လူငယ် နဲ့ သတင်းအချက်အလက်

0
332

မြန်ဆန်စွာပြောင်းလဲနေတဲ့ ခေတ်ရဲ့ရေစီးကြောင်းထဲမှာ လူငယ်တွေအတွက် သတင်းအချက်အလက်က မရှိမဖြစ်ဆိုတဲ့ကဏ္ဍကို ရောက်လာပါတယ်။ သတင်းအချက်အလက်တွေကို မြန်မြန်သိနိုင်တဲ့သူက ဦးဆောင် နိုင်သူဖြစ်လာတဲ့ အခြေအနေမှာ လူငယ်တွေ သူတို့သိချင်တဲ့ သတင်းအချက်အလက်တွေကို ဘယ်ကယူနေသလဲ၊ ဘယ်လိုရှာဖွေကြလဲ၊ သတင်းအချက်အလက်တွေကို လူငယ်တွေ လိုအပ်နေတယ်လို့ထင်သလားဆိုတဲ့ မေးခွန်း တွေကို စုစည်းပြီး လူငယ်နဲ့ သတင်း အချက်အလက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီတစ်ပတ်ဖော်ပြလိုက်ရပါတယ်။

မစန္ဒာ
နေ့စဉ်ထုတ်သတင်းစာတွေကို နေ့တိုင်းမဖတ်ဖြစ်ပေမယ့် social media ကိုတော့ သုံးဖြစ်ပါတယ် update သတင်းတွေကတော့ Facebook ကနေမှ စပြီးတော့ သိရတာပါ နေ့စဉ်ထုတ်သတင်းစာကို တော့ တစ်ပတ်မှ ၂ ခါ ၃ ခါလောက် ပဲ ဖတ်ဖြစ်တယ်။ Facebook က သိရ တဲ့သတင်းအစအနတွေကို သေချာ သိချင်တဲ့အခါ သတင်းစာ တွေမှာ ရှာ ကြည့်ဖြစ်တာ များပါတယ်။ (၂) သတင်းအချက် အလက် တွေက အရေးကြီးပါတယ် အားလုံး တော့မဟုတ်ပေမယ့် အများစုက တော့ ကိုယ်နဲ့ သက်ဆိုင်တဲ့အကြောင်း အရာတွေဖြစ်တာကြောင့် အရေး ကြီးတယ် ထင်ပါတယ်။ ဥပမာ YBS ကားတွေ card စနစ်ပြောင်းတာမျိုးပေါ့။ အဲဒါဆိုရင် ဘယ်နေရာမှာ ကတ်တွေလုပ်ရမလဲ ပိုက်ဆံ ဘယ်လိုဖြည့်ရမလဲဆိုတာတွေကို သိထားဖို့ လိုအပ်တယ်လေ။ အဲဒါ ကြောင့်ပါ။ (၃) အထူးသဖြင့် ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တာ သွယ်ဝိုက် သက်ဆိုင်တာမျိုးရှိတဲ့ သတင်းတွေ ပိုစိတ်ဝင်စားပါတယ်။

(၅) ဖေ့စ်ဘုတ်ခ်မှာ ရှိတဲ့ တချို့သတင်း Page တွေက တင်တဲ့ သတင်းတွေက အဟောင်း တွေ ပြန်တင်တာမျိုး တစ်ခါတစ်လေ တခြားသတင်းဌာနတွေကနေ ပြန် ကူးပြီးတင်ထားတာတွေ တွေ့ရတတ် တော့ သိပ်မယုံဘူးပေါ့လေ။ သတင်း စာဂျာနယ်မှာပါတဲ့ သတင်းတွေ အပေါ်ကိုတော့ ပိုပြီးယုံကြည်မှုရှိ တယ်။ သတင်းဌာနချင်းအတူတူဆို ရင်တောင် Print လုပ်ထားတဲ့ စာ စောင်မှာပါတဲ့ သတင်းကို ပိုယုံကြည် မှုရှိတယ်လို့ ခံစားရပါတယ်။

ကိုထက်ဝေယံ (IT ပညာရှင်)
ဟုတ် ကဲ့ နေစဉ်ထုတ် သတင်း စာတွေကိုလည်း ဖတ် ဖြစ် ပါတယ် ဗျ။သတင်းအချက်အလက်က ကိုယ့် အတွက် အရေးကြီးတယ်လို့ ထင်ပါ တယ်။ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးမှာ နေ့စဉ် ဖြစ်ပျက်နေတာတွေကို သိမို့လိုအပ်တယ်လေ။

ဘယ်လိုသတင်းတွေ အချက်အလက်တွေ စိတ်ဝင်စားလဲဆိုရင် သတင်းနဲ့ ပတ်သက်တာ အစုံပါပဲ။ စီး ပွားရေး လူမှုရေး လူမှုရေး, နည်းပညာစသဖြင့် အကုန်လုံးက စိတ်ဝင်စားပါတယ်။ သတင်းတွေကို သတင်း စာဖတ်ရာကသိတာလား ဖေ့စ်ဘုတ်ခ်က သိတာလားဆိုရင် အများစုက ဖေ့စ်ဘုတ်ခ်က များပါတယ် သိတာ အချိန်ပြည့်လိုင်းကနေ သိနိုင်တာက ပိုများနေပါတယ်။ သတင်းတွေကို အမှားအမှန် ဘယ်လိုခွဲခြားမလဲဆိုရင် ကျွန်တော်တို့က internet သုံးတာကြာလာပြီဆိုတော့ fake နဲ့ real ကို ကောင်း ကောင်းခွဲနိုင် ပါ တယ် လို့ ထင်ပါတယ်။

