Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesမီးတောက်ကို ဇောက်ထိုးထားလို့မရ

မီးတောက်ကို ဇောက်ထိုးထားလို့မရ

တစ်ခါတလေကျတော့ ”ဘာမှမဟုတ် တာလေး …”တစ်ခုကြောင့် အကြီးကြီးတွေ တွေးမိသွားတာမျိုး ရှိတတ်ပါတယ်။

ဒီတော့ ကျွန်တော်ဘာမှမဟုတ် တာလေးတစ်ခု ပြောချင်ပါတယ်။ ဟို တစ်လောက ကျွန်တော်စာရေးမယ် ဆိုပြီး ပြင်ဆင်နေတုန်းမှာ ခြင်ဆေး ခွေ မီးညှိရာက လက်ဖျားကို မီးဟပ် သွားပါတယ်။ ဘာမှမဟုတ်တာလေး တစ်ခုပေါ့။ အဲဒါက ဘာမှမဟုတ် တာလေး ဆိုပေမယ့် အဲဒီနေ့က စာ မရေးဖြစ်တော့ဘူး။ လက်တွေက ဘောလ်ပင်မကိုင်နိုင်တော့ဘူး။ အ မှန်ဆို ဘာမှမဟုတ်တာလေးရဲ့ အကြောင်းရင်းက မီးတောက်ကို ဇောက်ထိုးထားပြီး မီးညှိမိလိုက်လို့ပါ ပဲ။

ဒါနဲ့ ကျွန်တော်လည်း ဆက်ပြီး ‘အကြီးကြီး’တွေးတယ်။ ကမ္ဘာ့ဇာတ် ခုံပေါ်မှာလည်း မီးတောက်ကိုဇောက် ထိုးထားခဲ့သူတွေ ရှိသလားပေါ့။ ဒီ အချိန် ကျွန်တော့်အတွေးထဲ ပထမ ဆုံးဝင်ရောက်လာသူကတော့ ဒိုင်အို ဂျီနီ BC ၄၁၂-၃၂၃ ပေါ့။

ဒိုင်အိုက ဂရိပြည်က၊ အရာရာ ထီမထင်ပြုလုပ်လေ့ရှိတဲ့ သဘာဝ ဆရာကြီးတစ်ဦးပါ။ သူနေ့စဉ်နေ့ တိုင်း မှန်မှန်ပြုလုပ်တဲ့အလုပ်ကတော့ ကျောက်ရုပ်တစ်ခုရှေ့သွားပြီး ကျောက်ရုပ်ဆီက တစ်စုံတစ်ခုကို အမြဲတောင်းခံနေတယ်။

ဒီလိုကျောက်ရုပ်ရှေ့မှာ အကြာ ကြီးရပ်ပြီး ကျောက်ရုပ်ဆီက တစ်စုံ တစ်ခုကို လက်ဖြန့်တောင်းနေတာကို သူ့မိတ်ဆွေတွေက နားမလည်ကြဘူး။ ဒါနဲ့ တစ်နေ့တော့ မိတ်ဆွေတစ်ဦး က အကျိုးရှိပုံမရတဲ့ အဲဒီအလုပ်ရဲ့ လျှို့ဝှက်ချက်ရည်ရွယ်ချက်တွေကို မေးမြန်းကြည့်တော့ ဒိုင်အိုက ဒီလို ပြန်ပြောတယ် …

”ကျောက်ရုပ်ဆီက တစ်စုံတစ် ရာ တောင်းခံလို့ ဘာမှမရဘူးဆိုတာ ကျုပ်သိပါတယ်။ အဲ …ကျောက် ရုပ်ဆီက အကျင့်ရတော့ တခြား သက်ရှိတွေဆီက ကျုပ်တောင်းလို့ မရတဲ့အခါ ..စိတ်မထိခိုက်တော့ ဘူးပေါ့ …”

လူဆိုတာ ကိုယ်လိုချင်တာ မရ တဲ့အခါ အတွင်းစိတ်နာကြည်းတတ် တယ်။ စိတ်မာန်ထြ<ွကတတ်တယ်။ ဒါ ကလည်း စိတ်ရောဂါတစ်မျိုးပဲ မ ဟုတ်လား။ ဒိုင်အိုကတော့ အဲသလို နေရာမျိုးက လွတ်မြောက်နေသူတစ် ဦးပဲ ဖြစ်ပါတယ်။

