Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesအယ္ဒီတာ့ဘဝ အယ္ဒီတာ့ကမာၻ

အယ္ဒီတာ့ဘဝ အယ္ဒီတာ့ကမာၻ

၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ မန္တလေးမြို့ကထုတ်ဝေတဲ့ လူထုသတင်းစာမှာ အလုပ်သင်အယ် ဒီတာဖြင့်စတင်လုပ်ကိုင်ခဲ့ပြီး ဂျာ နယ်၊ မဂ္ဂဇင်း၊ သတင်းစာများမှာ အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာချုပ်၊ တာဝန်ယူလုပ်ကိုင် ခဲ့သူ ဆရာမောင်သစ်လွင်(လူထု)ကို အယ်ဒီတာဘဝဖြတ်သန်းဖြစ်ပုံများ နှင့်အယ်ဒီတာပညာများ ဆည်းပူးခဲ့ပုံ ကို ကျွန်တော်တို့လို လူငယ်အယ်ဒီ တာတွေ သိရှိပညာရရှိစေဖို့ မေးခွန်း ပေါင်း ၂ဝ တိတိမေးမြန်းဖြစ်ပါတယ်။ ဒါပေမယ့် ဆရာမောင်သစ်လွင်လူ ထုဟာ ကျန်းမာရေးမကောင်းတာ ကြောင့် မေးခွန်း(၁)နဲ့(၂ဝ)ကိုသာ ဖြေပေးနိုင်ပါတယ်။ လူငယ် အယ်ဒီ တာတွေ ပညာရစေဖို့ နေမကောင်းတဲ့ ကြားက သေချာဖြေပေးခဲ့တဲ့ ဆရာ့ရဲ့ စေတနာကို လေးစားမိပါတယ်။

သို့

ဆရာညိုသစ်ငယ်ကျွန်တော့်ကျန်းမာရေးအခြေ အနေကြောင့် မေးခွန်း ၁ နဲ့ မေးခွန်း ၂ဝ ကိုပဲ ဖြေပေးလိုက်ပါတယ်။ ခွင့် ပြုပါခင်ဗျား။

မေး – ဆရာ မင်္ဂလာပါ။ ဆရာ့ရဲ့ အယ်ဒီတာဘဝဖြတ်သန်းဖြစ်ခဲ့ပုံများ ကို ပြောပြပေးပါဆရာ။ ဘယ်ခုနှစ်က အယ်ဒီတာ စဖြစ်တာလဲ။ အယ်ဒီတာ ဖြစ်အောင် ပညာဘယ်လိုသင်ယူခဲ့ရ လဲ။ အယ်ဒီတာ စဖြစ်တဲ့ခံစားချက် များကို ပြောပြပေးပါဆရာ။

ကျွန်တော်အသက် ၁၈ နှစ်သား ၁၉၅၂ ခုနှစ်မှာ သွေးသောက်မဂ္ဂဇင်း က ကျင်းပတဲ့ စာညွန့်ပြိုင်ပွဲကို ဝင် ပြိုင်တဲ့အခါ ဒုတိယဆုရရှိခဲ့တယ်။ အဲ ဒါကျွန်တော့်စာပေဘဝအစပါပဲ။ ၁၉၅၅ ခုနှစ်ရောက်တဲ့အခါမှာတော့ ကျွန်တော်စာဆက်ရေးလို့ သွေးသောက် မဂ္ဂဇင်းမှာပဲ စာညွန့်၊ ဆောင်းပါးနဲ့ ဝတÄုတိုတွေ ဖော်ပြခံခဲ့ရပါတယ်။
၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်မှာတော့ မန္တလေးမြို့က ထုတ်ဝေ တဲ့ လူထုသတင်းစာမှာ အလုပ်သင် အယ်ဒီတာ စလုပ်ရပါတယ်။ သတင်း စာပညာကို လူထုဦးလှ၊ လူထုဒေါ် အမာ၊ အယ်ဒီတာသူရ (ရှမ်းပြည်)နဲ့ စာပြင်ဆရာကြီး ဦးလေးဟန်တို့က သင်ပြပေးပါတယ်။ သတင်းစာပညာ အရပ်ရပ်သင်ယူပြီးမှ အယ်ဒီတာစားပွဲ ထိုင်ပြီး အယ်ဒီတာတာဝန်ထမ်း ဆောင်လုပ်ကိုင်ရပါတယ်။

