ပျော်အောင်ထားပေးတဲ့ပရိသတ်တွေကိုကျေးဇူးတင်နေသူနန်းဆုဦး

0
272

အနုပညာရှင်တိုင်းလိုလိုမှာ သူ တို့ကိုချစ်တဲ့ အမာခံ ပရိသတ်တွေနဲ့ ဖွဲ့စည်းထား တဲ့We Love အဖွဲ့တွေ ရှိကြစမြဲပါ။ အဲဒီလိုပဲ နန်းဆုဦးကို အားပေးနေတဲ့ တနူသလန အဖွဲ့ လည်း ရှိပါတယ်။ ဒီအဖွဲ့လေးနဲ့ သူနဲ့ ကြားက ဆက်ဆံမှုလေးနဲ့ပတ်သက်ပြီး နန်းဆုဦးက …

”We Love တွေ နဲ့က မွေးနေ့ဆိုပုံမှန်တွေ့ဖြစ်ပါတယ်။ တခြား activity လေးတွေရှိရင် တွေ့ဖြစ်တယ်။ ရှုတင်တွေဆိုလည်း သူတို့ အမြဲလာဖြစ်တယ်။ Group လိုက်ကြီးမဟုတ်ရင်တောင်မှ တချို့ လူတွေလာဖြစ်တော့ အဆက်အသွယ် ကတော့ ပြတ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ နန်းဆုကို ချစ်လို့ နန်းဆု ကို သူတို့ရဲ့ အချိန်တွေ အများကြီး ပေးထားတယ်။ အမြဲတမ်း နန်းဆု ပျော်အောင် ကြိုးစားပြီး လုပ်ပေး ကြတယ်။ နန်းဆုမွေးနေ့တိုင်းကို လည်း သူတို့အမြဲတမ်း တစ်ခုခု စီစဉ် ပြီး ပျော်အောင်ထားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါ တယ်။ နန်းဆုကလည်း သူတို့ တစ်ယောက် ချင်းဆီတိုင်းကို ကျေးဇူးလည်း တင်သလို ချစ်လည်း ချစ်ပါတယ်” လို့ ပြောပါတယ်။ နန်းဆုဦးက ကြောက်ကြောက် ကြောက် ၂ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး အရင်တုန်းကလဲ မဟူရာရုပ်ရှင်ရုံ ဆိုတဲ့ သရဲဇာတ် ကားတစ်ကား လည်း ရိုက်ကူးခဲ့ဖူးပါတယ်။ အခု လည်း သရဲဇာတ်ကားဖြစ်တဲ့ အတွက် ညပိုင်းတွေပဲရိုက်ကူး ရမှာဖြစ်ပါတယ်။ သရဲဇာတ်ကား ဆိုအရမ်းကြိုက်လို့ ကြည့် ဖြစ်တယ် ဆိုတဲ့နန်းဆုဦးက …

”ငယ်ငယ်တုန်းက ဆိုရင် သရဲဇာတ်ကားတွေ ပိုတောင် ကြည့်ဖြစ်တယ်။ အခုမှသာ အလုပ် တွေပဲ လုပ် ဖြစ်တော့ ပင်ပန်းတော့ သရဲကားသိပ်မကြည့်ဖြစ်ဘူး။နည်းနည်း Relax ဖြစ်စေမယ့် အရာတွေ ပြောင်းကြည့် တယ်။ သရဲကိုတော့ အရမ်းကြောက် တတ်တဲ့ထဲမှာ မပါဘူး” လို့ ပြော ပါတယ်။ သီချင်းဆိုရတာ ဝါသနာ ပါတဲ့ နန်းဆုဦးက လတ်တ လော မှာဇာတ်ကားတွေပဲ ရိုက်ကူးဖြစ် နေပြီးသီချင်းဘက်ကို မလှည့်ဖြစ် သေးပါဘူး။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here