Friday, June 27, 2025

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ...

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...
HomeArticlesစိတ် ကျန်းမာရေး

စိတ် ကျန်းမာရေး

ကျွန်တော်နှင့် မသက်ဆွေတို့ နှစ် ယောက်စလုံးမှာ မိဘများ မရှိကြတော့ပါ။ ထို့ကြောင့်လည်း ကိုယ့်ထက် အသက်များစွာကြီး၍ အတွေ့အကြုံတွေများလှသော ဆရာ ကြီး ဗိုလ်ကလေးတင့်အောင်ကိုသာ အစ်ကိုကြီးလို၊ အဖလို မှတ်ယူနေရပါ တော့သည်။

မကြာခဏ သူ့ဆီရောက်သည်။ စားဦးစားဖျားလေးများ၊ ပေါ်ဦးပေါ် ဖျား သီးနှံလေးများ ယူသွားလျှင် ဝမ်းသာအားရစွာ ပြုံးနေသော သူ့ မျက်နှာမှ မေတ္တာတွေကို ကျွန်တော် တို့တစ်ဝကြီး ခံစားမိရပါတော့သည်။ သည်နေ့ ကျွန်တော်တို့ရောက်ရှိပြီး ဧည့်ခန်းမှာ ထိုင်မိသည်နှင့် သမီး မစိုးကိုတွဲစရာမလိုဘဲ တစ်ယောက် တည်း လမ်းလျှောက်ထွက်လာသော ဆရာကြီးက အသက် ၉၇ နှစ်ဟု ပြောလျှင် ယုံနိုင်စရာ မရှိ။

”အစ်ကိုလေးက ဒီနှစ်မှာ ပိုပြီး ကျန်းမာလာသလိုပဲ”ဟု ပြောတော့ သူကပြုံးနေသည်။

”ကျန်းမာရေးကတော့ ကောင်း ပါတယ်ဗျာ။ နည်းနည်းလေး လမ်း လျှောက်တာနဲ့ မောတယ်”ဟု ဆို သည်။

”တခြားလူကြီးတွေ အသက် ၉ဝ ဆိုရင် ထိုင်ခက်၊ ထခက်၊ လမ်း လျှောက်ခက်နဲ့ လူတွဲနေရပြီ”ဟု ပြောတော့ သူကခေါင်းညိတ်သည်။

”အစ်ကိုလေး အခုဘာလုပ်နေ လဲ”

”စာဖတ်နေတာဗျ။ သားကြီးက ဘာသာပြန်စာအုပ် ခုနစ်အုပ်တွဲ ယူလာပေးတယ်”

”များလှချည်လား။ ဘာစာအုပ် တွေလဲ”

”ဟနွိုင်းဆိုတဲ့စာအုပ်ပါ။ ဗီယက်နမ်နိုင်ငံအကြောင်း ရေးထား တာ။ အရင်က ပထမတွဲ၊ ဒုတိယတွဲ နှစ်အုပ် ဖတ်ဖူးတယ်။ အခုသားက အတွဲလိုက်ကြီး ယူလာလို့ အစက ပြန်ဖတ်နေမိတယ်”

”ဘာအကြောင်း ရေးတာလဲ။ ဗီယက်နမ်သမိုင်းလား”

”သမိုင်းဆိုပါတော့ဗျာ။ ဇာတ် လမ်းလည်း ဆင်ထားတယ်”

”ကျွန်တော်တို့ မြန်မာဘုရင်တွေ လက်ထက်က ဥရောပကနယ်ချဲ့လာ တဲ့ လူတွေ အာရှတိုက်ကို အပြိုင် အဆိုင် ရောက်လာကြတာ မဟုတ် လား”

”အဲဒီအချိန်က ဗီယက်နမ်ကို ပြင်သစ်က အရင်ရောက်နေခဲ့တယ် လေ။ အဲဒီကို အမေရိကန် ဆီနိတ် တာမိသားစုက ရောက်သွားတဲ့ အကြောင်းပါ”

”သူတို့ဆီက ပြတိုက်မှာ ပြထား ချင်လို့ဆိုပြီး သားရိုင်းတိရစ္ဆာန် အကောင်ကြီးတွေကို လိုက်ရှာကြ၊ ပစ်ကြခတ်ကြ၊ အရိုးတွေယူကြ၊ အကောင်ပေါက်လေးတွေရရင်လည်း အရှင်ယူသွားကြတဲ့ ဇာတ်လမ်းကို သမိုင်းပြကွက်တွေနဲ့ ရေးတာပါ”

