Monday, June 15, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' Newsသမီးလေး ဝါသနာပါတာတွေကိုအကောင်းဆုံး ပံ့ပိုးကူညီအားပေးသွားမှာပါ...

သမီးလေး ဝါသနာပါတာတွေကိုအကောင်းဆုံး ပံ့ပိုးကူညီအားပေးသွားမှာပါ ခိုင်သင်းကြည်

အနုပညာလောကမှာ အောင် မြင်တဲ့ သရုပ်ဆောင်ကောင်းတစ် ယောက်ဖြစ်ရုံသာမက ပျော်ရရွင် ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပါ ပိုင်ဆိုင်ထားသူကတော့ ပြည်သူ ချစ်သရုပ်ဆောင် ခိုင်သင်းကြည်ပါ။ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေး ကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက သူ့ရဲ့သမီး လေးစံထိပ်ထားဦးကိုမွေးဖွားခဲ့စဉ် အချိန်မှာ အခက်အခဲတွေအများကြီး နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သမီးလေးကို ၇ လနဲ့ မွေးဖွားခဲ့ ပြီး ကိုယ်အလေးချိန်၂ ပေါင်ပဲရှိတဲ့ အတွက် မိခင်တစ်ယောက်အနေနဲ့ စိတ်ဆင်းရဲမှုတွေများစွာကြုံ တွေ့ခဲ့ရပါတယ်။ သမီးလေးရဲ့ အသက်ရှင်သန်မှုအတွက် ရန်ကုန် ကလေးဆေးရုံကြီးမှာ မိခင်၊ ဖခင်၊ အဘိုး၊ အဘွားတွေနဲ့ မိသားစုတွေ စိုးရိမ်တကြီး ပူပန်စောင့်စားနေခဲ့ရ တာပါ။ ယခု ၂ဝ၁၈ နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ ပိုးမွေးသလို ပြု စုပျိုးထောင်မွေးခဲ့ရတဲ့ သူတို့ရဲ့ သမီး လေး စံထိပ်ထားဦးက အသက် ၁၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သ မီးလေး စံထိပ်ထားဦးရဲ့ ၁၆ နှစ်ပြည့် မွေးနေ့အလှူကို ငယ်ငယ်က သမီးလေး တက်ခဲ့တဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီးမှာ မိသားစုတွေ ပျော်ရွှင်စွာနဲ့ အလှူအတန်းတွေပြုလုပ်ခဲ့ကြပါတယ်။ မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်နေတဲ့ အပြုံး၊ ဖခင်တစ်ယောက်ရဲ့ ကျေနပ် နေတဲ့ပီတိတို့က သူတို့ရဲ့မျက်နှာပေါ် မှာ အတိုင်းသားပေါ်လွင်နေကြပါ တယ်။ သမီးလေးရဲ့မွေးနေ့မှာ အလှူ အတန်းတွေ မိသားစု စုံစုံလင်လင်ပြု လုပ်ဖြစ်ခဲ့တာကို ခိုင်သင်းကြည် က. . .

