Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesမြန်မာ့ရုပ်ရှင် ....

မြန်မာ့ရုပ်ရှင် . . . ဆန်းသစ်ခြင်း၊ ဆန်းကြယ်ခြင်း၊ တီထွင်ခြင်းများစွာနှင့်


ခေတ်ဆိုတာ အစဉ်မပြတ်ပြုပြင်ပြောင်း လဲခြင်းတွေနဲ့ ရွေ့လျားနေတယ်။ ရွေ့လျားမှု နှေးတာရယ်၊ ရွေ့လျား မှုမြန်တာရယ်ပဲကွာခြားတယ်။ ရွေ့ လျားပြောင်းလဲနေတာတော့ အမှန် ပဲ။ ဒါဟာ ဗုဒ္ဓရဲ့ အနိစ္စဆိုတဲ့ မမြဲ ခြင်းတရားပဲလေ။ အဲဒီလိုပြောင်းလဲမှု တွေကြောင့်ပဲ အသစ်အသစ်ဆိုတာ ဖြစ်လာတာပဲ။ အရင်တုန်းကဆိုရင် ဂီတ (သီချင်းကြီး၊ ခေတ်ဟောင်းတေး၊ ကာလပေါ်)ဆိုပြီးရှိခဲ့ဖူးတယ်။ သီ ချင်းကြီးခေတ်ကို ခေတ်ဟောင်းတေး သီချင်းတွေနဲ့ အစားထိုးပြောင်းလဲခဲ့ တယ်။ အဲဒီအခါ သီချင်းကြီးဆိုတဲ့ ကြိုး၊ ဘွဲ့၊ ယိုးဒယား၊ ပတ်ပျိုး သီချင်း တွေဟာ ဂီတရဲ့အခြေခံနည်းစနစ် တွေနဲ့ စံပြုစရာ ဂန္တဝင်သတ်မှတ်ခဲ့ သလို အလေးဂရုပြုကြရတယ်။ အဆို နည်းပညာ၊ အတီးနည်းပညာကအစ ဆည်းပူးစရာတွေ ဖြစ်ခဲ့တယ်။

ဒါ ကြောင့်လည်း တီးခတ်ဟန်နဲ့ သံစဉ် တွေ၊ အဆိုဟန်တွေကို ခေတ်ဟောင်း သီချင်းတွေမှာ တွေ့ရတယ်။ နောက် ကာလပေါ် သီချင်းရယ်လို့ ခေတ်တစ် ခေတ်ပြောင်းလဲလာပြန်တော့၊ ခေတ် လူတို့ရဲ့ နားနဲ့ ပြုပြင်ပြောင်းလဲဆန်း သစ်ခြင်းခံစားမှုတို့ ဖြစ်စေခဲ့ပြီး သဟ ဇာတဖြစ်စေတယ်။ ဒါပေမဲ့ သီချင်း ကြီးခေတ်ရဲ့ အခြေခံဂီတစနစ်နဲ့ ဆို သံဆိုဟန်တွေဟာ မြန်မာဆိုတဲ့အမျိုး သားရေးဟန်လို့ပဲဆိုဆို၊ ဓလေ့ယဉ် ကျေးမှုလို့ပဲပြောပြော၊ မဖောက်ပြန် ခဲ့ဘူး။ အဲဒီလိုကာလပေါ် ဂီတသံစဉ် တွေ၊ သီချင်းတွေနဲ့ ခေတ်နဲ့လူသား တွေ။ ခေတ်နဲ့သဟဇာတပေါင်းစည်း ဖြစ်တည်သော်လည်း သီချင်းကြီးနဲ့ ခေတ်ဟောင်းသီချင်းတို့ရဲ့ သံစဉ်တွေ အပေါ်ကို ကာလပေါ်သီချင်းတွေ၊ ဆိုဟန်တီးဟန်တွေဟာ ဆန်းသစ်မှု သံဆန်းတွေ တီထွင်ခဲ့ကြသော်လည်း၊ အမျိုးသားရေးနဲ့ယဉ်ကျေးမှုကို မချိုး ဖောက်ခဲ့ဘူး။ မဖောက်ပြန်ခဲ့ဘူး။ ဒါ ဟာပြောင်းလဲခြင်း ခေတ်ရဲ့ အမြင် သစ်၊ အတွေးသစ်၊ အယူအဆသစ်တို့ နဲ့ ခေတ်လူငယ်တွေက တီထွင်ခြင်း၊ ဆန်းသစ်ခြင်းပဲဖြစ်တယ်။ ဒါဟာ အရင်တုန်းက ပြောင်းလဲလာခဲ့တဲ့ လက် ဆင့်ကမ်း ဂီတခေတ်လို့ ပြောရမယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ မြန် မာပြည်က ဂီတနဲ့ သံစဉ်တွေ၊ ဟန် တွေ ပြောင်းလဲမှုက လက်ဆင့်ကမ်း မဟုတ်တော့ဘူး။ အထက်မှအောက် အလျဉ်မပြတ်စီးဆင်းနေတဲ့ ရေစီး ကြောင်းကို အထောက်အပံ့တွေ၊ အ ကူအညီတွေ၊ အင်အားတွေနဲ့ တာတ မံဖို့ပြီး၊ အစဉ်အလာရိုးရာကို တာတ မံအတွင်းက ရေလှောင်ကန်ထဲက အ လျဉ်မရှိတဲ့ ရေသေဖြစ်ခဲ့တယ်။ ရေ လှောင်ကန်အပြင်ဘက်က အသစ်အ သစ်တိုးဝင်လာတဲ့ ရေအလျဉ်တို့နဲ့ မြစ်ကြောင်းအသစ်တီထွင်ဆန်းသစ် ကြတယ်။ ကမ္ဘာကြီးဟာ ရွာကြီးဖြစ် နေပြီဆိုတဲ့ ဆင်ခြေစကားတစ်ခုနဲ့ ဓလေ့တွေ၊ ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ ကို ချိုးဖျက်လိုက်ကြတယ်။ ဒါဟာ ပြောင်းလဲခြင်းဂီတပဲဖြစ်တယ်။

