အနုပညာထက် စီးပွားရေးပဲ ခြေဦးလှည့်ဖြစ်နေတဲ့ အနုပညာရှင်များ

0
282


အနုပညာလောကက အခုအချိန် မှာ အရာရာအားလုံး ပြောင်းလဲလို့ လာခဲ့ပါပြီ။ ခေတ်ရဲ့ပြောင်းလဲ မှုတွေနဲ့အတူ နည်းပညာတိုးတက် မှုတွေကအစ ပြောင်းလဲလို့လာခဲ့ တာပါ။ ဒါ့အပြင်အရင်တုန်းက သရုပ်ဆောင်တွေကတော့ အနုပညာ ကလွဲရင် တခြားစီးပွားရေးဘက်ကို မလှည့်ကြတာများပေမယ့် အခု ခေတ်မှာတော့ အနုပညာရှင်တော် တော်များများက အနုပညာအလုပ် အပြင် သူတို့ဝါသနာပါတဲ့ စီးပွား ရေးတွေကိုလည်း တစ်ဖက်တစ်လမ်း ကနေ လုပ်ဆောင်နေကြပါပြီ။တချို့ကလည်း ပိုးထည်ဆိုင်တွေဖွင့်၊ တချို့ကလည်းဖက်ရှင်ဆိုင်တွေဖွင့် ၊ တချို့ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး တွေ တည်ထောင်ပြီး ကိုယ်ဝါသနာ ပါရာ စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားကြပါတယ်။အနုပ ညာလောကမှာ သိပ်မတွေ့ရ တော့တဲ့ အနုပညာရှင်တွေဆိုရင် လည်း စီးပွားရေးတွေဘက်မှာ အခြေ ချလုပ်ကိုင်နေကြတာ အောင်မြင်တဲ့စီးပွားရေးသမားတွေတောင် ဖြစ်လို့ နေကြပါပြီ။ ဇာတ်ကားတွေသိပ်မ ရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့ သရုပ် ဆောင်နေယံဆိုရင်လည်း ဖက်ရှင် ဆိုင်တွေဖွင့်လှစ်ထားပြီး နောက်ပိုင်း မှာ သူငယ်ချင်းဖြစ်သူနဲ့အတူ စက် ရုံတည်ထောင်ဖို့အထိတောင်စိတ်ကူးထားသူပါ။

”စီးပွားရေးနဲ့ပတ်သက်လို့က တော့ ဒီဖက်ရှင်ဆိုင်လေးကို ဦးစား ပေးလုပ်ဖြစ်နေတယ်။ နောက်ထပ် ဆိုင်ခွဲတွေထပ်ဖွင့်နိုင်အောင် ကြိုး စားနေတယ်။ တစ်ချိန်ကျရင်တော့ ကိုယ့်နာမည်လေးနဲ့ အင်္ကျီထုတ်နိုင် ဖို့အထိ စဉ်းစားထားတယ်။ သိန်း ထောင်ကျော်ရင်းနိုင်ရင်တော့ ကောင်းတာပေါ့လေ။ ဒီအချိန်မှာ တော့ ပိုက်ဆံစုတုန်းပါပဲ။ ဘာ ကြောင့်လဲဆိုတော့ ကိုယ်ကအ ရင်းအနှီးအကြီးကြီး မရှိတဲ့အတွက် ဝုန်းဆို ထလုပ်ဖို့ကသိပ်ခက်တယ်။ တစ်ကျပ်စုနှစ်ကျပ်စုနဲ့ ကိုယ့်ဘဝက စုပြီးလုပ်နေရတာပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်ဖြစ်မှာပါ”လို့ စီးပွား ရေးနဲ့ပတ်သက်လို့ သူလုပ်ချင်တဲ့ အ ကြောင်းအရာတွေကို နေယံကပြောပြ ခဲ့ပါတယ်။

ဒါ့အပြင် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ စီးပွားရေးပဲ ဇောက်ချလုပ်ကိုင်ဖြစ်နေတဲ့ သရုပ် ဆောင်တစ်ယောက်ရှိပါသေးတယ်။ သူကတော့ သရုပ်ဆောင် ကောင်း ခန့်ပါ။ သူကတော့ Handmade ပစ္စည်းလေးတွေကို ကိုယ်တိုင်လုပ်ပြီး ဈေးကွက်တင်ရောင်းချနေတာပဲဖြစ်ပါတယ်။ သူကတော့ စီးပွားရေးတွေ လုပ်နေဖြစ်ပေမယ့်လည်း သူ့ကိုယ် သူတော့စီးပွားရေးသမားထက် အနုပညာ သမားလို့ပဲခံယူထား ကြောင်းလည်း ပြောပြပါတယ်။

”အိမ်ထောင်ကျပြီ၊ ကလေး လည်းရပြီဆိုတဲ့အချိန်မှာ ကျွန်တော့် မိသားစုအတွက် ကျွန်တော်ကြိုးစား ရတော့မယ်လေ။ အဲဒီတော့စီးပွား ရေးကိုလည်း သေချာလုပ်ရမယ်။ ဒါ ကြောင့်လည်း ကျွန်တော့်အနေနဲ့ စီးပွားရေးကို သေချာကြိုးစားပြီးလုပ် နေပါတယ်”လို့ သူစီးပွားရေးလုပ်ဖြစ် နေခြင်းအကြောင်းကို ကောင်းခန့်က ပြောပြပါတယ်။ မင်းသမီးတွေထဲမှာ ဆိုရင်လည်း သရုပ်ဆောင် ခင်လေး နွယ်က Thing 4u ဆိုတဲ့ ဆိုင်လေး ကိုဖွင့်လှစ်ထားပါတယ်။

သူကတော့ဇာတ်ကားတွေမရိုက်ကူးတော့ပါဘူး။ ဒါ့အပြင် ဒါရိုက်တာကြည်ဖြူသျှင် ဆိုရင်လည်း အခုနောက်ပိုင်းမှာ ဇာတ်ကားတွေ သိပ်မရိုက်ကူးဖြစ် တော့ပဲ D nae အလှကုန်ပစ္စည်း တွေကို မိတ်ဆွေတစ်ယောက်နဲ့အတူထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ အခုခေတ်မှာတော့ အနုပညာရှင် တွေအနေနဲ့ ခေတ်ရဲ့ပြောင်းလဲမှု တွေနဲ့အတူ စီးပွားရေးဘက်ကိုလည်း ခြေလှမ်းလှမ်းထားရင်း သူတို့ချစ်တဲ့ အနုပညာတွေကိုလည်း အကောင် အထည်ဖော်လျက်ရှိနေကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here