Myanmar International Fashion Week 2018 ပွဲကြီးကို သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပ

0
254

ဂျွန်လွင် (Star Event Production) က ကြီးမှူးကျင်းပတဲ့ ၆ ကြိမ် မြောက် Myanmar International Fashion Week 2018 ပွဲကြီးကို ဒီဇင် ဘာ ၇၊ ၈၊ ၉ ရက်နေ့များမှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်း (Hexagon Complex) မှာ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။

Myanmar International Fashion Week 2018 ပွဲကြီး ကျင်းပပြု လုပ်ရခြင်းနဲ့ပတ်သက်ပြီး ဂျွန်လွင် (Star Event Production) က ”ကျွန်တော် တို့ မြန်မာနိုင်ငံမှာ အကြီးဆုံးဖက်ရှင်ရှိုးပွဲကြီးကျင်းပတာ ဒီနှစ်နဲ့ဆို ၆ ကြိမ် မြောက်ပါပြီ။ တစ်နှစ်နဲ့ တစ်နှစ်မတူညီတဲ့ ဒီဇိုင်းတွေနဲ့ ပြသခဲ့တာလည်းဖြစ် ပါတယ်။ ဒီပွဲကို ကျွန်တော်တစ်ယောက်တည်းလုပ်လို့ မပြီးပါဘူး။ ဒီဇိုင်နာတွေ အကုန်လုံးက ကူညီပေးကြတယ်။ မိတ်ကပ်ဖန်တီးရှင်တွေကိုလည်း ကျေးဇူး တင်တယ်လို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုက ဒီပွဲတစ်ခုလုံးကို စပွန်ဆာပေးတဲ့ Hearty Heart ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြော ပါတယ်။ အဆိုပါ Fashion Show ပွဲကြီးမှာ နိုင်ငံကျော် အနုပညာ ရှင်များစွာပါဝင်ပြီး ရှိုးပွဲကြီးကို ဒီဇင်ဘာ ၇၊ ၈၊ ၉ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။

သဲစုလှိုင်၊ ဓာတ်ပုံ – မင်းမင်းထွန်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here