၂ဝ၁၈ ခုနှစ်ကို သုံးသပ်လိုက်တဲ့အခါ ကိုယ့်အတွက် ဘာတွေကျန်ခဲ့လဲ နီနီခင်ဇော်

0
403

ဘာပဲပြောပြောနှစ်တစ်နှစ်ကတော့ ကုန်ဆုံးသွားပြီ။ ၂ဝ၁၉ ခုနှစ်မှာ ဘာတွေဖြစ်လာမလဲ။ ဘာတွေလုပ်ဆောင်ရဦးမှာလဲ။ သေချာတာကတော့ ကုန်လွယ်လှတဲ့အချိန်ဆိုတာကို စနစ်တကျအသုံးချတတ်ဖို့ပါပဲလို့ အဆိုတော် မလေး နီနီခင်ဇော်က ပြောပါတယ်။

”၂ဝ၁၈ ခုနှစ်ကုန်သွားတဲ့အခါမှာ နီနီသီချင်းတွေပိုပြီးတော့ လုပ်လာနိုင်တယ်လို့ထင်တယ်။ ၂ဝ၁၉ ခုနှစ်မှာ ဒီ့ထက်ပိုကောင်းအောင် လုပ်ရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နီနီတို့ဆိုရင် တဖြည်းဖြည်းအသက်တွေပိုကြီးလာတယ်။ အချိန်က သိပ်မကျန်တော့ဘူးလေ။ တဖြည်းဖြည်းနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့ အချိန်က ပိုတန်ဖိုးရှိလာတယ်။ စိန်တွေ၊ ကျောက်တွေထက်တောင် ပိုတန်ဖိုးရှိလာတယ်။ ဒီလို အချိန်မျိုးတွေမှာ ကိုယ့်ရဲ့အချိန်တွေကို စနစ်တကျ သုံးနိုင်ဖို့အတွက် လူငယ်တစ်ယောက်အနေနဲ့ ပြင်ဆင်တယ်။ ကြိုးစားတယ်။ ကိုယ်ရတဲ့အချိန်လေးမှာ အလုပ်တွေဘယ်လိုလုပ်မလဲ။ အနုပညာကိုဘယ်လို လုပ်မလဲ။ စီးပွားရေးအလုပ်လေးတွေဆိုရင်လည်း ဘယ်လိုအချိန်ပေးပြီး ကြိုးစားမလဲဆိုတာကို ပိုပြီးလုပ်ဖြစ်တော့တယ်။ ဂိမ်းတွေဘာတွေဆိုရင် မဆော့ ဖြစ်တော့ဘူး။ အရင်ကတည်းက မဆော့ တာပါ။ ဒါပေမဲ့ အရင်ကမဆော့တာ ထက်တောာင် ပိုပြီးမဆော့ဖြစ် တော့ဘူး။ လုံးဝမဆော့ဖြစ်တော့ဘူး” လို့ နီနီခင်ဇော်က ပြောပါတယ်။

၂ဝ၁၉ အစပိုင်းနှစ်တင်ပဲ နီနီ့ အနေနဲ့ The Voice Myanmar မှာ အကဲဖြတ်ဒိုင်အဖြစ် လုပ် ဆောင်သွားမှာဖြစ်သလို စီးပွား ရေးပိုင်းမှာဆိုရင်လည်း သူ့ရဲ့ Super Red Cosmetics က အခု ၂ လပိုင်းမှာ နောက်ထပ် Series တစ်ခုထွက်စရာရှိပါတယ်။ ဒီတစ်ခါ တော့ အရောင်အ သွေး စုံလင်တဲ့ အရောင် ကာလာ အများကြီး ထွက်စရာရှိ ပါတယ်။ ပရိသတ်ကို ထပ်ပြီးလည်း ပြောပြပါမယ်” လို့ နီနီခင်ဇော်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here