မမျိုးပပ (Executive Supervisor)
အလုပ်တစ်ဖက်မို့ သတင်းစာ တွေ မဖတ်ဖြစ်တာပါ။ အိမ်မှာတော့ နေ့စဉ်ယူပါတယ်။ သတင်းတွေကို ရုပ်သံကပဲ ဖတ်ဖြစ်ပါတယ်။ ကိုယ် လိုတဲ့ သတင်းအချက်အလက်ကိုတော့ FB ကပဲဖြစ်ဖြစ် Google ကပဲဖြစ်ဖြစ် ရှာဖြစ်ပါတယ်။ သတင်းအချက် အလက် တွေကတော့ ကိုယ့်အတွက် အရေးကြီးပါတယ်။ Weather သတင်းတွေ အပါအဝင်ပေါ့။ ကိုယ် ခရီးသွားမယ်ဆို သိထားသင့်လို့ပါ။ ဒေါ်လာဈေး ရွှေဈေးတွေလည်း အမြဲစောင့်ကြည့် ဖြစ်ပါတယ်။ facebook က သတင်းတွေကိုတော့ သိပ်မယုံပါဘူး။ post တိုင်းကို မကြည့်တာပါ။ ပြည်တွင်းသတင်းမှာ တရားဝင်ကြေညာမှပဲ အမှန်လို့ထင်ပါတယ်။

မောင်ဖြိုးမင်းကို (စက်မှုအင်ဂျင်နီယာ ကျောင်းသား)
အခုလက်ရှိ မိုဘိုင်းဖုန်းတွေ လူတိုင်းနီးပါး ကိုင်လာနိုင်တဲ့အတွက် ကြောင့်မို့လို့ သတင်းအချက်အလက် တွေ Facebook, Twitter တို့လိုမျိုး Social Media ကနေ အချိန်နဲ့ တပြေးညီ အလွယ်တကူနဲ့ လျင်လျင် မြန်မြန်သိရှိနိုင်တဲ့အတွက်ကြောင့် အသုံးများလာပေမယ့် တချို့သော တိကျသေချာတဲ့ သတင်းအချက်အ လက်တွေ ရှာဖွေတာတွေနဲ့ အစိုးရ ဝန်ကြီးဌာနပိုင်းဆိုင်ရာ ကြေညာ ချက်တွေအတွက်ကို သတင်းစာတွေ ကနေပဲ ကျွန်တော်လူငယ်တွေအနေ နဲ့ ရှာဖွေဖတ်ကြည့်နေတုန်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကိုယ့်ရဲ့အိမ်မှာ ယူထားတဲ့ သတင်းစာတွေလောက် တော့ လူငယ်တွေ ဖတ်ရှုနေကြတုန်းပဲ လို့ ထင်မိပါတယ်။

သတင်းအချက်အလက်တွေရဲ့ အခန်းကဏ္ဍက လူတစ်ဦးတစ် ယောက်ချင်းစီအတွက်ကိုလည်း အ ရေးပါလှပါတယ်။ ကျွန်တော်ကတော့ သတင်းအချက် ဆိုရင် ပြည်တွင်းရော ပြည်ပပါ ဖတ်ရှုလေ့ရှိပါတယ်။ အဲဒီ အထဲကမှ နည်းပညာပိုင်းဆိုင်ရာ စမ်းသစ်တီထွင်မှုတွေနဲ့ လေ့လာ တွေ့ရှိမှုအသစ်တွေ Technical Product အသစ်တွေရဲ့အကြောင်း တွေကို စိတ်အဝင်စားဆုံးပဲ ဖြစ်ပါတယ်။

ကျွန်တော့်အတွက်ကတော့ ပြည်တွင်းသတင်း တော်တော်များ များကို Facebook ကနေရပြီးတော့ အခြားသော နိုင်ငံတကာ သတင်း အချက်တွေကိုတော့ သတင်းစာနဲ့ အခြားသော Social Media တွေ ဖြစ်တဲ့ Twitter နဲ့ LinkIn က ရတာများပါတယ်။

အဓိကတော့ ကျွန်တော်သတင်း တစ်ခုဖတ်လိုက်ရတဲ့ သိပ်ပြီးတော့ အလွယ်တကူယုံလို့မရတဲ့အခါမှာဆိုရင် အဲဒီသတင်းရဲ့ မူလဇစ်မြစ်ကို တစ်ချက်လေ့လာကြည့်ပြီးတော့ သေ ချာနိုင်သလား။

အကယ်၍ မသေချာဘူးဆိုရင် တခြားသော လူအများလက်ခံတဲ့ ဒါမှမဟုတ်လည်း ကိုယ်ယုံကြည်တဲ့ သတင်းဌာနရဲ့ ထုတ်ပြန် ချက်တွေနဲ့ အတူ နှိုင်းယှဉ်ပြီး သုံးသပ်လေ့ရှိပါ တယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here