Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesငယ္ငယ္ကေဘာလံုးကစားသမား

ငယ္ငယ္ကေဘာလံုးကစားသမား

ကျွန်တော်တို့ အိမ်နဲ့ အိမ်ဝန်းထရံကြားတွင် ကွက်လပ်ကလေးက တော်တော်ကျယ်ဝန်းပါသည်။ အဖေ ယူလာတဲ့ ဂွမ်းဘောလုံး (တင်းနစ် ဘောလုံး)လေးနဲ့ အိမ်ခါးပန်းကို ပေါက်ပြီး ကျွန်တော်ကစားတတ်ပါ သည်။ တစ်ယောက်တည်း ဘောလုံး လေးနဲ့ ပြေးလွှားဆော့ကစားတတ် ပါသည်။ ကျွန်တော့်မှာ အစ်ကိုတစ် ယောက်နဲ့ ညီတစ်ယောက်ရှိပါသည်။ တခြားဝမ်းကွဲညီအစ်ကိုများလည်း ရှိ ပါသည်။ သူတို့တစ်တွေအပြင် သူ ငယ်ချင်းများလည်း ကျွန်တော်တို့ အိမ်သို့ လာကစားတတ်ပါသည်။အ မြဲတမ်းကစားနေတော့ ဘောလုံးကို ထိထိမိမိ သိလာပါသည်။ လူခွဲကန် လျှင် ကျွန်တော့်ကို အဓိကထားခေါ် ယူတတ်သည်အထိ ဖြစ်လာပါသည်။

သို့သော် ကျွန်တော်သည် လူ ကောင်သေးညက်ပါသည်။ ဘောလုံး ကျွမ်းကျင်ပေမယ့် လူကောင်သေးတဲ့ အတွက် ကြောက်စိတ်အနည်းငယ် ရှိ ပါ၏။ မူလတန်းလက်ရွေးစင်ရွေးခဲ့ ပေမယ့် မကန်ဖြစ်ခဲ့ပါ။ အလယ်တန်း လက်ရွေးစင်ရွေးခဲ့ပေမယ့် မကန်ဖြစ် ခဲ့ပါ။ ကျွန်တော်သည် ရုပ်ရှင်မင်းသား မြင့်အောင်၏ ညောင်ရမ်းညီနောင် ရုပ်ရှင်ကို ကြည့်ဖြစ်ပါသည်။ ထို ကားတွင် မြင့်အောင်သည် အရင်မြင့် အောင်နှင့် မတူအောင် သရုပ်ဆောင် ထားပါသည်။ ခန္ဓာကိုယ်သည်လည်းြ<ွကက်သားများ အပြိုင်းအရိုင်းဖြင့် ကြည့်ကောင်းပါသည်။

ထိုကားကိုကြည့်ပြီးနောက် ကျွန်တော်သည် အလေးမပါသည်။ တန်းဘားလွှဲပါသည်။ ဘောလုံးကန် တဲ့အတွက် အပြေးကတော့ အထူး လေ့ကျင့်စရာ မလိုပါ။

ကျွန်တော်ဆယ့်လေးငါးခြောက် နှစ်သားက ကျွန်တော်တို့တစ်တွေ တောင်တွင်းကြီးကန်ပေါင်ပေါ်မှာ အပြေးလေ့ကျင့်ကြပါသည်။ မနက် ဝေလီဝေလင်း မီးတုတ်ကြီးများ ထွန်း ညှိကာ ပြေးကြပါသည်။ အရှေ့ဘက် ကန်ပေါင်အဆုံးအထိ ဖြစ်ပါသည်။

အခုပြန်စဉ်းစားကြည့်ရင် အဲဒီ သူငယ်ချင်းတွေကို သတိတရရှိလှပါ သည်။ ကျွန်တော့်အစ်ကို၏ သူငယ် ချင်း ကျွန်တော်နဲ့ ဘောလုံးကန်ဖော် ကန်ဖက် ကိုလှိုင်မင်း (အောင်ဦးဂုဏ်) ကိုလည်း သတိရပါသည်။ သူနဲ့အတူ တောင်တွင်းကြီး ပတ်ဝန်းကျင်က ရွာ များကို ဘောလုံးသွားကန်တာကို လည်း အမှတ်ရပါသည်။

ကျွန်တော်တို့ သူငယ်ချင်းတစ် တွေ ရန်ပုံငွေရှာခဲ့တာကိုလည်း အ မှတ်ရပါ၏။ အိမ်တွေကိုသွားပြီး အိမ် အတွက် လိုအပ်တဲ့ ထင်းခွဲခြင်း၊ ရေ ခပ်ခြင်းတွေကို လုပ်အားသွားပေး ပါသည်။ အိမ်များက ကျွန်တော်တို့ ကို ငွေတစ်ကျပ်ပေးပါ၏။ ထိုခေတ် က ငွေတစ်ကျပ်သည် အတော်အသုံး ဝင်ပါသည်။ မုန့်ပျားသလက်တစ်ခုမှ ဆယ်ပြားသာ ပေးရပါသည်။ ၁၉၆၆ -၁၉၆၇ ပတ်ဝန်းကျင်က ဖြစ်ပါသည်။