”လူတွေစိတ်ဝင်စားအောင် အမေရိကန်ဆီနိတ်တာရဲ့ သားနဲ့ ဟနွိုင်းသူလေးတစ်ယောက်ရဲ့ အချစ် ဇာတ်လမ်းလည်း ရေးထားတယ်”

စိတ်ပါလက်ပါ ပြောနေရာမှ ခေတ္တနား၍ အသက်ရှူနေသည်။ သူ့ မျက်လုံးတွေက ကျွန်တော့်ဆီမှာ မရှိ။ ရှေ့တူရူထရံကို ငေးနေသည်။

”တတိယတွဲမှာ ဟနွိုင်းသူလေး နဲ့ အကြောင်း ဖတ်လိုက်ရပြီး ညက အိပ်လို့မပျော်တော့ဘူးဗျ”သူအာရုံပြတ်သွားမှာစိုး၍ စကားဝင်မထောက်ရဲဘဲ စောင့်နေရ သည်။

”အိပ်ရာဘေးမှာ စာအုပ်ကိုချ ပြီး ကျွန်တော်တို့နိုင်ငံ ကျွန်ဖြစ်ခဲ့ရ တဲ့ဘဝကို စိတ်ကရောက်သွားတယ်”

ခင်ဗျားလည်း ဖတ်ဖူးသားပဲ။ ရွှေကိုယူသည်၊ ငွေကိုယူသည်။ ပြီး တော့ လူကိုပါယူသည် ဆိုတဲ့ နယ်ချဲ့ တွေကို ချစ်တီးတွေ မြန်မာပြည်ကို ကျွန်ပြုခဲ့တဲ့ဇာတ်လမ်းအတိုင်းပေါ့ ဗျာ။ အရှေ့တိုင်းတစ်ခုလုံး ဥရောပ သားတွေ စော်ကားခဲ့တာတွေ တွေး မိပြီး အိပ်မရခဲ့ဘူး။

”တကယ်တော့ အရှေ့တိုင်း သားတွေက အေးအေးနေတယ်။ ရိုး ရိုးနေတယ်။ လောဘနည်းတယ်။ အနောက်နိုင်ငံသားတွေက လောဘ ဒေါသမောဟတွေများတယ်။ စီးပွား ရေး အမြတ်ရဖို့ ဘာမဆိုလုပ်မယ်ဆို တဲ့ ကောင်တွေ”

”ဒီလိုနဲ့ ကျွန်တော်တို့လည်း ကျွန်ဖြစ်ခဲ့ရတယ်။ ဆန်စပါးတွေ၊ သစ်တွေ၊ ရေနံတွေသူတို့ ထုတ်ယူ သွားကြတာပဲ”စကားကို အရင်လို ဆက်တိုက် မပြောဘဲ ခေတ္တရပ်ထားလိုက်သေး သည်။

”ကျွန်တော်တို့တိုင်းရင်းသား တွေ အားလုံးကိုတော့ သူတို့ကျွမ်း ကျင်တဲ့ နည်းမျိုးစုံနဲ့ ခွဲခြားအုပ်ချုပ် ခံခဲ့ရတယ်။ စိတ်ဝမ်းတွေလည်း ကွဲခဲ့ ကြတာပေါ့ဗျာ”

နောက်ဆုံးမှ ဒို့ဗမာသခင် အ စည်းအရုံးရဲ့ စိတ်တူကိုယ်တူ ပူး ပေါင်းဆောင်ရွက်မှုရတဲ့ အချိန်ကျမှ လွတ်လပ်ရေးအတွက် တောက် လျှောက်တိုက်ယူခဲ့ရတာပဲ”စိတ်ဓာတ်တွေ တက်ကြွလာ သော ဗိုလ်ကလေးတင့်အောင်လေသံ က မာလာသည်။ မျက်လုံးတွေ ဝင်း လက်လာသည်။

