မီရုပ်ရှင်ဇာတ်ကားမှာ ဆေးလိပ်သောက်တဲ့အခန်းတွေနဲ့ မီကြော်ငြာပိုစတာမှာ ပိုင်ဖြိုးသု ဆေး လိပ်သောက်တဲ့ပုံကြောင့် ဝေဖန်သံတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ပိုင်ဖြိုးသုက ကျန်းမာရေးသံတမန် ဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူ တချို့အတွက် ထောက်ပြစရာဖြစ်
ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ် သက်လို့ ကျန်းမာရေးသံတမန်ခန့် အပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ကျန်း မာရေးဦးစီးဌာန ဒေါက်တာထွန်းမြင့် က မီရုပ်ရှင်ဇာတ်ကားအပေါ် သူ့ရဲ့ အမြင်ကိုအခုလိုပြောပြခဲ့တာက . . .
”မီဇာတ်ကားဆိုတာကတော့ ဆေးလိပ်ဇာတ်ကားပဲဖြစ်ပါတယ်။ မီဇာတ်ကားကို ရေးခဲ့တဲ့ စာရေးဆ ရာမကြီး ဒေါ်ကြည်အေးဆိုတာက ဆရာဝန်ဖြစ်တယ်။ ကျွန်တော်တို့က သံတမန်ခန့်အပ်တော့လည်း ဆရာဝန်ကိုခန့်တယ်။ မီဇာတ်ကားကလည်း ဆရာဝန်ကရေးတယ်။ သေချာတာကတော့ ဆရာဝန်က ဆေးလိပ်သောက်တာကောင်းတယ်လို့ ဘယ်တော့မှ ရေးလိမ့်မယ်မဟုတ်ဘူး။ ဒါကြောင့်လည်း ဇာတ်ကားရဲ့အစမှာလည်း ဆေးလိပ်သောက်တာက ဘယ်လောက်အထိအောင် အန္တရယ် ရှိလဲဆိုတာ ကြိုတင်လည်းပြောပြ ထားပါတယ်။ ဒါဟာကျွန်တော်တို့ ကျင့်ဝတ်ကို လိုက်နာတာပါပဲ။ နောက်တစ်ခုကဒီဇာတ်ကားကို ကြည့်ရှုပြီးတဲ့အခါမှာ လူငယ်လူရွယ်တွေက ဆေးလိပ်ကို ပိုသောက်တတ် လာလိမ့်မယ်လို့များ ထင်သလား မသိဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိသလောက်ကတော့ ဒီဇာတ်ကားကို ကြည့်ရှုပြီး ရုပ်ရှင်ရုံထဲက . . .
ပြန်ထွက်လာတဲ့အခါကျရင် အားလုံးဟာဆေးလိပ်ပြတ်သွားနိုင်တဲ့ အခြေအနေတောင်ရှိတယ်။ ဒီ လောက်အထိကိုမီကလည်း သရုပ်ဆောင် ပြသွားတယ်။ ဒီဇာတ်ကားထဲမှာ ဆေးလိပ်ကို ပရိုမို့လုပ်တာလည်း မတွေ့ရပါဘူး။ ကျွန်တော်တို့အနေနဲ့ တချို့နေရာ တွေမှာ လိုဂိုတွေထည့်ရတာရှိပါ တယ်။ ဆေးလိပ်မသောက် ရေးလိုဂို ကျွန်တော်တို့မှာရှိပါတယ်။ ဒါတွေ လည်းပဲ ကျွန်တော်တို့ထည့်ပေးထား ပါတယ်။ ပြီးတော့ပိုစတာတွေမှာ လည်း အစ်မကြီးဒေါ်နွယ်ဦးနဲ့ ကျွန် တော်တို့ ညှိုနှိုင်းထားတယ်။ ဒီပိုစတာ တွေမှာလည်း ဆေးလိပ်မသောက် ရေးလိုဂိုကို ထည့်ဖို့အတွက် ဆောင် ရွက်ထားပြီးလည်းဖြစ်ပါတယ်။ ကျွန် တော်တို့ဘက်ကတော့ ဒီရုပ်ရှင်ကြည့် ရှုပြီးတဲ့အခါ ဆေးလိပ်ပိုသောက် လာလိမ့်မယ်လို့ ကျွန်တော်တို့ မယုံ ကြည်ရှုပါဘူး။ သရုပ်ဆောင်တာတွေ ကြည့်ရှုတဲ့အခါမှာလည်း မြညေိ ပရို မိုးရှင်း၊ သောက်သုံးရေးပရိုမိုးရှင်းတွေ လုပ်ခဲ့တာကိုလည်းတစ်ခုမှတော့ မတွေ့ရပါဘူး။ ရုပ်ရှင်ဆင်ဆာဘက် ကနေလည်း ဒါကိုစည်းကမ်းတစ် ရပ်အနေနဲ့ ဆောင်ရွက်ခဲ့လိမ့်မယ်လို့ ယူဆရပါတယ်။ အခုက ကျွန်တော် တို့မှာ အငြင်းပွားနေတာက အကယ် ဒမီပိုင်ဖြိုးသုက လူရွယ်လူငယ်တွေ ဆေးလိပ်သောက်လာကြလိမ့်မယ်။ အတုယူမှားလိမ့်မယ်ဆိုပြီး ဆရာဝန် တွေကြားထဲမှာရော ပြည်သူကြားထဲ မှာရော ဖြစ်နေကြတယ်။ ကျွန်တော် တိုက်တွန်းချင်တာကတော့ မီဇာတ် ကားသွားကြည့်ခိုင်းလိုက်ပါ။ သွား ကြည့်ပြီးပြန်ထွက်လာရင် အဲဒီလူ တွေအားလုံးဆေး လိပ်ပြတ်သွားလိမ့်မယ်လို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
