Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeInterviewsရုပ်သံဇာတ်လမ်းတွဲခေတ်မှာ ပါဝင်သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်များရဲ့...

ရုပ်သံဇာတ်လမ်းတွဲခေတ်မှာ ပါဝင်သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်များရဲ့ ရင်ဖွင့်စကားသံများ


အခုလက်ရှိအနေအထားက လက်ချိုးရေလို့ရတဲ့ တီဗီရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေဟာပရိသတ်အများစုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ဆိုနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ပရိသတ်တွေ နှစ်နှစ်ခြိုက်ခြိုက်အားပေးကြတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေက သူတို့အတွေ့အကြုံတွေကို ဘယ်လိုပြောသလဲ။ တကယ်ကောရုပ်သံခေတ်ကို ရောက်ပြီလားဆိုတာ မေးမြန်းထားခြင်း ဖြစ်ပါတယ် . . .

ချိုပြုံး

 

ဇာတ်လမ်းတွဲတွေလည်း အမေချို ရိုက်ကူးဖြစ်ပါတယ်။အမေချိုက ခက်တာက နာမည်တွေ မှတ်မထားမိဘူး။ ရိုက်တုန်းက တော့ မှတ်လိုက်တာပဲ။ ပြီးတော့မေ့သွားတာ ပဲ။ ဇာတ်လမ်းတွဲတွေလည်း မထင်နဲ့နော်။ ပင်ပန်းတယ်။ နောက်ပိုင်း အမေချိုဆို ပင်ပန်း တာတွေ သိပ်မရိုက်ချင်တော့ဘူး။ သရုပ် ဆောင်ပြီးသွားလို့ရှိရင် တအားမောတာက မပြေဘူး။ အမေချိုတို့က သဏ္ဌာန်လုပ် သရုပ် တူဆိုတော့ တကယ်တူအောင် လုပ်ရတာဖြစ် တဲ့အတွက် ပြီးသွားရင် တကယ်ခံစားရတယ်။ အခုခေတ်ကတော့ ဇာတ်လမ်းတွဲခေတ်ဖြစ် သွားပြီဆိုတော့ အမေချိုတို့ကိုလည်း သူ့ကာ ရိုက်တာနဲ့သူ အံဝင်ခွင်ကျဖြစ်တဲ့အခါ သရုပ် ဆောင်ပေးဖို့လာပြောကြတာတွေရှိပါတယ်။

 

ခင်ဇာခြည်ကျော်

သူ့ခေတ်နဲ့ သူ့အခါပေါ့လေ။ ဇာတ်လမ်း တွဲတွေကို ပရိသတ်အားပေးလာကြတဲ့အခါ ကျတော့လည်း ဇာတ်လမ်းတွဲတွေ ရိုက် ကြရ တယ်။ အစ်မလည်း ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ဖြစ်ပါတယ်။ လတ်တလော ပြောရမယ်ဆိုရင် ‘နေရယ် လရယ် အမှန် တရားရယ်-၂’ ပေါ့။ အစ်မက လွှတ်တော် အမတ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရ တယ်။ ဒိုင်ယာလော့ခ်တွေ ပေးထားပေမယ့် တစ်လုံးမကျန်ကျက်ရတယ်။ အမှားခံလို့ မရ ဘူး။ ဥပဒေနဲ့ပတ်သက်နေတဲ့ စကားလုံးတွေ ဖြစ်နေလို့ လေ။ ဇာတ်လမ်းတွဲဆိုတာကလည်း ပရိသတ်စိတ်ဝင်စားတဲ့အခါကျတော့ တစ်ခုခု မှားသွားမှာ စိုးလို့သေသေ ချာချာပြင်ဆင်ရပါ တယ်။ အစ်မဆိုရင် ၁၉၉၁ ကတည်းက သရုပ်ဆောင်လုပ်လာတာ အခုဆို အနုပညာ သက်တမ်း ၂ဝ ကျော်ပြီ။ ဗီဒီယို၊ ရုပ်ရှင်က စလို့ အခုဇာတ်လမ်းတွဲတွေလည်း ရိုက်ဖူးပြီ။ ဘာပဲပြောပြော အားပေးတဲ့ ပရိသတ်တွေရှိလို့ အစ်မတို့သရုပ်ဆောင်ခွင့်ရတာဖြစ်တဲ့ အ တွက် ပရိသတ်ကို ကျေးဇူးတင်ရမှာပါ။

