ဟောလိဝုဒ်ရဲ့ သရုပ် ဆောင်ကြေး အမြင့်ဆုံး မင်းသမီး ဂျနီဖာလော့ရင့်စ် သူ့ချစ်သူနဲ့ စေ့စပ် ကြောင်းလမ်း

0
319

အသက် ၂၈ နှစ်အရွယ် The Hunger Games မင်းသမီး ဂျနီဖာလော့ရင့်စ်က သူ့ချစ်သူကွတ်ခ်မရော် နီနဲ့ စေ့စပ်ကြောင်းလမ်းလိုက်တဲ့အကြောင်း ဖေဖော် ဝါရီလ ၈ ရက်နေ့ သတင်းများ ထွက်ပေါ်လာခဲ့ပါ တယ်။ ဒီသတင်းကို မင်းသမီးရဲ့ ကိုယ်စားလှယ်ဖြစ်သူက တရားဝင် ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်တယ်လို့ ဘီဘီစီသတင်းများမှာ ဖော်ပြထားတာပါ။ ပန်းချီပြခန်းတွေ၊ အနုပညာပြပွဲတွေ စီစဉ် ကျင်း ပတဲ့အလုပ်ကို လုပ်ကိုင်သူ ကွတ်ခ်မရော်နီဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာ ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

နယူးရောခ်မြို့မှာ ညအလည်ထွက်လာတဲ့ ဂျနီဖာလော့ရင့်စ်ကို စေ့စပ်လက်စွပ်နဲ့အတူ တွေ့ခဲ့ကြရသူ တွေက ဓာတ်ပုံတွေ အွန်လိုင်းပေါ်မှာ တင်ထားကြပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ကတည်းက တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြတာလို့ မင်းသမီးရဲ့ အခင်ဆုံးသူငယ်ချင်း ဖြစ်တဲ့ လော်ရာဆင်မ်ဆန်က ပြောပါတယ်။

ဂျနီဖာလော့ရင့်စ်ဟာ လက်ရှိ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေး အမြင့်ဆုံးရနေတဲ့သူဖြစ်ပြီး အော် စကာဆုကြီးနဲ့ ရွှေကမ္ဘာလုံးဆုတွေအပြင် ရုပ်ရှင်ထူးချွန် ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံထားရသူလည်းဖြစ်ပါတယ်။

Ref : BBC


LEAVE A REPLY

Please enter your comment!
Please enter your name here