”ဘီအိုင်အေတပ်ကြီး မဖွဲ့ခင်က ဒို့ဗမာသခင်အဖွဲ့မှာ ကျွန်တော်တို့ ပါခဲ့ရတယ်။ အခုတော့ အသက်တွေ ကြီးပြီလေဗျာ။ နောက်လူတွေ အား လုံးညီညီညွတ်ညွတ်ရှိကြဖို့ပဲ ဆု တောင်းရတော့တယ်။ နယ်ချဲ့က တော့ အခုလည်း စောင့်နေတယ်။ နောင်လည်းတစ်သက်လုံး စောင့် နေမှာပဲ။ နွားကွဲရင် ကျားဆွဲခံရမယ့် ဘဝမရောက်ဖို့ အရေးကြီးတာပါပဲ”

တစ်ချိန်က ဘီအိုင်အေတပ်ဖွဲ့ ဝင် သခင်မောင်မောင်တစ်ယောက် ငယ်ဘဝစိတ်ဓာတ်ကမပျောက်သေး။

”ဟုတ်တယ်ဗျ။ အသက်ကကြီး လာတော့ လူငယ်တွေ စိတ်ဓာတ်ခိုင် မာရေး အားပေးဖို့ပဲ တွေးနေရပါ တော့တယ်။ အခုအချိန်မှာ ကျွန် တော် တတ်နိုင်တာက လူငယ်တွေ စိတ်ထားမရိုင်းကြဖို့ အနုပညာအမွေ ပေးမယ်”

”တိုင်းချစ်ပြည်ချစ်စိတ်တွေ ခိုင်မာဖို့ စာတွေရေးမယ်။ ဒါပဲ တတ် နိုင်ပါတော့တယ်ဗျာ”

ဟုတ်ပါသည်။ မိသားစုများ ပြုစုမှု ကောင်းလို့ အစ်ကိုလေး ‘လူ ကျန်းမာနေသလို’

စာတွေဖတ်၊ တွေး၊ ရေးနေသော စာပေစိတ်က ‘စိတ်ကျန်းမာရေး’ကို ဖြစ်စေသည်သာ ဖြစ်ပါ၏။ အသက် တစ်ရက်ပိုရှည် စာတစ်ရွက်ပိုရေး နိုင်လေ နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိလေဖြစ်မည်မှာ သေချာလှ ပါ၏။

ဆရာကြီး ဗိုလ်ကလေးတင့် အောင် အသက်တစ်ရာ့နှစ်ဆယ်အ ထိ အသက်ရှည်ပါစေ။ အသက်ရှည် ပါစေ။

မောင်ဆွေသက်

Ads Space Available


Continue reading

စတုတ္ထအကြိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဘီလာရုစ်၌စတင်ကျင်းပ ၊ နစက ဥက္ကဌ တက်ရောက်

စတုတ္ထအကြိမ်မြောက် ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး ကြာသပတေးနေ့က မင်စ့်မြို့တွင် စတင်ကျင်းပလိုက်သည်။ EAEU ဥက္ကဋ္ဌရာထူးကို ၂၀၂၅ ခုနှစ်တွင် ရယူထားသည့် ဘီလာရုစ်နိုင်ငံ သည် ဥရောပအာရှစီးပွားရေးကောင်စီ (Eurasian Economic Council) ၏အစည်းအဝေးနှင့်အတူ ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး EAEU အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။ "ဥရောပအာရှစီးပွားရေး ပေါင်းစည်းမှုမဟာဗျူဟာ--ရလဒ်များနှင့် အလားအလာများ" ဟူသော ခေါင်းစဉ်ဖြင့် ဖိုရမ်ကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၂,၇၀၀...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားမည်

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံအားသွားရောက်လေ့လာစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ Belmedpreparaty ဆေးဝါးစက်ရုံသို့ရောက်ရှိစဥ် နစက ဥက္ကဋ္ဌသည် စက်ရုံရှေ့၌ပြသထားသည့် ဆေး ကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အ သုံးပြုသည့်...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆ ရက်ကမီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အ နောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပသည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမီးရှို့ဖျ-က်ဆီးခြင်းအခမ်းအနားတွင် ငွေကျပ်(၄၂၄)ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၁၈ သန်းခန့်)အား မီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖမ်းဆီးရမိခဲ့သော ဘိန်း(၃၅)ကီလိုခန့်၊ ဘိန်းဖြူ(၁၇၃)ကီလိုကျော်၊ စိတ်ကြွဆေးပြား(၇၃) သန်းကျော်၊ အိုက်စ်(၁၀,၄၇၆)ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071