အထူးသဖြင့် လူထုဦးလှရဲ့ သွန် သင်မှုက တစ်သက်စာ လိုက်နာကျင့် သုံးရတာမို့ တန်ဖိုးကြီးလှပါတယ်။ ဦးလေးရဲ့ သွန်သင်မှုက ယုံကြည်ချက် ခိုင်မာရမယ်။ စေတနာမှန်ရမယ်။ ပြည်သူ့ဘက်မှာ ရပ်ရမယ်ဖြစ်ပါ တယ်။ တစ်သက်လုံး သုံးပေရော့လို့ ပေးလိုက်တဲ့ ရတနာကတောဲ့သကမ-ညေူငျအငခှိုငေ သတင်းစာဆရာ အမြင်ရှိစေတာပါပဲ။ ပြီးတော့ အခြေ အနေအချိန်အခါအရ သေနင်္ဂဗျူဟာ နဲ့ နည်းပရိယာယ်အပြောင်းအလဲများ လုပ်ပြီးရေးသားဖို့လည်း သွန်သင်ပေး လိုက်ပါတယ်။ သတင်းစာအယ်ဒီတာ တစ်ယောက်အနေနဲ့ လုပ်ရတဲ့ အ လုပ်တွေထဲမှာ ဘာသာပြန်အလုပ်က လည်း လိုအပ်တာမို့ ဒေါ်ဒေါ်လူထု ဒေါ်အမာ နဖူးတွေ့ဒူးတွေ့ အလုပ် လုပ်စေပြီး သင်ကြားပေးပါတယ်။

ကျွန်တော် အယ်ဒီတာဘဝဖြတ် သန်းမှုကတော့ လူထုသတင်းစာမှာ အခက်အခဲအဖိအနှိပ်အချုပ်အချယ် မျိုးစုံရင်ဆိုင်ခဲ့ရပြီး ၁၉၅၇ ခုနှစ် ကစလို့ ပိတ်စေဆိုတဲ့ ၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်အထိ လုပ်ကိုင်ခဲ့ရပါ တယ်။

၁၉၈၈ ခုနှစ် အရေးအခင်းကာ လမှာ ရတနာပုံဂျာနယ်နဲ့ အရုဏ်သစ် ဂျာနယ်အယ်ဒီတာချုပ်တာဝန်ထမ်းခဲ့ တယ်။

အဲဒီကာလက ထုတ်ဝေခဲ့ကြတဲ့ သတင်းစဉ်၊ ဂျာနယ် သတင်းစာမူရင်း ၃၂ စောင် ကျွန်တော်သိမ်းထားတယ်။ ဒါတွေပဲ။ (ကျွန်တော်က ‘တိုက်ပွဲဝင် သတင်းစာများ’ထုတ်ခဲ့တယ်လေ။)

၁။ ဒေါင်းမြန်မာ သတင်းစဉ်
၂။ အရေးတော်ပုံ သတင်းစဉ်
၃။ ရှစ်လေးလုံး သတင်းစာ
၎။ သံမဏိ သတင်းစာ
၅။ အိမ်တော်ရာ သတင်းစာ
၆။ ပြည်သူ့အာဘော် အရေး တော်ပုံသတင်းစာ
၇။ အာဇာနည်သတင်းလွှာ
၈။ ပြည်သူ့ဟစ်တိုင် သတင်းစာ စောင်
၉။ အရုဏ်သစ်ဂျာနယ်
၁ဝ။ ဂဠုန်နီသတင်းစဉ်
၁၁။ ခွပ်ဒေါင်းသတင်းစဉ်
၁၂။ နိုင်ငံသစ်သတင်းစာ
၁၃။ ပြည်သူ့အားမာန်သတင်း လွှာ
၁၄။ ဗဟိန်းဂျာနယ်
၁၅။ တက္ကသိုလ်သတင်းစဉ်
၁၆။ ဒေါင်းသဝဏ်ဂျာနယ်
၁၇။ ရှေ့နေသတင်းစဉ်
၁၈။The Call ခွန်းဆင့်သံ
၁၉။ ပြည်သူ့ခုံရုံး ဖြစ်ရပ်မှန် သတင်းများ
၂ဝ။ သတင်းလွှာ
၂၁။ ဧရာဝတီသတင်း
၂၂။ ဒီမိုကရေစီသတင်းလွှာ
၂၃။ နိုင်ငံသစ် သတင်းစာ
၂၄။ စွမ်းအား သတင်းစုံ
၂၅။ ခေတ်ကြို သတင်းစာ
၂၆။ မိုးသောက်ကြယ် သတင်း စဉ်
၂၇။ ရှေ့နေသတင်းစဉ်
၂၈။L D P အမရပူရသတင်းစဉ်
၂၉။ ပြည်သူ့အတွက် သတင်း လွှာ
၃ဝ။ ဂီတပြည်သူ့ ဒီမိုကရေစီ
၃၁။ ခွပ်ဒေါင်းသစ်စာစဉ်
၃၂။ တက္ကသိုလ်သတင်းလွှာ