ကဲ ..ပြောနေကျ ရုပ်ရှင် ခေတ်ကို ပြန်ပြောကြစို့၊ ရုပ်ရှင်ခေတ် ရဲ့ ပြောင်းလဲလာမှုက အဖြူအမည်း ခေတ်ကနေ ဆေးရောင်စုံကာလာ ခေတ်ဖြစ်လာတယ်။ နောက် ရုပ်ရှင် လေး ဗီဒီယိုခေတ်ဖြစ်လာတယ်။ အဲ ဒီဗီဒီယိုခေတ်ဖြစ်လာလို့ ကက်ဆက် ဇာတ်လမ်းခေတ်ရပ်နားသွားတယ်။ အသံကိုပဲ နားထောင်ခံစားခွင့်ကနေ အသံနဲ့ ရုပ်ပေါင်းစပ်ပြီးခံစားခွင့် ဖျော်ဖြေရေးဟာ အိုးမကွာ၊ အိမ်မ ကွာခံစားခွင့်အပြင်၊ ရုပ်ရှင်ရုံမှာ သွားကြည့်တဲ့ စရိတ်ထက်အဆများ စွာသက်သာသွားတော့ ရုံတင်ရုပ်ရှင် တွေဟာ အဆများစွာကျရှုံးခဲ့ရတယ်။ ဒီလိုနဲ့ ရုပ်ရှင်ကုမ္ပဏီတွေလည်း တ ဖြည်းဖြည်းပျောက်ဆုံးသွားကြတယ်။ ရုပ်ရှင်ကုမ္ပဏီမျိုးဆက်တွေက ဗီဒီယို ဘက်ဝင်လာပြီး ဒါရိုက်တာလုပ်ကြ တယ်။ ဇမ္ဗူထွန်းသက်လွင်ဆိုရင် ဖခင်ဒါရိုက်တာရဲ့ မျိုးဆက်ကို နာ မဝိသေသနပြုထားတယ်။ တော်ဝင် ထွန်းမျိုးဆက်လည်းရှိပေမယ့် မျိုး ဆက်နာမဝိသေသနမတပ်တာပါ။ ရုပ် ရှင်မျိုးဆက်တွေ အတော်များများ အ နုပညာအမွေထိန်းသိမ်းရင်း ဗီဒီယို လောကထဲဝင်ရောက်လာပေမယ့် ထူး ခြားဆန်းသစ်မှုပုံစံနှင့် ဖောက်မထွက်နိုင် ကြဘူး။ သမားရိုးကျချစ်ကြိုက်ကွဲညား ထဲမှာ လည်နေတာက ကန်ဟောင်း ကြီးထဲက ရေသေလို ဖြစ်နေတယ်။

