Thursday, May 7, 2026

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု...

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း:...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး...

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊...
HomeArticlesဘသုံးလုံးတီးဟောက်

ဘသုံးလုံးတီးဟောက်

မဟာရန်ကုန်ရဲ့ အထင်ကရမြို့ နယ်ကြီးတစ်ခုထဲမှာ အထက်ပါ ဘသုံးလုံးတီးဟောက်လို့ ခေါ်လေ့ရှိ ကြတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိနေတာကို စာဖတ်သူသိပါရဲ့လား။ ဘသုံးလုံးတီးဟောက်ဆိုတာက တရားဝင်နာမည်တော့မဟုတ်ဘူး။ အလုပ်မရှိ အကိုင်မရှိနဲ့ ဆိုင်မှာ လာထိုင်ရင်း ဖုန်းကိုပဲ တပွတ်တည်း ပွတ်နေတတ်တဲ့ ဂျလေဘီလူငယ် တစ်ယောက်က ကင်ပွန်းတပ်ခဲ့တဲ့ နာမည်။ ဆိုင်ရဲ့တရားဝင် နာမည်က တော့ ‘ငြိမ်းချမ်းရေး’ကဖီးတဲ့။

ဆိုင်တည်နေရာက ဈေးနဲ့မနီး မဝေးဆိုတော့ စားသုံးသူ စည်ကားမှာ ပဲလို့ ထင်စရာရှိပါတယ်။ မထင်နဲ့။ ဈေးကြီးပြီး လက်ဖက်ရည်ညံ့လို့ ဖောက်သည်တွေ ပြောပလောက် အောင် မရှိဘူး။ လက်ဖက်ရည် ကောင်းကြိုက်တဲ့သူဆို အဲသည်ဆိုင် ကို တစ်ခါလာမိတာနဲ့ ”တစ်ခါဆက် ဆံ ဆယ်ခါလန်” ဆိုတာမျိုး ဖြစ် သွားရော။ အသန့်ကြိုက်တဲ့သူဆို လည်း အဲသည်ဆိုင်ကို ”ဒိုးဆလမ်၊ တင်းဆလမ်’ပဲ။ စားပွဲထိုးကလေး တွေက ညစ်တီးညစ်ပတ်နဲ့ကိုး။

‘ငြိမ်းချမ်းရေး’ကို စနေနေ့မနက် တိုင်း မပျက်မကွက် ဆက်ဆက်လာ ရောက်ပြီး ဝိုင်းဖွဲ့ကြတဲ့ အုပ်စုတစ် စုကတော့ရှိတယ်။ လေးငါးခြောက် ယောက်လောက်ရှိမှာပေါ့။ အားလုံး အသက် ၆ဝ အထက်၊ ၇ဝ တန်း၊ ၈ဝ တန်းအဘိုးကြီးတွေ။ အငြိမ်းစား ဝန် ထမ်းတွေများတယ်။ ခေါင်းဖြူကြီး တစ်ယောက်ကတော့ တစ်သက်လုံး ဝင်ငွေကောင်းတဲ့ မယားဈေးရောင်း တာကို ထိုင်စားလာရင်း အဂ္ဂိရတ် ဆရာယောင်ယောင်၊ ဆေးဆရာ ယောင်ယောင်နဲ့ ယောင်စိန်ကြီး။

အဲသည်ခေါင်းဖြူကြီးနဲ့ ဘေး ချင်းကပ် ထိုင်တတ်တဲ့ အဘိုးကြီး ကလည်း ခေါင်းဖြူကြီးပဲ။ သို့ပေမယ့် သူ့ဆံပင်တွေက တစ်ခေါင်းလုံးဖြူ တာမဟုတ်ဘူး။ ကွက်ကျားဖြူပြီး မဖြူတဲ့ဆံပင်တွေက ဖြူကြောင် ကြောင်၊ ဝါဖန့်ဖန့်နဲ့ ပြောင်းဖူးမွေး ရောင် ပေါက်နေတာ။ ပြောကြတာ ကတော့ အဲသည်အဘိုးကြီးဟာ ဆံ ပင်ဖြူကို နက်အောင် ကိုယ့်ဘာသာ ကိုယ်ဖော်စပ်တဲ့ ဆေးတွေဆိုးရာက ဓာတ်မတည့်တော့ဘဲ အခုလိုကြောင် ကြောင်ကျားကျားတွေ ဖြစ်ကုန်တာ တဲ့။ သူက နှစ် ၄ဝ လောက် သက် တမ်းရှိပြီဖြစ်တဲ့ ပင်နီရောင်တက်ထ ရက်တိုက်ပုံကြီးကို စနေနေ့တိုင်း ဝတ်ဝတ်လာတယ်။ တိုက်ပုံအင်္ကျီရင် ဘတ် အိတ်ကပ်မှာလည်းအပေါစား ဘောပင်သုံးချောင်းလောက် ချိတ် ထားတတ်သေးတာ။ ဘောပင်တွေက လည်း မင်လိုက်မမှန်တဲ့ အစုတ် တွေပါ။

ကျန်တဲ့အဘိုးကြီးတွေရဲ့ ဥပဓိ ရုပ်ကတော့ သိပ်မထူးခြားပါဘူး။ မျက်မှန်ကြီးတွေ တပ်ကြလို့။ လွယ် အိတ်ကြီးတွေ လွယ်ကြလို့။ တစ် ယောက်က ကွမ်းဝါးရင်း တံထွေး တဗျစ်ဗျစ်ထွေးလို့။ တစ်ယောက်က မီးသေနေတဲ့ ဆေးပြင်းလိပ်တိုကြီးခဲ လို့။

