Hot အောင်လုပ်ပြီး ပရိသတ်ရဲ့ Attention ယူရမယ့်အရွယ်မဟုတ်တော့ပါဘူး အေးမြတ်သူ

0
586

ခေတ်မီဆန်းသစ်တဲ့ ဖက်ရှင် တစ်ခုနဲ့ ဇာတ်ရုပ်မျိုးစုံကိုလည်း ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူကတော့ သရုပ်ဆောင် အေးမြတ်သူပါ။ သူကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း တက်ရောက်ဖြစ်နေပါတယ်။ ပရိသတ်တွေစိတ်ဝင်စားမူ ရှိနေတဲ့ သူ့ရဲ့ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

”ဖက်ရှင်နဲ့ပတ်သက်ရင် အေးမြတ်သူက ဥပမာ – ရိုက်ရမယ့်ဇာတ်ကား၊ သွားရမယ့်ပွဲ၊ ကိုယ်ရှိနေရမယ့် နေရာဒေသအချိန်အခါတွေနဲ့ လိုက်ဖက်မှုရှိအောင်လို့တော့ အမြဲတမ်း စဉ်းစားပြီး ဝတ်ဆင်ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အေးမြတ်သူ တကူးတကကြီး လန်းတာတွေ၊ Hot တာတွေဝတ်ဖို့ အစီအစဉ်မရှိပါဘူး။ အမြဲတမ်းကြီးတော့ အေးမြတ်သှူနထပ မကျချင်တော့ဘူး။ ဘာလို့လဲဆိုတော့ အသက်ကြီးလာပြီလေ။ Hot မှ နာမည်ကြီး ရမယ့်ထဲမှာ အေးမြတ်သူ မပါတော့ဘူး။ Hot အောင်လုပ်ပြီးမှ ပရိသတ်ရဲ့ Attention ယူရမယ့်အရွယ်လည်း မဟုတ်တော့ဘူး။ ကိုယ်လုပ်နေတဲ့ သရုပ်ဆောင်အလုပ်ကို အကောင်း ဆုံးဖြစ်အောင် ကြိုးစားရင်းနဲ့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတရားကို ယူမှဘဲ အဆင်ပြေမယ်။ အေးမြတ်သူကတော့ ကိုယ့်ကို အသက်ကြီးငယ်မရွေး ကျားမမရွေး အားလုံးချစ်စေ ချင်တယ်။ အဲ့တော့ ကိုယ့်ရဲ့နေထိုင် မှုကို ဆင်ခြင်သင့်သလောက် ဆင်ခြင်ရမယ်”လို့ ပြောပြခဲ့ပါတယ်။

တချို့ပရိသတ်တွေကလည်း အိမ်ထောင်ပြုစေ ချင်ပြီဆို တော့ အိမ်ထောင်ပြုဖြစ်တော့မလားလို့လည်း ဆက်လက် မေးမြန်းခဲ့ရာ …

”အေးမြတ်သူကို တချို့ပရိသတ်တွေဆိုရင် အိမ်ထောင်ကျစေချင်ကြပြီ။ အိမ်ထောင်ပြု ဖြစ်မယ်ဆိုရင် တော့ ၃၅ နှစ်ကျော်လောက် ကြိုးစားပါ့မယ်။ အိမ်ထောင် ပြုဖို့စိတ်ကူးက အသက် ၂၃ နှစ်ကတည်းက ရှိတယ်။ ခုချိန်ထိ မရသေးတာ မတတ်နိုင်ဘူး (ရယ်လျက်)။ အိမ် ထောင်ပြုဖြစ်ခဲ့လို့ ရှိရင်လည်း ကိုယ့်ကိုယ်ကိုယ် အိမ် ထောင်မှု ထိန်းသိမ်းနိုင်မယ့်လို့အာမမခံဘူး။ အေးမြတ် သူ ကိုယ့်ကိုယ်ကိုယ် တော်ပါတယ်လို့လည်း မပြောချင် ဘူး။ အကောင်းဆုံးတွေတော့ ဖြစ်ချင်တာပေါ့။ အေးမြတ်သူ ထမင်းဟင်းလည်း ချက်တတ်ပါတယ်။ ငယ်ငယ်လေးကတည်းကလည်း ချက်တယ်။ ဒါပေမယ့် အဲ့လိုမျိုးကြီး ကတိပေးပြီးတော့ မဖြစ်လာမှာကိုလည်း စိတ်ပူရတယ်” လို့လည်း သရုပ် ဆောင်အေးမြတ်သူက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here