Tuesday, May 5, 2026

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...
HomeArticlesအိမ်လေးတစ်စင်းပြေးနေတယ်...

အိမ်လေးတစ်စင်းပြေးနေတယ်…

ဒီနေ့ကစပြီး နောက်လပိုင်းအနည်းငယ်ဆိုရင် ကျွန်တော့်အသက် ၇၅ နှစ်ပြည့်တော့မယ်။ လူ့သက်တမ်း မှာ အနှစ် ၇ဝ ကျော်ရင် သက်တမ်း ရင့်ပြီး အသက်ရှည်တယ်လို့ ပြောကြ မြဲ။

ကျွန်တော်က မွေးနေ့တစ်ခု ရောက်တိုင်း အခြားသူတွေက ကောင်းမှုကုသိုလ်တွေ လုပ်ကြသလို ကျွန်တော် ကောင်းမှုကုသိုလ်မလုပ် ဖြစ်၊ မလုပ်နိုင်ခဲ့ပေမယ့် အများအား ဖြင့်တော့ ကျွန်တော်ဟာ အခုဆို မွေးနေ့မှာ ‘အကုသိုလ်’အလုပ် မလုပ်ဖြစ်အောင် အမြဲထိန်းသိမ်းခဲ့ ပါတယ်။ ဒီတစ်နေ့အဖို့ အကုသိုလ် အလုပ် ကြိုးစားရှောင်တာဟာ ကျွန် တော်ကောင်းမှုအလုပ်ပါပဲ။ အဲဒီအ တွေးမျိုး တွေးမိတဲ့အချိန်ကစပြီး မွေးနေ့ရောက်တိုင်း အကုသိုလ် ရှောင်တဲ့အလုပ်ကိုသာ ကျွန်တော် ရွေးချယ်ပါတယ်။

ကျွန်တော်နားလည်ခံစားထား သလို ပြောပါမည်။ ကျွန်တော့်ရဲ့ အကုသိုလ်ရှောင်တဲ့နည်းကတော့ အခြားမဟုတ်။ စိတ်ကိုဖြူအောင် လျှော်ဖွတ်တဲ့ နည်းပါပဲ။ ကျွန်တော့် မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ စိတ်ကို လျှော်ဖွတ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းရောက်တဲ့အခါတိုင်း ဥပမာ အသက် ၆ဝ၊ ၆၅၊ ၇ဝ နှစ် စသဖြင့် နှစ်စဉ်နီးပါး လျှော်ဖွတ်ခဲ့ တာချည်းဖြစ်ပါတယ်။

ကျွန်တော်တွေးတာက ကလေး ဘဝက ဖြူစင်တယ်။ အဲဒါထက်ပိုပြီး အဖော်မဲ့ကလေးငယ်တစ်ယောက် ကစားနေတာက ပိုပြီး အဖြူစင်ဆုံးလို့ ကျွန်တော်နားလည်ထားတယ်။ ဒီလို တွေးမိတာကလည်း ကျွန်တော်ကိုယ် တိုင် ကလေးသူငယ်ဘဝက အဖော်မဲ့ လွန်းတာကြောင့် ဒီလိုတွေးမိခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကျွန်တော်ဖြတ် သန်းခဲ့တဲ့ မွေးနေ့တွေမှာ မွေးနေ့ ရောက်တိုင်း ကျွန်တော် ကလေးဘဝ က ကစားခဲ့ပုံတွေ ပြန်ပြန်စဉ်းစား လာခဲ့တာ အခု အသက် ၇၅ နှစ် ပြည့်ဆိုတော့ ကျွန်တော်ငယ်ငယ်က ကစားခဲ့တာတွေလည်း အတော်များ ရှာပြီပေါ့။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဖေ ဖန်ကြယ်သီး လုပ် ငန်းလုပ်တယ်။ ဖန်ကြယ်သီးလုပ်ငန်း ဆိုတာ ခုခေတ်မှာ မရှိတော့ပါဘူး။ မိန်းမအင်္ကျီတွေမှာ အလှဆင်တဲ့ ကြယ်သီးပါ။ အဲဒီတုန်းက နှိပ်သီးဆို တာ မပေါ်သေးဘူးထင်ပါတယ်။ ဖန်ကိုအရည်ကျိုပြီး ပုံလောင်းပါ တယ်။ ဖန်ကြယ်သီးမှာ ကြေးကွင်း လေးတွေ တပ်ပေးရပါတယ်။ မိန်း မအင်္ကျီတစ်ထည်ဆိုရင် ကြယ်သီး ၄၊ ၅၊ ၆ လုံးတပ်ရတယ်။