တစ်ခါမှာတော့ အာဏာပိုင် တွေက ဒိုင်အိုကို ‘မာန်မချတဲ့ပုဒ်မ’ နဲ့ ဖမ်းပြီး ကျွန်ဈေးမှာ အကောင် လိုက် ရောင်းဖို့လုပ်ပါတော့တယ်။ ကျွန်ရောင်းသမားတွေကလည်း ကျွန် တွေရဲ့ ကျွမ်းကျင်တဲ့အလုပ်ကို ပြော ပြီး ရောင်းရတာဆိုတော့ ကျွန်ကုန် သည်က ဒိုင်အိုကို ”မင်း ဘာအလုပ် လုပ်တတ်သလဲ ပြောစမ်း”လို့ မေးတဲ့ အခါ ဒိုင်အိုက သူလုပ်တတ်တာကို ပဲ သူဖြေတယ်။

”ကျုပ် သခင်ကောင်းကောင်း လုပ်တတ်ပါတယ်။ ကျွန်တော့ မလုပ် တတ်ဘူး”

အေးလေ ကျွန်ကုန်သည်က ကျွန်ပဲဝယ်ချင်တာ ဒီမှာ သခင် ရောင်းတာဆိုတော့ အရောင်းအဝယ် ဘယ်ဖြစ်တော့မလဲ။

ဒိုင်အိုက ဘယ်သူ့ကျွန်အဖြစ်မှ ခံချင်တာ မဟုတ်ဘူး။ သူ့ကိုယ်သူ ကျွန်နံ့ကင်းစင်ပုံကလည်း ဒီလို …

တစ်ခါမှာတော့ ဒိုင်အိုရဲ့ အိမ် မှာ ခိုင်းစေထားတဲ့ အိမ်ကျွန်တစ် ယောက်ဟာ ဒိုင်အိုအိမ်က ထွက်ပြေး သွားပါတယ်။ ဒိုင်အိုက ထွက်ပြေးတဲ့ ကျွန်ကို လိုက်မရှာ။ အိမ်မှုအောက် ခြေသိမ်းအလုပ်တွေကို သူကိုယ်တိုင် ပဲလုပ်တယ်။ အဲဒါကို မိတ်ဆွေတစ် ဦးက ”ဘာလို့ ဒုက္ခခံနေတာလဲ ဒိုင် အို။ ကျွန်ပြေးကို ပြန်ရှာပြီး ဒီအလုပ် တွေ လုပ်ခိုင်းပါလား”လို့ အကြံပေး ကြတယ်။ ဒီအခါ ဒိုင်အိုက သူ့မိတ် ဆွေကို …

”ခင်ဗျားတို့ သေသေချာချာစဉ်း စားကြည့်ကြပါဦးဗျ။ ကျုပ်ရဲ့ကျွန်က တော့ ကျုပ်နဲ့ကင်းကွာပြီး သူ့ဘာသာ နေနိုင်တယ်။ ကျုပ်ကတော့ ကျုပ်ရဲ့ ကျွန်နဲ့ ကင်းကွာပြီး မနေနိုင်ဘူးဆို တာ ရှက်လည်း ရှက်စရာ၊ သိက္ခာ လည်း ကျတဲ့အခြေအနေမဟုတ်လား။ ကျုပ် …ကျွန်တစ်ယောက်ရဲ့ ကျွန် အဖြစ်မခံဝံ့ဘူး …”

အမှန်တော့ ”ဘာမှမဟုတ်တာ လေး”တွေပါ။ ခြင်ဆေးခွေထွန်းရာ က မီးတောက်ဇောက်ထိုးထားမိလို့ စာမရေးဖြစ်လိုက်တဲ့ အကြောင်းလေး ပါ။ အင်း ..ဘောလ်ပင်ကိုင်နိုင်ရင် တော့ ဒိုင်အိုအကြောင်း ဖြစ်ဖြစ်ရေး ရကောင်းမလား။ ဒါမှမဟုတ်ရင် ဘာမှမဟုတ်တာလေးကစပြီး အကြီး ကြီးတွေဖြစ်ဖြစ် ရေးမိမလား။ ဘာ ညာပေါ့ဗျာ။ ။

စောဘရန်ငြိမ်း

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071