သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဆ ရာသမားတွေရဲ့ သင်ပြပေးမှုအတိုင်းကြိုးစားနေပါတယ်ခင်ဝင့်ဝါ

0
266

သရုပ်ဆောင်ခင်ဝင့်ဝါက ပရိသတ်တွေရဲ့ ဝေဖန်အကြံပေးမှုတွေ ကို အမြဲနားထောင်တတ်ပြီး အကောင်းဆုံး ကြိုးစားနေသူတစ် ယောက်ပါ။ ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်မှုတွေ တိုးတက်လာတဲ့ အတွက် ပရိသတ် တွေအားပေးမှု တွေရရှိသလိုပဲ သူ့ရဲ့အိုက်တင်ကို အားမရသေးတဲ့ပရိသတ်တွေ အတွက်လည်း ပိုကြိုးစားလို့နေပါတယ်။

”ကိုယ့်သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အကုန်လုံး သင်ပေး ထားတဲ့ အတိုင်းပဲ ကိုယ့်အားနည်း ချက်ကို ဆိုက်ကိုထည့်ရင် အိုက်တင် လျော့တယ်တဲ့။ အဲဒါကို အာရုံမ ထည့်ဘဲနဲ့ ဒီဇာတ်ကားထက် နောက် ဇာတ်ကားပိုကောင်းအောင်၊ နောက် ဇာတ်ကားထက် နောက်ရိုက်မယ့် ဇာတ်ကားပိုကောင်းအောင် အ ကောင်းဆုံးကြိုးစားဖို့ သင်ပေးကြပါတယ်။ ညီမကတော့ ဆရာတွေ သင်ပေး တဲ့အတိုင်းအကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက် ပြီး ကြိုးစားနေကြောင်း ခင်ဝင့်ဝါက ပြောပြပါတယ်။

လတ်တလောမှာတော့ ခင်ဝင့်ဝါက ဒါရိုက်တာ သားညီရိုက်ကူးမယ့် အကြင်နာမြစ်ဖျားဇာတ်လမ်းတွဲကို ရိုက်ကူးသွားမှာပါ။ ဒီဇာတ်လမ်းတွဲက တော့ သူ့အတွက် ပထမဦးဆုံးဇာတ် လမ်းတွဲဖြစ်ပြီး လူငယ်ဖန်စီလေး ပွင့်ဆိုင် အချစ် ဇာတ်လမ်းတစ်ခုပါ။ ပထမဆုံးဇာတ်လမ်းတွဲရိုက်ကူးတာ ဖြစ်တဲ့အတွက် ရင်ခုန် နေတဲ့ ခင်ဝင့်ဝါက…

”စီးရီးတွဲဖြစ်တဲ့အတွက် ကြာချိန်လည်း များတယ်။ တစ်ယောက်နဲ့ တစ် ယောက်ညှိညှိနှိုင်းနှိုင်းနဲ့လုပ်ရမယ်။ Team Work ကောင်းကောင်း နဲ့လုပ်ရမယ့် ဟာ ဖြစ်တော့ တအား လည်းပျော်တယ်။ ရင်လည်းခုန် ပါတယ်” လို့ပြောပါတယ်။

အနုပညာလောကသားတွေထဲက မင်္ဂလာဆောင်တဲ့သတင်းတွေ၊ စေ့စပ်တဲ့ သတင်းတွေ ထွက်နေပေမယ့် သရုပ်ဆောင်ခင်ဝင့်ဝါ တစ်ယောက်ကတော့ သူ့ရဲ့အချစ်ရေးက ထူးထူးခြားခြားမရှိသေးသလို အေးအေးဆေးဆေးပါပဲလို့ ဆိုပါတယ်။ အချစ်ပေါ်ခံယူထားတဲ့သူ့ရဲ့ သဘောထားနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါ က…

”အချစ်ဆိုတာ အေးချမ်း တယ်။ ၅၂၈နဲ့ ၁၅ဝဝ အချစ်နဲ့တော့ မတူဘူးပေါ့။ ၅၂၈ကတော့ အေးချမ်း တယ်။ ၁၅ဝဝအချစ်ကတော့ ပူလောင်တာတွေရှိမယ်။ ဝမ်းနည်းတာတွေရှိမယ်။ ပျော်ရွှင်ရတာတွေရှိမယ်။ ဒါကတော့ အချစ်ကရရှိတဲ့ ခံစားချက်လေးတွေပေါ့” လို့ဖြေသွားပါတယ်။

 

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here