Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsမြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်ကိုဖြတ်သန်းချင်တဲ့ စည်သူ ဒေါ်မြင့်မြင့်ခင်

မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်ကိုဖြတ်သန်းချင်တဲ့ စည်သူ ဒေါ်မြင့်မြင့်ခင်

အသက် ၈ဝ ကျော် အဘွားအရွယ်ဖြစ်နေပေမယ့် ဒေါ်မြင့်မြင့်ခင်ကတော့ ရုပ်ရှင်ကို ချစ်တဲ့စိတ် လျော့မသွားပါဘူး။ ရုပ်ရှင်ကို ချစ်မြတ်နိုးလို့လည်း အကယ်ဒမီများရှင်စည်သူ ဒေါ်မြင့်မြင့်ခင်ရယ်ဆိုပြီး ဖြစ်ခဲ့တာပေါ့။ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးရဲ့နာယက တစ်ဦး ဖြစ်တဲ့ဒေါ်မြင့်မြင့်ခင်ကသူကြုံ တွေ့ နေရတဲ့လက်ရှိအခြေအနေတစ်ရပ်ကို အခု လိုပြောပြပါတယ်။

”အိမ်က ကလေးတွေက အခု အစည်းအဝေးတွေ ဘာတွေ ဆိုလို့ရှိရင် သိပ်ပြီးတော့ မသွားစေချင်ဘူး။ အမေကသွားချင်တယ်။ သွားချင် တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုသွားရင် စိတ်ပြေလက် ပျောက်ဖြစ်တယ်။ နောက်ပြီးတော့ ဒီလောက သားတွေနဲ့ ထိတွေ့ချင်တယ်လေ။ အမေက ၁၅ နှစ်သမီးကတည်း ကဒီလောကထဲဝင်လာတာ။ ၁၅ နှစ် နောက်ပိုင်း အချိန်အကုန် လုံးက ရုပ်ရှင်လောကသားတွေနဲ့ပဲ ဖြတ်သန်းလာခဲ့ရ တာပေါ့။ အဲဒီအတွက် ရုပ်ရှင်ကို အမေကချစ်တယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ရောက် သွားပြီဆိုလို့ရှိရင် ပျော်သွားတယ် လေ။ ကလေးတွေ ပြောတာကတော့ ‘မာမီနဲ့ ရွယ်တူတန်းတူ တွေလည်း သိပ်မရှိဘူး။ ဘာဖြစ်လို့သွားမှာလဲ’ ပေါ့။ ဒါပေမဲ့ အမေက ခေတ်ကလေးတွေရဲ့ အနေအထားကိုလည်း ကြည့်ချင်တယ်။ နောက်ပြီးတော့ အားလည်း ပေးချင်တယ်” လို့ ဒေါ် မြင့်မြင့်ခင်က ပြောပါတယ်။ လက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင်မျိုးဆက်တွေကို လည်း ဒေါ်မြင့် မြင့်ခင်က သူတို့ခေတ်နဲ့ ယှဉ်ပြီး ဆုံးမစကား ဆိုပါ တယ်။ ပေါ်ပင်ဖြစ်ချင်လို့ ရုပ်ရှင်ရိုက်တာထက် ရုပ်ရှင်ကိုချစ်လို့ ရုပ်ရှင် ရိုက်တာမျိုး ဖြစ်စေချင်ကြောင်းလည်း ပြောပါတယ်။

”ရှင်းရှင်းပြောရရင်တော့ အမေတို့ ခေတ်ထက် သူတို့က ပိုကံ ကောင်းတယ်။ အမေတို့ခေတ်တုန်းက ဆိုရင်အမေတို့ရဲ့ အနုပညာ ကို ဘယ်သူမှ အားမပေးဘူး။ ရှင်းရှင်းပြောရရင် မိသားစုကလည်း အားမပေးဘူးလေ။ အဲဒီတော့ အခုကလေးတွေက သိပ်ပြီး ကံကောင်းတယ်။ ကံကောင်းတာဖြစ်တဲ့အတွက် အမေတို့လိုပဲရေရှည်ပေါ့။ ပရိသတ်နဲ့ အမြဲတမ်းထိတွေ့စေချင်တယ်။ ခဏလေးနဲ့ ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါ ကလေးတွေ အတွက် အမေ့ရဲ့ ဆုံးမစကားပါပဲ” လို့ ဒေါ်မြင့်မြင့်ခင် ကဆိုပါတယ်။ ဒေါ်မြင့်မြင့်ခင်တို့ ခေတ်တုန်းက အတွေ့အကြုံ တွေကို ပြန်လည်ပြောပြဖို့လည်း သူ့ဘက်ကအဆင်သင့်ပါပဲ လို့ဆို တဲ့ သူမက…

”အခုကတော့ သိပ်ပြီးတော့ မတွေ့ကြတော့ဘူးပေါ့။ အရင်တုန်းကဆိုရင်တော့ နိုင်းနိုင်း တို့နဲ့ အမြဲစကား ပြောဖြစ်တယ်။ အမေငယ်ငယ်တုန်းက သရုပ်ဆောင်ခဲ့တဲ့အကြောင်းတွေ ပြောပြ ရင်နိုင်းနိုင်းက သိပ်သဘောကျတာ။ ‘အမေပြော လေ…. အမေတို့ ဘယ်တုန်းက ဘာလေးရိုက်ခဲ့တာ’ စသဖြင့်ပေါ့။ သူက အရမ်းနားထောင်တယ်။ အခုက အဲဒီလိုအချိန်ပေးပြီး နားထောင် မယ့်သူမရှိတော့ဘူး။ အချိန်က တန်ဖိုး သိပ်ရှိနေကြပြီလေ။ အဲဒီလိုဖြစ်နေ တာပေါ့။ အေးအေး ဆေးဆေးကို မပြောရဘူး” လို့ ပြောပါတယ်။ လာမယ့် ၂ဝ၂ဝ မှာ နှစ်တစ်ရာပြည့်တော့ မယ့် မြန်မာ့ရုပ်ရှင် အပေါ်ကိုလည်းဒေါ်မြင့်မြင့်ခင်က…

”ရုပ်ရှင်ကို အမေ အခုထက်ထိ ချစ်နေတုန်းပဲ။ ရုပ်ရှင် သမားတွေကို မကောင်းတာ ပြောရင်လည်း မခံချင်ဘူး။ ဘာပဲ ပြောပြော မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်မှာ ကိုယ့်လောကသား တွေနဲ့ ကလေးတွေနဲ့ အတူတူဖြတ်သန်းချင် ပါသေးတယ်”လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်ဓာတ်ပုံ-အောင်ဇော်မင်း၊ မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071