ပြီးတော့ ဖန်ကြယ်သီးတွေကို ဘုရားကြီးမြောက်စောင်းတန်းက အလှကုန်ရောင်းတဲ့ဆိုင်တွေမှာ တင် တယ်။ ဖန်ကြယ်သီးလေးတွေက မှန် ဘီဒိုထဲမှာ မီးရောင်တဖျပ်ဖျပ်ဆို အလွန်တောက်ပကြတယ်။ အိမ်မှာက ဖားဖိုလည်းရှိတယ်။ ကုန် ကြမ်းတွေဖြစ်တဲ့ ဖန်တိုဖန်စတွေ လည်း အလွန်ပေါတယ်။ အဲ ဖန် ကြယ်သီးတွေ ခေတ်မရှိတော့တဲ့အ ချိန်ကျတော့ အဖေ့လုပ်ငန်းသုံး ပစ္စည်းတွေက ကျွန်တော့်အတွက် ကစားစရာတွေ ဖြစ်ကုန်တော့တာ ပေါ့။ ဖန်စရောင်စုံကလေးတွေ ကျွန် တော့်ရဲ့ ငှက်ရောင်စုံတွေ ဖြစ်ကုန် ရော။ ပြီးတော့ ကျွန်တော့်အိမ်ခြံ ဝင်းအတွင်းမှာ အဖေစိုက်တဲ့ သစ် ပင်ပန်းပင်ဟူသမျှလည်း ကျွန်တော့် ကစားစရာ ဖြစ်ခဲ့တာပဲ။ ပြောခဲ့တဲ့ အတိုင်း မွေးနေ့တိုင်း မွေးနေ့တိုင်း ကစားခဲ့တာဆိုတော့ အသက် ၇၅ နှစ်မှာ ဘာကစားရမှန်းမသိ ခက်နေ တယ်။ စဉ်းစားပြီး ကစားခဲ့တာတွေ လည်း စုံလှပြီ။
ဒီလိုနဲ့ ကလေးဘဝက ကစားခဲ့ တာတွေ တွေးလို့မရဘူး ဖြစ်နေချိန် မှာပဲ ကံကောင်းချင်တော့ ဦးမောင် ကြီးမြင်းလှည်းကို ကျွန်တော်သတိရမိ တယ်။

ဦးမောင်ကြီးမြင်းလှည်းဆိုတာ ကျွန်တော့်အဖေ အငှားမောင်းတဲ့ မြင်းလှည်းပါ။ ဦးမောင်ကြီးဆိုတာ မြင်းလှည်းပန်းပဲဆရာကြီးပါ။ သူက မြင်းလှည်းတွေကိုယ်တိုင်လုပ်ပြီး လှည်းမြင်းငှားစားပါတယ်။ မြင်းက တော့ကိုယ်မြင်းကိုယ်ပေါ့။ အဖေက မြင်းနှစ်ကောင်ရှိတယ်။ မြင်းလှည်း မရှိဘူး။ ညနေမြင်းလှည်းသိမ်းချိန်၊ လှည်းကို ပန်းပဲဖိုမှာထားခဲ့ပြီး မြင်း ချည်းဆွဲ ပြန်လာရတယ်။ မြင်းလှည်း အိမ်မပေးဘူး။ ဒါပေမဲ့ ရှေးလူတွေက ကတိသစ္စာ ရှိကြတယ်။ ကျွန်တော့် အဖေဆို ဦးမောင်ကြီးလှည်း သုံးလ လောက်မောင်းအပြီး ဦးမောင်ကြီးက အဖေ့ကို မြင်းလှည်းအပိုင်ပေးလိုက် တယ်။ တစ်ခါတည်း ၄၊ ၅ လငှားပြီး ရင် ငှားသူကို ပေးလိုက်တာမျိုးပါပဲ။ သဘောကတော့ သူ့ဘာသာ ‘မြင်း လှည်းလုပ်ရောင်း’ တဲ့သဘောမျိုး လုပ်ပါတယ်။ ကုသိုလ်ကြီးမားတဲ့ သမ္မာအာဇီဝပေါ့။

ခါတိုင်း မြင်းဆွဲပြန်လာတဲ့အဖေ မြင်းရထားနဲ့အတူ အိမ်ပြန်လာတော့ ကျွန်တော်အရမ်းပျော်သွားတယ်။ မိသားစုတစ်စုလုံးကို ပျော်ရွှင်သွား ကြတာ။ အဖေနဲ့အမေက ဦးမောင် ကြီး ကျန်းမာသက်ရှည်ဖို့ ဆုတောင်း ရင်း ပျော်ကြတယ်။

ကျွန်တော်က ‘ကစားစရာမြင်း လှည်းလေး’ရတယ်။

ကိုငြိမ်း (မန္တလေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071