စီးပွားရေးအတွက်မဟုတ်ဘဲ အနုပညာအတွက် ရိုက်ကူးခဲ့တဲ့ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ယခုနှစ်အတွင်း ရုံတင်ပြသမည်ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်

0
162

ဆရာဝန်တစ်ယောက်ရဲ့ သစ္စာ တရားကို ရိုက်ကူးထားတဲ့ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ် ကားကို ဒီနှစ်အတွင်းမှာ ရုံတင်ပြသ နိုင်အောင် ကြိုးစားမယ်လို့သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါ ရိုက်တာ မြို့တော်မောင်ယဉ်အောင် က ရိုက်ကူးထားပြီး ရန်အောင်၊ ရဲ အောင်၊ လူမင်း၊ မိုးဒီ၊ ဖိုးချစ်၊ အလင်း ရောင်၊ ထွန်းအိန္ဒြာဗို၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ချိုပြုံး၊ အေးမြတ်သူ၊ ရတနာဗိုနဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်ဆိုတာက တော့ ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ် ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိခဲ့ တဲ့ ဒါရိုက်တာကြီးတစ်ဦးပဲဖြစ်ပြီး ဟာသသရုပ်ဆောင်ကြီး ဦးမိုးဒီကို ဒရာမာဇာတ်ရုပ်နဲ့အကယ်ဒမီရ အောင်လုပ်ပေးခဲ့တဲ့ ဒါရိုက်တာကြီး တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာရုပ် ရှင်ဇာတ်ကားတွေကို တောက် လျှောက်ရိုက်ကူးနေတဲ့ ဒါရိုက်တာ တစ်ဦးမဟုတ်ပါဘူး။ ‘ကိုးဆယ်ဆသာ လိမ့်မယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး အပြီးမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ တစ်ကားမှ မရိုက်ကူးခဲ့တာ ၁ဝ နှစ်ကြာခဲ့ပါတယ်။ အခုရုံတင်ပြသ တော့မယ့် ‘နောင်တွင် ဥဒါန်းတွင်စေ သတည်း’ ရုပ်ရှင်ဇာတ်ကားက ၁ဝ နှစ်အကြာမှ ပြန်လည် ရိုက်ကူးတဲ့ ဇာတ်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ရိုက်ကူးရက်ကတော့ ၁ လနီးပါး လောက် ကြာမြင့်ခဲ့ပြီး အကောင်းဆုံး ဖြစ်ချင်တာကြောင့် စိတ်တိုင်းမကျတဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်ရိုက် ကူးရင်းနဲ့ ၁ လ လောက် ကြာခဲ့တာလို့ သိရပါတယ်။

”ဒီဇာတ်ကားထဲမှာ မင်းသမီး ၆ယောက်မင်းသား ၅ ယောက်ပါ ပါတယ်။ မင်းသားမင်းသမီးဝိတ်တွေလိုချင်လို့ ထည့်ခဲ့တာမဟုတ်ပါဘူး။ တကယ်ကို လိုအပ်လို့ သုံးတာပါ။သူ့ နေရာနဲ့သူဇာတ်ရုပ်ကို အကွက်ကျ လုပ်နိုင်မယ့်သူတွေကိုခေါ်ထားတာပါ” လို့မင်းသားမင်းသမီး အများကြီး သုံးထားခြင်းနဲ့ပတ်သက်လို့ ဒါရိုက် တာမြို့တော်မောင်ယဉ်အောင်က ပြောပြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီး ပြီးစီးသွားတဲ့အချိန်မှာတော့ သူ့အ နေနဲ့စိတ်တိုင်းကျလုနီးပါး ရှိခဲ့ ပေမယ့်လည်း ဒါရိုက်တာတို့ထုံးစံ အတိုင်း အားရတယ်လို့ကို မထင်ဘူး လို့ ပြောပါတယ်။

”ကျွန်တော် ကျေနပ်တာက ကားဆက်ခန်းမှာ ကြည့်မိတဲ့သူတိုင်း က ဘယ်နှစ်ခါကြည့်ကြည့် ထပ်ပြီး ကြည့်ချင်ကြတယ်။ ဇာတ်ကားရဲ့ အရသာက အဲဒါပါပဲ။ ကြည့်ပြီးရင် တအားကြည့်ချင်တယ်။ ကြည့်တော့ လည်း ပြီးအောင်အထိ ကြည့်ချင်ကြ တယ်။ ဒါက ဒီဇာတ်ကားရဲ့ ထူးခြား ချက်လေးပေါ့” လို့ ဇာတ်ကားနဲ့ ပတ် သက်လို့ ပြောပါတယ်။ ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ် ကားက ဒရာမာစစ်စစ်ဖြစ်တဲ့အတွက် အကယ် ဒမီဆုအတွက်ရင်ခုန်စရာ ကောင်းတဲ့ ဇာတ်ကားကောင်းတစ် ကားပဲလို့ ပြောရမှာပါ။ ဒါရိုက်တာ ကတော့ သူ့အနေနဲ့ အကယ်ဒမီကို မမျှော်လင့်ပါဘူးလို့ ပြောပါတယ်။

”ကျွန်တော်က ရုပ်ရှင်သမား လည်း မဟုတ်ဘူးလေ။ကိုးဆယ်ဆ သာလိမ့်မယ်ရုပ်ရှင်က အကယ်ဒမီရခဲ့ တာကလည်း သူ့ဘာသာသူပဲဖြစ်သွား တာပါ။ ကိုယ်လည်းမမျှော်လင့်ပါဘူး။ အနုပညာအပေါ်ထားတဲ့ စေတနာ ရယ် ပရိသတ်အပေါ်ထားတဲ့လေးစား မှုရယ်ပါပဲ။ ပြီးတော့ ကျွန်တော့် အနု ပညာသက်တမ်းနှစ် ပေါင်း ၅ဝ ကျော် မှာ မှတ်တမ်းတင်လောက်တဲ့ ဇာတ် ကားတစ်ကားဖြစ်တာပါပဲ။ ကျွန်တော့် အနေနဲ့ ဒီဇာတ်ကားက စီးပွားရေး အရ မဟုတ်ပါဘူး။ အနုပညာအရကို ကြည့်စေချင်ပါတယ်။ ထုတ်လုပ်သူ ကလည်း ဒီလိုပါပဲ။ ငွေအတွက် ရိုက် ကူးတာမဟုတ်ပါဘူး။ ဒီနှစ်မှာဒီလို ကားမျိုးထွက် သင့်တယ်ဆိုပြီးတော့ ရိုက်ကူးကြတာပါ။ အနုပညာသမား တစ်ယောက်ရဲ့ တာဝန်တစ်ခုကိုထမ်း ဆောင်တာပါပဲ။ ဒါကြောင့်လည်း ပရိသတ်တွေကို ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရိသတ်အပေါ် ဘယ်လောက်လေးလေးစားစား လုပ် ပြထားတယ်ဆိုတာလေးကို တွေ့မြင် စေချင်လို့ပါ” လို့ ဇာတ်ကားနဲ့ပတ်သက် လို့ ဒါရိုက်တာမြို့တော်မောင်ယဉ် အောင်ကပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here