ဟောလိဝုဒ်ရုပ်ရှင်လောက ဗီဒီ ယိုရုပ်ရှင်ရယ်လို့ ပေါ်လာတုန်းက ရုပ်ရှင်တွေ ကျဆုံးခဲ့ဖူးကြောင်း သတင်းဆောင်းပါးတွေမှာ ဖတ်ဖူးခဲ့ တယ်။ ဒါပေမဲ့ အရှုံးမပေးချင်ကြတဲ့ ရုပ်ရှင်သမားတွေဟာ ဆန်းသစ်မှု၊ တီ ထွင်မှု စိတ်ကူးတွေနဲ့ ရုပ်ရှင်ကို ပရိသတ်ပြန် အာရုံစိုက်ဖို့ သမားရိုး ကျ စိတ်ကူးစိတ်သန်းမှခွဲထွက်ပြီး တော့…

”ဂျော (JAWS) ရုပ်ရှင်ဇာတ် ကားကို စက်ရုပ်ငါးမန်းနှင့် သည်း ထိတ်ရင်ဖိုဖြစ်အောင် ပရိသတ်ကို ပြု စားနိုင်ခဲ့လို့၊ ဝင်ငွေအကောင်းဆုံး ဟောလိဝုဒ်ရုပ်ရှင်ပြန် ဦးမော့လာ ခဲ့တယ်။ ဒါပဲလေ (အနုပညာဆိုတာ ပြုစားတတ်တဲ့ စွမ်းရည်ရှိမှ အဲဒီ အနုပညာအောင်မြင်တာပဲ။ ဟိုး ခေတ်ဟောင်းရုပ်ရှင်ထဲက ‘စက္ကောမ’ ဆိုတဲ့ ဇာတ်ကားဟာ တီထွင်ဆန်း သစ်ခြင်းပြုစားမှုစက်ရုပ်ပညာပဲလေ။ နောက်မင်းသားကြီး ရွှေဘခေတ်မှာ မဟုတ်ရင်မခံ၊ ဆင်းရဲသားတောင်သူ လယ်သမားများအပေါ် အနိုင်ကျင့် မတရားမှုတွေကို ဝင်ရောက်ရပ်တည် ဖြေရှင်းကယ်တင်ခဲ့တဲ့ တောပုန်းကြီး စံဖဲ။ ဇာတ်ကားအောင်မြင်မှုဟာ မင်းသားကြီး ရွှေဘဆိုရင် ကျေးလက် လူတန်းစားကိုယ်စားပြု မင်းသား အဖြစ် အသိအမှတ်ပြုခံရသလို ရွှေ ဘခေတ်ရယ်လို့ ရုပ်ရှင်လောက သက်တမ်းရှည်ခဲ့ဖူးတာ မှတ်မိသေး တယ်။ ဒါတွေဟာ ဆန်းသစ်တီထွင် စိတ်ဖြင့် ပရိသတ်ကို ထိတ်လန့်စရာ၊ အံ့သြစရာ၊ စွမ်းရည်အားမာန်ဖြစ် စရာတွေကို ရသကူးစက်စွဲထင်ခြင်း ဟာ ပြုစားသူရဲ့အောင်မြင်ခြင်းပဲဖြစ် တယ်။
ဒီနေ့ရဲ့ မြန်မာ့ရုပ်ရှင်လောက မှာ ခေတ်လူငယ်ဒါရိုက်တာတွေဟာ ဆန်းသစ်မှုအယူအဆတွေ တွေ့ရပေ မယ့် ထူးခြားတဲ့တီထွင်ဆန်းသစ်မှုမျိုး အံ့သြစရာထိတ်လန့်စွဲထင်စရာ စိတ် ကူးမျိုးတွေမရှိတာလား။ ရှိသော်ငြား လည်းကုန်ကျနိုင်တဲ့ ငွေကြေးအရင်း အနှီးအားမရှိလို့လား၊ ဒါမှမဟုတ် ပြု လုပ်တီထွင်လိုတဲ့ အထောက်အကူပြု မှုတွေမရှိတာလားလို့ စဉ်းစားကြည့် မိတယ်။

