ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်လို့ စိုးရိမ်ရေမှတ် ရောက်နေပြီဆိုတဲ့မြို့ရွှေမန်းသား ဖိုးချစ်

0
169

မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်လို့ စိုးရိမ်ရေမှတ်ကို ရောက် နေပြီလို့ မြို့ရွှေမန်းသား ဖိုးချစ်က ပြောလာပါတယ်။ ဒါဟာသိပ်ကိုအရေး ကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီး သိပ်ကိုစိုးရိမ်နေရပြီလို့ သူက ပြောပါတယ်။

”လက်နဲ့ဆုပ်ကိုင်ပြီး ပြလို့မရတဲ့ အခါကျတော့ မကြောက်ကြဘူး။ စိုးရိမ်ရ ပါတယ်။ ဘာတွေစိုးရိမ်ရလဲဆိုတော့ စိုးရိမ်ရတာတွေကအများကြီးပါ။ ကျွန်တော်တို့တွေအနေနဲ့ မပြင်ဆင်လို့ မရတော့ဘူး။ ကျွန်တော်တစ်ခု ထုတ် ပြောမယ်။ ကိုယ့် နိုင်ငံကပိုင်တဲ့ ရိုးရာယဉ်ကျေးမှုတွေ တစ်ခြားနိုင်ငံကိုပါနေပြီ။ မဖြစ်သင့်ဘူး။ ပြည်သူမှာလည်းတာဝန်ရှိတယ်။ အစိုးရမှာလည်းတာဝန်ရှိ တယ်။ အနုပညာသမားတွေ အားလုံးမှာလည်း တာဝန်ရှိတယ်။ သနပ်ခါး အခြေအနေမကောင်းတော့ဘူး။ လက်ဖက်၊ မြန်မာ့ဆိုင်း ဒီအတိုင်းကြည့်နေပြီး ငါတို့နဲ့မဆိုင်ဘူးဆိုပြီး နေလို့မရဘူး။ ဒါကျွန်တော်တို့ပိုင်တဲ့အရာတွေလေ။ တခြားနိုင်ငံတွေ ဗြောင်ပြောရရင်ခိုးတယ်။ ဒါပေမဲ့ သူတို့က အားကောင်း တယ်။ သတိထားပြီး အကုန်လုံး လက်တွဲညီမှရတော့မယ်။ ဒါဟာ မြန်မာ ပိုင်တဲ့ပစ္စည်းပါ၊ မြန်မာပိုင်ဆိုတာကို ကမ္ဘာကသိအောင် လုပ်မှရမယ်” လို့သူစိုးရိမ်နေရတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ ဖိုးချစ်ကပြောပါတယ်။

မူပိုင်ခွင့်နဲ့ပတ်သက်လို့ နိုင်ငံတော်အနေနဲ့ အများကြီးလုပ်ဆောင် ပေးရမှာဖြစ်ပြီး သူ့အနေနဲ့ကတော့ အခုအချိန်ကစပြီးပူဆာတော့မှာဖြစ်ကာ ဒါကလည်း သူ့အတွက်မဟုတ်ဘဲ ယဉ်ကျေးမှုအတွက်ပဲဖြစ်ကြောင်း မြို့ရွှေမန်း သားဖိုးချစ်ကပြောလာပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here