၁၉၈၉-၉ဝ ခုနှစ်မှာ ရွှေဝတ် ရည် မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ အဖြစ် ဆူးငှက်၊ စိုးဝင်းငြိမ်း၊ ကိုငြိမ်း (မန္တလေး)တို့နဲ့အတူ လုပ်ခဲ့တယ်။

၂ဝ၁၅ ခုနှစ်မှာတော့ တစ်ပြိုင် နက်တည်း စာနယ်ဇင်းသုံးခုမှာ တာ ဝန်ယူခဲ့ပါတယ်။ တစ်ခုက မန္တလေး စာမျက်နှာအတိုင်ပင်ခံ၊ တစ်ခုက လူ့ ဘောင်သစ်ဂျာနယ် နာယက၊ တစ်ခု က ဟူးကောင်းလွင်ပြင်ဂျာနယ်အတိုင် ပင်ခံတာဝန်ယူခဲ့ရပါတယ်။

အယ်ဒီတာဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်တဲ့အခါ လူထုသတင်းစာ အယ်ဒီတာဘဝမှာ အခက်အခဲတွေ ဘယ်လောက်တွေ့တွေ့ ကြံ့ကြံ့ခံတယ်။ အမြဲတမ်းကျေနပ်အားရတယ်။ ရွှေ ဝတ်ရည် မဂ္ဂဇင်းအယ်ဒီတာလုပ်တဲ့ အခါလည်း အဖြတ်အတောက် အဆို့ အပိတ်အတားအဆီးဘယ် လောက်ခံ ရခံရ ကိုယ်သွားချင်တဲ့လမ်းဖြစ် အောင် လှမ်းခဲ့ရလို့ လူငယ်တွေနဲ့ အတူ ရွှင်လန်းလို့ပါပဲ။

လူ့ဘောင်သစ်က ကျွန်တော့်ဆီ လာပြီး မေတ္တာရပ်ခံကြတာကဖြင့် အမှတ်တရပါပဲ။ တပျော်တပါး တ ဟားဟားနဲ့ ခါးသီးတာတွေ လွှင့်ပစ် ခဲ့တယ်။

မေး – ဆရာ့စာပေဖြတ်သန်းမှု တစ် လျှောက်လုံးမှာ စံထားရတဲ့ အယ်ဒီ တာများနဲ့ စာပေအနုပညာ စံထား ရတဲ့ မဂ္ဂဇင်းများအကြောင်းကိုလည်း ပြောပြပေးပါ ဆရာ။ ဘာကြောင့် စံ ထားရတယ်ဆိုတာလည်း ရှင်းပြပေး စေလိုပါတယ်။

