Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomeCelebrities' Newsဖခင်ဖြစ်သူရဲ့ တေးသီချင်းတွေကို ပြန်လည်ခံစားသီဆိုတဲ့...

ဖခင်ဖြစ်သူရဲ့ တေးသီချင်းတွေကို ပြန်လည်ခံစားသီဆိုတဲ့ ဖိုးသောကြာ

မြန်မာသံစဉ် သီချင်းကောင်းတွေကို အမြဲတမ်း ပိုင် ပိုင်နိုင်နိုင်သီဆိုတတ်တဲ့ အဆိုတော်ဖိုးသောကြာက ‘နဂါး နီ’လို့ အမည်ပေးထားတဲ့တေးစီးရီးခွေသစ်ကို ပရိသတ်ကြီး လက်ထဲအရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ ‘နဂါးနီ’ တေးစီးရီး အခွေသစ်မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၅ ရက် နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ ဖခင်ဖြစ်သူရဲ့သီချင်းတွေကို ပြန်လည်သီဆို ထားတဲ့ အဲဒီတေးစီးရီးနဲ့ပတ်သက်ပြီး ဖိုးသောကြာက အခုလို ပြောပါတယ်။

”ဒီအခွေလေးကို ကျွန်တော်စီစဉ်နေတာ သုံးလေး နှစ်လောက်ရှိပြီ။ ကျွန်တော့်အဖေရဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုတာပါ။ ဒီအခွေလေးကို Live Show အနေနဲ့ရိုက်ပြီးတော့ ထုတ်လုပ်ချင်တာဖြစ်တဲ့အတွက် အခုမှထုတ်ဖြစ်တာပါ။ သီချင်းစုစုပေါင်း ၇ ပုဒ်ပါပါတယ်။ တေးရေးဆရာတွေက အလင်္ကာကျော်စွာမြို့မငြိမ်း၊ ဆရာရွှေတိုင်ညွန့်၊ ဆရာရွှေညာမောင်တို့ရေးထားတဲ့ သီချင်းကောင်းတွေပါ။ နဂါးနီဆိုတဲ့သီချင်းက ကျွန်တော်တို့မြန်မာတွေရဲ့ရင်ထဲမှာရှိပြီးသား သီချင်း လေးတစ်ပုဒ်။ နဂါးနီလို့ပြောလိုက်တာနဲ့ အကုန် လုံးကတန်းပြီးတော့သိတယ်။ အန်တီထားဆီက ခွင့်တောင်းပြီးတော့ ဒီသီချင်းလေးကိုသုံးဖြစ်ခဲ့ တာပါ”လို့ ဖိုးသောကြာက ပြောပါတယ်။

မြန်မာသံစဉ်တွေပဲ သီဆိုဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်း ဖိုးသောကြာက . . .

”မြန်မာလူမျိုးတွေရဲ့သီချင်း ၊ မြန်မာသံစဉ်တွေဆိုတာ ဒီလိုမျိုး ပါလားဆိုတာသိအောင် ကျွန်တော် ပြန်ဖော် ထုတ်တဲ့သဘောပါ။ ကျွန်တော်တို့လူငယ်တွေမှာဖော်ထုတ်ဖို့ တာဝန်အများကြီးရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သားသမီးတွေ။ ကျွန်တော်ဆိုကျွန်တော့်သမီးလေးကို သီချင်းတွေအကုန်ပေးနားထောင်တယ်။ အခု ခေတ်ပေါ်နေ တဲ့သီချင်းတွေ၊ အင်္ဂလိပ်သီချင်းတွေကအစ နားထောင်ခိုင်းတယ်။ မြန်မာသီချင်းတွေကိုလည်း နားထောင်ခိုင်းတယ်။ ပြီးတော့ ကျွန်တော်က သမီးရေဒါကတော့ ဘာသီချင်း၊ ဒါကတော့ ဘာသီချင်းဆိုပြီးတော့ ရှင်းပြတယ်။ ဒီလို ပြောပြမှ လည်း ကလေးတွေကကြီးလာရင် မြန်မာသံစဉ်၊ မြန်မာသီချင်းတွေဆိုတာ ဒါပါလားဆိုပြီးသိမှာလေ”ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ်။

အဲဒီတေးစီးရီးကို နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071