ကျော်ထွဋ်ဆွေ၊ SZ တို့ သူငယ်ချင်း ၂ ယောက်ရဲ့ Friendship Goal

0
175

သီတင်းကျွတ်လပြည့်နေ့ ညက ပြည်သူ့ဥယျာဉ်မှာ ကျင်းပခဲ့တဲ့ The Takeover ရှိုးပွဲက မြန်မာပြည် ဟစ် ဟော့ပ်လောကအတွက် အားဆေး တစ်ခုလိုပါပဲ။ ဒီပွဲကို စီစဉ်ဖြစ်တဲ့ သူက ဟစ်ဟော့ပ်အဆိုတော် SZ ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သီချင်း တွေမဆိုတော့ပေမယ့် Run YGN Hip Hop Clothing ဖွင့်ထားသလို Rapper တစ်ယောက်လိုပဲ နေထိုင် ဖြစ်နေသူက SZပါ။ ကျော်ထွဋ်ဆွေက တော့ ဂျောက်ဂျက်နဲ့အတူ Mix Tape အခွေတွေထုတ်ဖြစ်ပြီး ဒုတိယ မြောက် တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပါတယ်။

သူတို့ သူငယ်ချင်း ၂ ယောက် ကြားထဲက Friendship Goal က …

”ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိ ရင် ကိုကျော်နဲ့ ကျွန်တော်နဲ့က ကျွန်တော့်ရဲ့ ‘ဖြစ်ချင်ရင် ဖြစ်အောင် လုပ်’ ဆိုတဲ့ အခွေကတည်းက ကိုကျော့်အိမ်မှာပဲ နေပြီးတော့ ကျွန်တော်လုပ်တာ။ ကိုကျော်က ကျွန်တော့်အပေါ်မှာ ကျေးဇူးအများ ကြီးရှိတယ်။ ကျွန်တော် အဆင် မပြေတဲ့အချိန်တွေ ရှိတယ်။ အဲဒီ အချိန်မှာ ကိုကျော့်အိမ်မှာပဲ နေတာ။ ကိုကျော်က ကျွန်တော့်ညီအစ်ကို အရင်းတစ်ယောက်လိုပဲ သူ့အိမ်မှာ အားလုံးထားပေးတယ်။ ကိစ္စတစ်ခု ဖြစ်လို့ရှိရင်လည်း အကူအညီလိုတာ ပဲဖြစ်ဖြစ်၊ အခက်အခဲဖြစ်တာပဲဖြစ် ဖြစ်၊ အကြံဥာဏ်တောင်းတာပဲဖြစ်ဖြစ် ကိုကျော့်ကို ဖုန်းဆက်မေးတယ်။ တကယ့်ညီအစ်ကိုအရင်း လိုပဲ” လို့ SZ က ပြောပါတယ်။

ကျော်ထွဋ်ဆွေကလည်း …

”ကျွန်တော်တို့က သီချင်းတွေစဆိုက တည်းက ခင်လာခဲ့တာ။ သူနဲ့ လုံးဝ ကို ညီအစ်ကိုပုံစံပဲ။ သူ့အိမ်မှာ ကျွန် တော်သွားနေ၊ ကျွန်တော့်အိမ်မှာ သူလာနေ၊ ကျွန်တော်တို့ တစ်ဖွဲ့လုံးပဲ အတူတူ ရုန်းကန်လာကြတာ။ ဒီလို အချိန်ရောက်လာတဲ့အခါ တစ် ယောက်စိတ်ကို တစ်ယောက် နား လည်တယ်။ သူဘာဖြစ်ချင်လဲဆိုတာ ကျွန်တော်နားလည်တယ်။ ကျွန်တော် ဘာဖြစ်ချင်လဲ သူနားလည်တယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်တာရှိရင် တစ် ယောက်နဲ့ တစ်ယောက်ကူညီပေး တယ်” လို့ သူငယ်ချင်း၂ ယောက် ကြားက သံယောဇဉ်အကြောင်းကို ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here