Mr &Miss Christmas 2018 LGBT ပြိုင်ပွဲအကြောင်း

0
238

LGBT များအတွက် ထောက်ပံ့ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် Mr &Miss Christmas 2018 LGBT ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်တွင် မန္တလေးမြို့၊ ရိုင်ရယ်မင်္ဂလာဟိုတယ်တွင် ပြုလုပ်ကျင်းပမည်ဖြစ်သည်။

”LGBT အတွက်သီးသန့် လုပ်တဲ့ပွဲဆိုတာ ရှားပါတယ်။ ကျွန်တော်တို့ က LGBT တွေ ကို Support လုပ်တဲ့အနေနဲ့ ဒီပွဲကို စီစဉ်ဖြစ်တာပါ။ ဒိုင်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး ၊ ခိုင်နှင်းဝေ၊ ဒီဇိုင်နာ မျိုးမင်းစိုး ၊ မမေနွယ်ထွန်း၊ ကိုအောင်ဇော်ထွန်းတို့ကို ဖိတ်ထားပါတယ်။ ပွဲမှလက်မှတ် ရောင်းရငွေများကိုလည်း ပရဟိတလုပ်ငန်းများမှာ လှူဒါန်မှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ပွဲစီစဉ်သူ ကိုပိုင်စိုးစံက ပြောသည်။

LGBT ပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များ၊ နိုင်ငံကျော် အဆိုတော်များ၊ အကညာရှင်များ၊ ဟာသသရုပ်ဆောင်များ ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here