဆက်သစ်တွေက ရှိကို ရှိရမယ်။ မွေးကို မွေးလာရမယ်။ ဒါပေမယ့် အဲဒီအတွက် ကလည်း ကျွန်တော်တစ်ယောက်တည်းနဲ့ က မရဘူး” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here