ဆရာတင့်တယ်

ဟုတ်ကဲ့၊ ကျွန်တော့်စာပေဖြတ် သန်းမှုတစ်လျှောက်လုံးမှာ စံထား ရတဲ့ အယ်ဒီတာများနဲ့ စာပေအနု ပညာစံထားရတဲ့မဂ္ဂဇင်းများ သတင်း စာများရှိပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွား တဲ့အခါ ၁၉၄၆ ခုနှစ်လောက်ကစပြီး မြန်မာပြည်မှာ စာပေမဂ္ဂဇင်းတချို့ ပေါ်ထွက်လာပါတယ်။ ရှုမဝ၊ သွေး သောက်နဲ့ စာပေမဂ္ဂဇင်းငယ် တစ် စောင်ဖြစ်တဲ့ စာပဒေသာတို့ဟာ ထင် ရှားတဲ့ မဂ္ဂဇင်းသုံးစောင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒီမဂ္ဂဇင်းသုံး စောင်ကတော့ ကျွန်တော်စံထားရတဲ့ မဂ္ဂဇင်းအဖြစ်သတ်မှတ်ပါတယ်။ စံထားရတဲ့ မဂ္ဂဇင်းဖြစ်မှတော့ အဲဒီ မဂ္ဂဇင်းတွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ အယ် ဒီတာများကလည်း စံထားရတဲ့ အယ် ဒီတာပဲပေါ့။
ဒီအယ်ဒီတာတွေဟာ သူတို့မှာ ရှိတဲ့ လုပ်ပိုင်ခွင့်ထဲကနေလုပ်သင့် လုပ်ထိုက်တာကို လုပ်သွားခဲ့ကြတာ ကဖြင့် စံထားလောက်ပါတယ်။ အ နည်းငယ်စီထုတ်ပြရပါစေ။ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင် ငံ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံရလို့ ကျဆုံးသွားတဲ့အခါ၊ အယ်ဒီတာဆရာ တင့်တယ်က စာပဒေသာမဂ္ဂဇင်းမှာ ထူးထူးခြားခြားဝမ်းနည်းမှတ်တမ်း တင်ခဲ့ပါတယ်။’မြန်မာနိုင်ငံတော် သမိုင်းသွေးစွန်းခဲ့ပြီ+တဲ့။ တစ်နိုင်ငံ လုံး ယူကျုံးမရ အပူလုံးကြွတဲ့အချိန်မှာ သူ့မဂ္ဂဇင်းမှာ အရောင်တွေ တလွင် လွင် မခြယ်ချင်ဘူးတဲ့။

ဆရာစန္ဒာ မဂ္ဂဇင်းကိုင်တဲ့အခါ မှာလည်း သူ့မဂ္ဂဇင်းအတွက် လိုအပ် မယ်ယူဆတဲ့အချက်ကို စာရေးသူဆီ တင်ပြတောင်းဆိုတတ်ပါတယ်။ က လောင်သေးလေးကိုလည်း တလေး တစား ရေးသားတတ်တဲ့ ကလောင် ရင့်မကြီးပါ။ ထုတ်ဖော်ပြလိုက်ပါ တယ်။

မူမတူ

မျက်နှာဖုံး – ဗိုလ်ချုပ်အောင် ဆန်းတို့ ကျဆုံးခဲ့ရပြီ။ မြန်မာနိုင်ငံ တော်သမိုင်းတွင်လည်း သွေးစွန်း ကွက်ကြီးတစ်ခုထင်ခဲ့ပြီ။ သို့သော် လည်း ဝမ်းနည်းခြင်းသည် ဇွဲပေါ် ထွက်ရာ အခြေခံဖြစ်ရမည်။ နိုင်ငံ တော်သည် လွတ်လပ်ရေးပန်းတိုင် နှင့် ကပ်၍နေပြီဖြစ်ရာ စည်းလုံးညီ ညွတ်စွာချီတက်ကြဖို့ပင် ကျန်တော့ သည်။

ရောင်စုံ – ‘စာပဒေသာ’ ‘မူ’ ဖြစ်သော အတွင်းဘလောက်များကို ရောင်စုံရိုက်သော အဆင်အယင်ကို တမင်တကာပင်ဖြုတ်ထားခဲ့သည်။ တစ်နိုင်ငံလုံး ယူကျုံးမရ ဖြစ်နေခိုက် တွင် ရောင်စုံတလွင်လွင်နှင့် ပျော်ရွှင် ကြည်နူးဖွယ်အဆင်အယင်များကို မသုံးလိုခဲ့။

ဆောင်းပါး – ရာသက်ပန်အသုံး ဝင်မည့် ဆောင်းပါးရှည်ကြီးများကို သာ ရွေးချယ်ထည့်သွင်းပါသည်။ ထို ဆောင်းပါးရှည်ကြီးများ၏ တန်ဖိုးကို စာပဒေသာ ပရိသတ်တို့ ဆုံးဖြတ်ကြ ရန်ပင် ဖြစ်ပါသည်။

 

စာပဒေသာအဖွဲ့
(စာပဒေသာမဂ္ဂဇင်း ၁၉၄၇ သြဂုတ်လ
၂-၁၁-၇၃
ဆက်လက်ဖော်ပြပါမည်။
ညိုသစ်ငယ်

လေးမြတ်စွာ အစီရင်ခံပါသည် ကိုသစ်လွင် ခင်ဗျား။

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071