Thursday, April 30, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ...

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့်...

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...
HomeCelebrities' Newsသားလေးနှစ်ယောက်လည်းရပြီဆိုတော့ ဘဝမှာ...

သားလေးနှစ်ယောက်လည်းရပြီဆိုတော့ ဘဝမှာ အမှတ်တရ လေးတွေ ဖြစ်ချင်တယ် Rဇာနည် နဲ့ ဝမ်း

အဆိုတော် Rဇာနည်နဲ့ မော်ဒယ်လ်ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ က ချမ်းမြေ့ရိပ်သာကျောင်းမှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး သူတို့ရဲ့နှစ်ဖက်မိဘဆွေမျိုးသားချင်း စုံလင်စွာနဲ့ ၁၅ နှစ်ပြည့်နှစ်ပတ်လည်နေ့ပွဲအခမ်းအနားမှာ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း သူတို့ရဲ့မင်္ဂလာနှစ် ၁၅ နှစ်ပြည့် အတွက် ချစ်ရတဲ့အနုပညာရှင်များနဲ့အတူ LOTTE ဟိုတယ်မှာ ဧည့်ခံပွဲကျင်းပခဲ့ပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံဟာဆိုရင် အနုပညာရှင်တွေအပြင် အခြားပရိသတ်တွေကပါ အားကျကြရတဲ့ မိသားစုလေးတစ်ခုလည်းဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ပွဲမှာဆိုရင် အနုပညာရှင်စုံတွဲ တွေ ခင်မင်ရင်းနှီးစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီး ကြည်နူးပျော်ရွှင်ဖွယ် ညလေးတစ်ည ဖြစ်ခဲ့ပါတယ်။ ညစာစားပွဲဆိုပေမယ့် ရိုးရိုးစင်းစင်းပြီးဆုံးသွားမယ့် ပွဲတစ်ခုလို မဟုတ်ဘဲ အချစ်အဓိပ္ပာယ်တွေ ပြည့်နှက်နေတဲ့အပြင် အဆင်တွေက Rဇာနည်နဲ့ ဝမ်းတို့ရဲ့ ခမ်းနားလှပတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ဖော်ကျူးနေသလိုပါပဲ။ ဒီလို ခမ်း နားတဲ့ပွဲလေးတစ်ပွဲလုပ်ဖြစ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး Rဇာနည်က အခုလို ပြောပါတယ်။

 

”ဒီပွဲလေးကတော့ ကျွန်တော်တို့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်လည်းပါတယ်။ ပြီးတော့ လစ်ဗိုလင်ဖို့ကလည်း ကျွန်တော်တို့ နောက်တစ်ကြိမ် Brand Ambassador ခန့်အပ်ခြင်းခံရတဲ့အတွက် သူတို့ဘက်ကလည်း ဝိုင်းပြီးပံ့ပိုးပေးရင်းနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ရှင်းရှင်းပြောရရင် ငယ်ငယ်လေးကတည်းက ခိုးပြေးတယ်။ ဘုန်းကြီးဆွမ်းကပ်တယ်။

 

တရားရုံးမှာလက်မှတ်ထိုးတယ်။ ဒီအစီအစဉ်ပဲရှိခဲ့တာကိုး။ ပြီးတော့ မင်္ဂလာနှစ်ပတ်လည်တွေမှာ ဘုန်းကြီးဆွမ်း ကပ်တာလည်းရှိခဲ့တာ ပေါ့။ အခုက သားလေးနှစ်ယောက်လည်းရပြီဆိုတော့ ဘဝမှာ အမှတ်တရလေးတွေဖြစ်ချင်တယ်။ အဲဒီ အတွက် ချစ်ခင်ရတဲ့ မိတ်ဆွေတွေအတွက် ဧည့်ခံပွဲလေးလုပ်ဖြစ်ခဲ့တာပါ”လို့ Rဇာနည်က ပြောပါတယ်။

အချစ်ရနံ့တွေနဲ့ ပြည့်နှက်နေတဲ့ ဧည့်ခံပွဲလေး လုပ်ဖြစ်တဲ့အတွက် တအားကျေနပ်နေတဲ့အကြောင်းကို လည်း ဝမ်းက . . .

”အရင်နှစ်တွေတုန်းက အစ်မတို့က ဘုန်းကြီးကျောင်းမှာပဲဆွမ်းကပ်တာပေါ့။ သူနဲ့တိုင်ပင်ပြီး ၁ဝ နှစ်ပြည့်ရောက်ရင် ဒီလိုပွဲလေး လုပ်မယ်ပေါ့နော်။ ၁ဝ နှစ်ပြည့်မှာ မလုပ်ဖြစ်ဘဲ ၁၅ နှစ်ပြည့်ရောက် လာတော့ ပွဲလုပ်ဖြစ်သွားတာပေါ့။ ဒီလိုမျိုးလေးလုပ်ဖြစ်တဲ့အတွက် တအားကျေနပ်မိတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071