လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကင်မ် ကာဒစ်ရှန်ရဲ့ ဒေါ်လာသန်းချီတန် တဲ့ ငွေနဲ့ ရတနာပစ္စည်းတွေ ပြင်သစ် နိုင်ငံမှာ ခိုးယူခံခဲ့ရပြီးနောက် အခု ရက်ပိုင်းအတွင်း AIG လို့ခေါ်တဲ့ အမေရိကန်အာမခံကုမ္ပဏီက ကင်မ် ရဲ့ သက်တော်စောင့်ဟောင်းဖြစ်သူကိုအောက်တိုဘာလ ၉ ရက်နေ့က တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။
တရားစွဲဆိုခံရတာကတော့ ကင်မ်ရဲ့ သက်တော်စောင့်ဟောင်း ဖြစ်သူ Pascal Duvuer နဲ့ သူ့ရဲ့ သက်တော် စောင့်ကုမ္ပဏီကို ဖြစ်ပြီး တရားစွဲဆိုတဲ့ AIG ဘက်က ဒေါ်လာ ၆.၁ သန်းရလိုမှုနဲ့ စွဲဆိုလိုက်တာပါ။
AIG ရဲ့ စွဲချက်ထဲမှာသက်တော်စောင့် လုပ်ငန်းလုပ်ဆောင်ရာမှာပေါ့ဆ မှု၊ ပျက်ကွက်မှု၊ လုပ်ဆောင်ပုံညံ့ဖျင်းမှု၊ တာဝန်မခံမှုစတဲ့အချက်တွေ ခေါင်းစဉ် တပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
၂ဝ၁၆ ခုနှစ်က ကင်မ်ဟာ ပဲရစ်ဖက်ရှင်ရှိုးပွဲကို တက်ရောက်ဖို့ ပြင်သစ် နိုင်ငံပဲရစ်မြို့ မှာယာယီနေထိုင်နေတဲ့အခိုက်ဖြစ်ပါတယ်။ မှုခင်း မှတ်တမ်း တွေအရ ကင်မ်ပျောက်ဆုံးသွားတာ ဒေါ်လာ ၁ဝ သန်း ဝန်း ကျင်နဲ့ ရတနာ ပစ္စည်းအချို့လို့ သိရှိရပါတယ်။
Ref:CNN