(၁)
တစ်ခါက စောဘရန်ဂေါက်ဟာ ပြင်ပစိတ်ရောဂါကုဆေးခန်းတစ်ခု ဆီ ရောက်လာတယ်။
ဆေးခန်းထဲက စိတ်ရောဂါ အထူးကုဆရာဝန်က စောဘရန် ဂေါက်ကို ခရီးဦးကြိုပြုရင်း…
”သူကြီးမင်း ကျွန်တော်ဘာများ ကူညီရမလဲ ခင်ဗျ”
စောဘရန်ဂေါက်က
”ဒီလိုပါ ဆရာ ကျွန်တော့်မိန်းမက၊ သူ့ကိုယ်သူ ‘စန္ဒရား’လို့ ပြောနေတယ်။ အဲဒါ ကျွန်တော်ဘာလုပ်ရမလဲ”
ဆရာဝန်ကလည်း သူ့စကား ကြောင့်၊ သူ့ဇနီးဖြစ်သူဟာ စိတ်ရော ဂါသည်တစ်ဦးဖြစ်တယ်ဆိုတာ သိရလို့…
”ဒီလိုဆို ခင်ဗျားဇနီးသည် ကျွန်တော့်ဆေးခန်းခေါ်ခဲ့ပါ။ ကျွန်တော်စစ်ဆေးကြည့်မယ်”
ဆရာဝန်ဒီလိုပြောလိုက်တော့ စောဘရန်ဂေါက်က ဆေးခန်းအခြေ အနေကို အရင်ကြည့်လိုက်တယ်။ ဆေးခန်းက ကျဉ်းကျဉ်းလေး။ ပြီးတော့ ဆေးခန်းဝင်ပေါက်ကလည်း သေးသေးလေးဖြစ်နေတာ တွေ့ရတော့
”ဟာ ဆရာ ဒါတော့ မဖြစ်နိုင်ပါဘူး။ ဆရာ့ဆေးခန်းက သေးသေး လေး ကျွန်တော့်စန္ဒရားက အကြီးကြီး ဘယ်ဖြစ်မလဲ”
”အဲဒါဆိုလည်း ဆေးခန်းကျယ်တဲ့ ဆေးခန်းကို ခင်ဗျားစန္ဒရားသွား ပြတော့’လို့ ပြောပြီး စောဘရန်ဂေါက်ကို နှင်ထုတ်လိုက်တယ်။ အဲဒီလို ပြောလိုက်တော့ စောဘရန်ဂေါက် ဘာရမလဲ။ လှည့်ပြန်လာတာပေါ့။ စိတ်ဆရာဝန်ကလည်း လှည့်ပြန်သွားတဲ့ စောဘရန်ဂေါက်ရဲ့ ကျောပြင်ကို ကြည့်ရင်း
”ဒီလူ့နှယ် ကြံကြံဖန်ဖန် စန္ဒရားနဲ့မှ အိမ်ထောင်ကျရတယ်”လို့ တကယ်ဆို အငယ်အ နှောင်းသဘောမျိုးထားလည်း ရတာပဲ ဥစ္စာ”
(၂)
စောဘရန်ဂေါက်ရဲ့ မိန်းမမဒမ်ဂေါက်က ယောက်ျားကို ခိုင်းတဲ့နေရာမှာ အလွန်ကို အကွက်စေ့တယ်။ ထောင့်စေ့တယ်။ စေ့ပုံက အပ်ချစရာ မရှိအောင်ကို စေ့တယ်လို့ ပြောရမတတ်ပါ။ ဒါကို စောဘရန်ဂေါက် အလွန်ချဉ်ပါတယ်။ စောဘရန်ဂေါက် စိတ်ထဲမှာလည်း ဒီမိန်းမဘယ် လောက်ထောင့်စေ့စေ့၊ မစေ့စေရဘူး။ သူ့အစေ့ထဲ အပ်ချစရာ နေရာ တစ်နေရာတော့ ရှိရမယ်လို့ အမြဲ တွေးတယ်။