‘မခိုင်လေး ထိပ်ထိပ်ကို ၇ လနဲ့ ပေါင် မပြည့်၊ လမစေ့မွေးခဲ့တုန်းက ၂ ပေါင်ပဲရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အဖေရော၊ အမေရော၊ အဘိုးတွေရော၊ အဘွားတွေရော စိတ်တွေဆင်းရဲပြီး တော့ စိတ်ပူပန်ခဲ့ကြရတယ်။ အစ်မရဲ့ အမျိုးသားကိုခန့်နိုင်ဆို တအားကို ပင်ပန်းတယ်။ လိုအပ်တဲ့ပစ္စည်းတွေ အိမ်နဲ့ဆေးရုံကို ပြေးလိုက်လွှားလိုက်၊ သွေးလိုတော့လည်း သွေးလှူမယ့်လူ ကိုပြေးပြီးတော့ရှာ၊ အစ်မတို့ကတော့ ဘုရား၊ တရား၊ ရတနာတွေကို အစုံပဲ ရွတ်ကြ၊ ဆုတောင်းကြနဲ့ တအားကို ပင်ပန်းခဲ့ကြတယ်။ အစ်မဆိုရင်လည်း ဒီဆေးရုံမှာ တစ်လခွဲလောက်နေခဲ့ရ တယ်။ ဆေးရုံက ဆရာကြီးတွေက လည်း တော်တော်လေးဂရုစိုက်ပေး ခဲ့ရတယ်။ အခုလိုမျိုး ၁၆ နှစ်ပြည့် တဲ့အချိန်မှာတော့ မခိုင်လေးတို့ မိ သားစုပျော်ပျော်ရွှင်ရွှင် ကျန်းကျန်း မာမာနဲ့ ထိပ်ထိပ်လေးကိုမွေးပေးတဲ့ ဆေးရုံမှာ အလှူလာလုပ်ရတယ်။ ခံ စားချက်ချင်းကတော့ မတူဘူး။ အခု လိုမျိုး ကျန်းမာပြီးကြီးပြင်းလာတဲ့ အ တွက်လည်း မခိုင်လေး တအားကို ပျော်ရွှင်မိတယ်’လို့လည်း သမီး လေးနဲ့ပတ်သက်တဲ့ ရင်ခုန်စိတ်လှုပ် ရှားမှုတွေကို ပြောပြခဲ့ပါတယ်။

သမီးလေးစံထိပ်ထားဦးအတွက် မွေးနေ့ဆုတောင်းစကားကိုလည်း မိခင် ဖြစ်သူ ခိုင်သင်းကြည်က…

‘ မခိုင်လေးက တော့ ကိုယ့်သမီးလေးကို နေ့တိုင်း၊ နေ့ တိုင်း ချစ်နေရတယ်။ နေ့တိုင်းနေ့တိုင်း အကောင်းဆုံးဖြစ်စေချင်တယ်။ မိ သားစုလေးပျော်ပျော်ရွှင်ရွှင် ကျန်း ကျန်းမာမာနဲ့ အလှူလုပ်ခွင့်ရတဲ့ အ တွက်လည်း ဝမ်းသာတယ်။ ဒီရောက် လာတဲ့အခါမှာလည်း ငယ်ဘဝကို ပြန်ပြီးသတိရမိတဲ့အခါ စိတ်မကောင်း တော့ ဖြစ်မိတယ်။ သူက အခုအချိန်မှာ သူကြီးလာရင်သူ့အဖေရဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါဝင်ပြီးတော့ လုပ် ကိုင်မယ်လို့ပြောတယ်။ ဝမ်းသာပါ တယ်။ သူလုပ်တာမလုပ်တာ နောက် ပေါ့ အခုလိုမျိုးအဖေ့စီးပွားရေးတွေ ဝိုင်းလုပ်ပေးမယ်ဆိုတှဲို့နေ လေးရှိ တဲ့အတွက်လည်း မဆိုးပါဘူး ။ အဖေ အားကိုးရတယ် ‘လို့ ခိုင်သင်းကြည်က ပြောပြ ခဲ့ပါတယ်။

သမီးလေးအတွက် မွေးနေ့ ဆုတောင်းစကားကို ဖခင်ဖြစ်သူ ကိုခန့်နိုင်က ‘သူက အခု ၁၆ နှစ် ပြည့်ပြီဆိုတော့ အရွယ်ရောက်ပြီ။ သူ့ဘဝရည်မှန်းချက်၊ ရည်ရွယ်ချက် တွေက ၁၆ နှစ်ကစပြီး စထားလို့ရပြီ။ သူရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ။ သမီးလေးက အနု ပညာမှာလည်း သူကဝါသနာပါတယ်။ စီးပွားရေးကိုလည်း သူကဝါသနာပါ တယ်။ မိဘတစ်ယောက်အနေနဲ့ စီး ပွားရေးကိုပိုပြီးတော့ လုပ်စေချင် တယ်။ ကျန်တဲ့ဝါသနာပါတာကိုလည်း မကန့်ကွက်ဘူး။ သမီးလေး ဝါသနာ ပါတာတွေကို အကောင်းဆုံးပံ့ပိုးကူညီ အားပေးသွားမှာပါ’လို့လည်း ပြောပြ ခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071