ခက်တာက အခုလို ကွန်ပျူ တာခေတ်လို သိပ္ပံရုပ်ပစ္စည်းတွေ ဖြစ် ထွန်းနေတဲ့ ကာလမျိုးမဟုတ်တာ တောင်မှ ကင်မရာရဲ့ ပြုစားချက်၊ ဒါ ရိုက်တာရဲ့ ဆန်းကြယ်တဲ့အတွေး စိတ်ကူးနဲ့ လုပ်ဆောင်ချက်တွေနဲ့ ပရိ သတ်ရင်ကို စွဲထင်ပြုစားနိုင်တဲ့ ရသ မြောက်စေခဲ့ဖူးတဲ့ စုန်း …ကဝေ ဇာတ်ကားမျိုးတွေရဲ့ ဆန်းကြယ်မှု ကြည့်ခဲ့ဖူးတယ်။ ဥပမာ လက်ဝါး လေး ထောင်လိုက်တာနဲ့ လက်ဝါးက နေ မီးစက်ကွင်းတွေ ဝင်းဝင်းလက် လက် ထွက်ပေါ်သွားပုံကို ဒါရိုက်တာ လုပ်သူဟာ၊ နဂ္ဂတစ်ပေါ်မှာ ပင်အပ် ကလေးနဲ့ စိတ်ရှည်လက်ရှည် အတွန့် အတွန့်လေးတွေ ခြစ်လိုက်တာနဲ့ တကယ် ရုပ်ရှင်ထဲမှာ လက်ဝါးကနေ မီးစက်ကွင်းတွေ ဝင်းခနဲ ဝင်းခနဲ ပြေးထွက်သွားတာဖြစ်နေတဲ့ ဒါရိုက် တာရဲ့ စိတ်ကူးတီထွင်မှုမျိုးကို ပတ္တ မြားရုပ်ရှင်က ဒါရိုက်တာကြီး ဦးဘို ဟန်ရဲ့ လုပ်ဆောင်မှုပြောပြမှုကို ကြားသိခဲ့ရဖူးတော့၊ ဒီနေ့လိုများ သိပ္ပံပစ္စည်းတွေ တိုးတက်နေတဲ့ အချိန်မျိုးလိုသာဆိုရင် ဟိုးတုန်းက ဒါရိုက်တာကြီးတွေ ဘယ်လိုစိတ်ကူး တီထွင်မှုမျိုးဇာတ်ကားမျိုးတွေ စွဲမက် စရာကောင်းအောင် ရိုက်ကူးကြမလဲ လို့ တွေးကြည့်မိတယ်။

ဒါကြောင့် အာရှနိုင်ငံတွေထဲ က ထိုင်း၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ ဟောင်ကောင်၊ အိန္ဒိယစတဲ့ နိုင်ငံ တွေတောင် သမားရိုးကျမျိုးတွေ ရိုက် သူရိုက်ကြသလို၊ ဟောလိဝုဒ်ကို ရင် ပေါင်တန်းနိုင်ဖို့ တီထွင်မှု၊ ဆန်း သစ်မှု၊ စွန့်စားမှုတွေနဲ့ ရိုက်ကူးနေကြ ရပါပြီ။ မြန်မာပြည်က ဇာတ်ကောင် နည်းနိုင်သမျှနဲ့ ရှုတင်စရိတ်သက် သာရေး၊ ကားရိုက်ရက်နည်းဖို့ ကြိုး စားမှုတွေ ပြုပြင်ပြောင်းလဲကြဖို့လို ပြီလို့ မြန်မာရုပ်ရှင်တိုးတက်ရေး အ တွက်ပြောလိုက်ပါရစေတော့ ခင်ဗျာ။အမြဲပြုပြင်ပြောင်းလဲနေတတ်တဲ့ လောကတရားနဲ့အညီ တကယ်ပြောင်း လဲခြင်းနဲ့ တီထွင်ခြင်းတွေ၊ ဆန်းသစ်ဆန်း ကြယ်ခြင်းတွေဖြစ်သင့်ပါပြီဆိုပါတော့။

အောင်ဟိဏ်း (ကျိုက်ထော်)

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071