တစ်ရက်မှ မဒမ်ဂေါက်ဈေးဝယ် ထွက်မယ်ပြင်ဆင်နေတုန်း စောဘ ရန်ဂေါက်ကို ထောင့်စေ့စေ့ ဒီလိုခိုင်း သွားတယ်။
”ကိုဘရန်ကြီးရေ ကျုပ် အပြင်ထွက်မလို့ အိမ်နောက်ဖေးမှာ အဝတ်လှမ်းစရာ သစ်သားတန်းလေးတစ်ခု ရိုက်ထားစမ်းပါ။ တူနဲ့ သံထားတဲ့ နေရာသိတယ်မဟုတ်လား။ ဟို … လွှထားတဲ့နေရာမှာလေ။ အဲ .. တော်က မျက်စိမှုန်တော့ ပြောရဦးမယ်။ ဗီရိုပေါ်မှာ ကြက်ခြေနီသေ တ္တာရှိတယ်။ သေတ္တာထဲမှာ ပတ်တီး ရှိတယ်။ ဂွမ်းရှိတယ်။ ကတ်ကြေးရှိတယ်။ ပြီးတော့ တင်ချယ်ရှိတယ်။ တင်ချယ်က အနာကျက်လွယ်တယ်။ မမေ့နဲ့”
အဲသလိုပြောပြီး မဒမ်ဂေါက် အိမ်ထဲကနေ ခပ်ကြော့ကြော့လေး ထွက်သွားတယ်။ သူမလမ်းပေါ် မရောက်ခင်မှာပဲ စောဘရန်ဂေါက် ဆီက မေးခွန်းတစ်ခု လှမ်းမေးလိုက်တယ်။
”မိန်းမရေ.. ဒေါက်တာအောင်ကြီး ဖုန်းနံ ပါတ်လေး ပြောခဲ့ပါဦး”
(၃)
စောဘရန်ဂေါက်နဲ့ ဟန်နီဟာ ‘နှစ်ယောက်ပေါင်း နှစ်ဂေါက်’လို့ ပြောရမယ့်သူတွေပါ။
တစ်ရက်မှာ စောဘရန်ဂေါက်က ဟန်နီ့ဆီ ဒီလိုစာရေးလိုက်တယ်။
ချစ်သော… ဟန်နီ
ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ်သိပ် မေ့တတ်လို့ပါ။ ညက မင်းဆီက အချစ်ကို တောင်းခံခဲ့တယ်နော်။ အဲဒါ မင်းက ကိုယ့်အချစ်ကို လက်ခံလိုက် မလား။ ငြင်းလိုက်သလားဆိုတာ ကိုယ်အမှတ်မရတော့လို့ အဲဒါလေး ပြန်ပြောစမ်းပါ ဟန်နီ.. နော် ..
ဒီစာရတော့ ဟန်နီက ဒီလို စာပြန်တယ်။
ကိုဂေါက်ရေ
ရှင့်ဆီက ဒီလိုကြားရတာ ကျွန် မဝမ်းသာတယ်။ တကယ်တော့လေ ညက ‘ရှင့်အချစ်ကို ကျွန်မလက်ခံပါတယ်”လို့ တစ်ယောက်ယောက်ကို ပြောလိုက်မိသလားပဲ။ အဲဒါ ဘယ် သူ့ပြောလိုက်မှန်း ကျွန်မမသိဘူးဖြစ်နေတယ်”
ဟန်နီ့စာဖတ်ပြီးတော့ စောဘရန်ဂေါက်စဉ်းစားတယ်။ ဟန်နီက ”ရှင့်အချစ်ကို လက်ခံပါတယ်’လို့ အဖြေပေးခံရသူဟာ ငါများလား၊ ဘယ်သူ့ကို ပါလိမ့်၊ ပြီးတော့ ငါများလား ….
”နှစ်ယောက် နှစ်ဂေါက်ပါဆို …”
စောဘရန်ငြိမ်း