ရသောငွေဖြင့် အင်္ကျီကို တံဆိပ် ရိုက်ပြီး ဝတ်ပါသည်။ ကျွန်တော်နေ သော ရပ်ကွက်အမည်က မောင်းတိုင် ဖြစ်ပါသည်။ ထို့ကြောင့် အင်္ကျီတွင် မောင်းတိုင်ဟူသော အမည်ပါပါ သည်။ ထိုအင်္ကျီလေးကို စွဲလမ်းပါ သည်။

ကျွန်တော်တို့ ငယ်ငယ်က ကမ္ဘာ့ဘောလုံးပွဲများကို အခုလို တစ် ဝကြီးမကြည့်ရပါ။ ရုပ်ရှင်ကြည့်သော အခါ ထွေလာဟုခေါ်သော ရုပ်ရှင် မပြခင်ကားတိုလေးတွေ ပြတာကိုသာ ကြည့်ရပါသည်။ ကျွန်တော်တို့ ငယ် စဉ်က ဘောလုံးနည်းစနစ်မှာ ၂၊ ၃၊ ၅ ဖြစ်ပါသည်။ နောက်ဆုံးနှစ်ယောက် မှာ ဝေးဝေးကန်၊ ပြင်းပြင်းကန်တတ် လျှင် ရပါသည်။ အခုခေတ်လို ဘော လုံးကို ဂိုးသမားထိအောင် ပြန်ပေးတဲ့ နည်းစနစ်လည်း မရှိပါ။ တိုက်စစ်ကို အသားပေးကစားပါသည်။ ရှေ့တန်း တွင် ငါးယောက်အထိ ထားသည်ကို ကြည့်ပါ။

မဟာဒူးတို့ခေတ်တွင် မြန်မာ နိုင်ငံကို ၄-၂-၄ စနစ်ရောက်လာပါ သည်။ အရှေ့တောင်အာရှတွင် ဘောလုံးတွင် မြန်မာဖြစ်ခဲ့ပါ၏။ အခုတော့ နည်းစနစ်တွေ စုံခဲ့ပြီ။ ၄-၂-၃-၁ နောက်ပြီး ၄-၃-၃ အစရှိ သဖြင့်အခုအချိန်မှာ စဉ်းစားမိတာ များရှိပါသည်။ ဘောလုံးနဲ့ နွယ်ပြီး တော့ပါ။ ဘဝတွင် ခံစစ်အရေးကြီး သလို တိုက်စစ်လည်း အရေးကြီးပါ သည်။ တိုက်စစ်ဖွင့်ချိန် ခံစစ်ကျိုး ပေါက်လို့လည်း မဖြစ်ပါ။ ခံစစ်ကြီး ဖြစ်နေပြန်ရင်လည်း အောင်မြင်မှုရ ဖို့ခက်ပါသည်။ တောင့်ခံရမည့်အချိန် လား။ ရုန်းထရမည့်အချိန်လားဆိုတာ အတွေ့အကြုံနဲ့ ဥာဏ်ပညာအရ သိ ဖို့ အရေးကြီးသည်ဟု ထင်ပါသည်။

ကျွန်တော်တက္ကသိုလ်ရောက် တော့ တက္ကသိုလ်တွင် ဘောလုံးပွဲများ မရှိတော့ပါ။ ကျွန်တော်တို့အရင်က တက္ကသိုလ်သည် ပျော်စရာအလွန် ကောင်းခဲ့ပါသည်။ မေဂျာအလိုက် လူရွေးပွဲများလည်း မရှိတော့ပါ။ တက္ကသိုလ်လက်ရွေးစင်ဆိုတာတော့ ဝေးပေါ့။

ငယ်စဉ်က အပူအပင်အကြောင့် အကြကင်းသော ဘဝကို ရရှိခဲ့ပါ သည်။ ကျွန်တော့်အဖေသည် ကျောင်းဆရာဖြစ်ပါသည်။ လခသုံး ရာကျော်ရပါသည်။ ထိုသုံးရာကျော် သည် ကျွန်တော်တို့ မိသားစုသာမက တူ၊ တူမတွေကိုပါ အဖေသည် ခေါ် ယူကျွေးမွေး ပညာသင်ပေးနိုင်ခဲ့ပါ သည်။

ညနေကျောင်းဆင်းရင် လွယ် အိတ်ကို ပစ်ချ၍ မျက်နှာချင်းဆိုင်ရှိ ရတနာဒေဝီကျောင်းဝန်းသို့ ပြေးပါ တော့သည်။ ကျွန်တော်တင်မက သူ ငယ်ချင်းများလည်း ထို့အတူ ဖြစ်ပါ သည်။ ဘောလုံးကန်ပြီးရင်တော့ သူ ငယ်ချင်းတချို့တလေ ကျွန်တော့်အိမ် သို့ ရေလိုက်ချိုးကြပါသည်။

အခုအချိန်တွင် ကျွန်တော့် အသက် ခုနစ်ဆယ်နားသို့ နီးပါပြီ။ ကျွန်တော့်အတွေးထဲတွင် တစ်ခါ တစ်ခါတော့ ဘောလုံးကန်လို့။ ကျွန် တော့် အမေက စာမကျက်လို့ ဆူလို့၊ ညီအစ်ကိုမောင်နှမတစ်တွေ ဆော့ လိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ အပူအ ပင်မရှိတဲ့ ဘဝ၊ နွေးထွေးတဲ့ဘဝ။

ကျွန်တော် အဲဒီဘဝလေးကို အ မြဲသတိရလွမ်းဆွတ်နေမိပေသည်။

မောင်ကြည်သာ

(တောင်တွင်း)

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071