ဖူးစုံ

အစ်မတို့ကလေ အလုပ်လုပ်နေတော့ သိတယ်။ အစ်မတို့အရင်တုန်းကဆိုရင် ဗီဒီယို တွေရိုက်တယ်။ အခုဆိုလို့ရှိရင် ဗီဒီယိုရိုက် ကူးရတာတော်တော်ရှားသွားပြီ။ ရုပ်သံဇာတ် လမ်းတွဲကကျတော့ ရက်တွေအများကြီးလည်း ပေးရတယ်လေ။ အခုဆိုရင် အစ်မဇာတ်လမ်း တွဲတွေပဲတောက်လျှောက်ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေတောက် လျှောက်ရိုက်ဖြစ် တယ်ဆိုတာက ဗီဒီယိုကနည်းနည်းလေးဒေါင်း သွားတဲ့ အနေအထားမှာရှိတယ်။ ဗီဒီယို သိပ်မရှိတော့ဘူး။ ပြီးတော့ ဇာတ်လမ်းတွဲကို လည်း လူကြည့်များလာတယ်။ Free to Air လည်းဖြစ်တာကိုး။ အဲဒီလိုဖြစ်တဲ့ အခါကျ တော့ တီဗီဇာတ်လမ်းတွဲတွေက တင်ပြမှု ကောင်းရင်ကောင်းသလို ထောင်တက်တဲ့ သဘောရှိတာပေါ့။

ခါရာ

တစ်နှစ်ပတ်လုံးမှာ မိုးတွင်းက ၄ လ လောက်အချိန်ရတယ်။ ဒီအချိန်မှာ ကျွန်တော် အရမ်းပြင်ဆင်တယ်။ တစ်နှစ်ပတ်လုံး ကျွန် တော်ဆိုဇာတ်လမ်းတွဲ ၂ ခုရိုက်ကူးလိုက်တယ်။ ‘ချစ်ခြင်းစတုဂံ’ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ ‘မနေ့က ဖြစ်သည်-၂’ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ တာဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲတစ်ခုရိုက်ပြီ ဆိုလို့ရှိရင် ၃ လကျော်လောက်ကြာတယ်။ ၂ ခုရိုက်တော့ ၆ လလောက်ကြာတယ်။ သေ သေချာချာပြင်ဆင်ရတယ်။ ဆိုတော့ တစ်နှစ် လုံးမှာနားရတာဆိုလို့ မိုးရာသီပဲရှိတယ်။ ဇာတ်လမ်းတွဲရိုက်ကူးပြီဆိုရင်လည်း ပြင် ဆင်ရသလို ရုပ်ရှင်ရိုက်ကူးပြီဆိုရင်လည်း ပြင်ဆင်ရတယ်။ Pre Production က အဓိကကျတာကိုး။ ဆိုတော့ မိုးကုန်ပြီး ရိုက်ပြီ ဆိုရင် Ready ဖြစ်ပြီ။ ဒါကတော့ ကျွန်တော် တို့ ပြင်ဆင်မှုအပိုင်းပါ။ ဇာတ်လမ်းတွဲကတော့ ပရိသတ်ကစိတ်ဝင်စားပြီဆိုရင် သူလာမယ့် အချိန်ကိုမျှော်လင့်တကြီးနဲ့ ကြည့်ကြရတဲ့ အပိုင်းတွေရှိတယ်။ ကိုယ်ပါဝင်ထားတဲ့ ဇာတ် လမ်းတွဲကို ပရိသတ်တွေကြားထဲမှာ ပြော နေကြပြီ။ တုံ့ပြန်မှုကလည်း ကောင်းတယ် ဆိုလို့ရှိရင် ကျွန်တော်တို့ပင်ပန်းထားတာ တွေအတွက် အမောပြေတာပေါ့။

 

တိုင်ရွန်

အခုနောက်ပိုင်းမှာက ဇာတ်လမ်းတွဲ တွေကို ပရိသတ်တွေအားပေးလာကြတာ တွေ့ရတယ်။ ဇာတ်လမ်းတွဲမှာက သရုပ် ဆောင်တွေကို အဲဒီဇာတ်လမ်းတွဲ မပြီးမချင်း အမြဲတမ်း မြင်တွေ့နေရတာဆိုတော့ အား ပေးဖြစ်ကြတာပေါ့။ ကျွန်တော်တို့လို အသစ် တွေအနေနဲ့လည်း ဇာတ်လမ်းတွဲရှေ့ကို ထွက် လာနိုင်တဲ့အတွက် ပိုပြီးတော့ အားရပါတယ်။ ကျွန်တော်ဇာတ်လမ်းတွဲတော်တော်များများ မှာ သရုပ်ဆောင်ဖူးပါတယ်။ အခုလွှင့်နေတဲ့ ‘မနေ့ကဖြစ်သည်-၂’မှာဆိုရင်လည်း သရုပ် ဆောင်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ နောက်ထပ်လည်း ဆက်လက်ရိုက်ကူးသွား ဦးမှာပါ။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံအစည်းအဝေးကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် အစည်းအဝေး၌ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump အား ယနေ့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်တိုက် တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက်ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071