သူတို့ကို ဘယ်လိုပုဂ္ဂိုလ်တွေများ မှတ်ကြလဲ။ လျှော့မတွက်ကြနဲ့နော်။ သူတို့က စာပေသမားကြီးတွေခင်ဗျ။ ကလောင်နာမည်အသီးသီးရှိကြတဲ့ ဝါရင့်စာရေးဆရာကြီးတွေ။ တစ် ခေတ်တစ်ခါက ”စာပေလုပ်သား အဖွဲ့’ဆိုတာရှိခဲ့ဖူးတယ်မဟုတ်လား။ အဲသည်ကတည်းက သူတို့ဟာ စာပေ လုပ်သားကြီးတွေ Literature For People ‘စာပေသည် ပြည်သူ့ အတွက်’ ဖြစ်ရမည်ဆိုတဲ့ ဆောင်ပုဒ် ကြွေးကြော်သံကိုလည်ချောင်းကွဲ မတတ်အော်ဟစ်ခဲ့ကြတဲ့သူတွေ။

သူတို့ခေတ် သူတို့အခါတုန်းက လည်း သူတို့ဟာ ရှေ့တန်းကို မရောက်ခဲ့ကြပါဘူး။ တခြားသူများ လို ‘အုံးအွမ် အုံးအွမ်’ လုပ်ခဲ့ကြပေ မယ့် သူတို့တစ်တွေ နေရာကောင်း မရခဲ့ကြ။ အဆီအအိမ့် မစားခဲ့ကြပါ ဘူး။ သူတို့က လူကုံထံဆိုတဲ့ ‘ဂုဏ်’ ထက် ‘စာရေးဆရာ’ဆိုတဲ့ ‘ဂုဏ်’ကို ပိုပြီး မက်မောလာကြပေသကိုးဗျ။ စာပေကို အရူးအမူး ချစ်သော စာပေသမားကြီးများအဖြစ် သူတို့ ကိုယ်သူတို့ သတ်မှတ်ဂုဏ်တင်ထား ကြလေတယ်။

သို့သော် သည်အဘိုးကြီးတွေ လွဲသွားတာကတော့ သူတို့ဟာ ဂန္ဓဝင်စာဆိုအကျော် အရှင်မဟာ ရဋ္ဌသာရရဲ့ ‘စု၊ တု၊ ပြု’ ကျင့်စဉ်နဲ့ သွေဖည်သွားခဲ့ကြတာပါပဲ။ သူတို့ ဟာ စာပေကို မိခင်ဘာသာအရင်း အမြစ်ကစပြီး (စုဆောင်း သိုမှီး) ရမယ့် သီလ ပျက်ကွက်ခဲ့ကြတယ်။ ဒါကြောင့် ပထမဆုံး မြန်မာခေတ် ပေါ်ဝ’တ္ထုကို ဆရာကြီး ပီမိုးနင်း ရေး မှန်းမသိကြဘူး။ ပထမဆုံး မြန်မာ ခေတ်ပေါ်ဝ’တ္ထုရှည် ‘မောင်ရင်မောင်၊ မမယ်မ’ကို ရေးတဲ့သူ ဂျိမ်း(စ်)လှကျော် ကိုတောင်မသိဘဲ သူတို့ထဲက ခေါင်း ဖြူတစ်ယောက်က လူထူထူရှိရင် …

”ဆရာကြီး ဂျိမ်းဘကျော်ရဲ့ မောင်ရှင်မောင်၊ မမယ်ဝ ဝတ္ထုမျိုး ဒီခေတ်မှာ ဘယ်သူမှ မရေးတတ်ကြ ဘူး”လို့ဆိုပြီး တလွဲတချော် လျှောက်အော်ချင်အော်နေတာ။ ပိုဆိုးတာက ကုန်းဘောင်ခေတ်တုန်း က စလေဦးပုည နဲ့ ညောင်ပင်သာ ဦးပုည ဆိုတဲ့ စာဆိုနှစ်ဦး ရှိမှန်းမသိ ဘဲ စလေဦးပုညနဲ့ ညောင်ပင်သာ ဦးပုညတို့ဟာ တစ်ယောက်တည်းလို့ ဇွတ်ငြင်းတဲ့သူက ရှိသေး။

သူတို့ဝိုင်းမှာ ဆေးပြင်းလိပ်ခဲတဲ့ အဘိုးကြီးကလည်းတစ်မျိုး။ ဘာကိုမှ လေ့လာဆည်းပူးမှုမရှိဘဲ ကဗျာနဲ့ ပတ်သက်ရင် တစ်ဖက်သတ် ရမ်း ပြောချင်ပြောနေတာ။
”ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး ဆုံးပါးသွားကတည်းက မြန်မာကဗျာတွေလည်း သေသွားပြီ”

”အခုခေတ်ပေါ်ကဗျာတွေဖြစ် တဲ့ မော်ဒန်တို့၊ ပို့စ်မော်ဒန်တို့၊ ဘာတို့ညာတို့ကိုကော ဘယ်လိုလုပ်မ လဲ”လို့ အဘိုးကြီးတစ်ယောက်က ဖြတ်မေးတော့ ဆေးပြင်းလိပ်အဘိုး ကြီးက..

”အဲသည်ဟာတွေက ကဗျာ လင်္ကာနယ်ပယ်မှာ အကျုံးမဝင်ဘူး။ စာပျက်စာပဲ့တွေချည်းပဲ”လို့ အော် တယ်။

ဆေးပြင်းလိပ် အဘိုးကြီးက အာပေါင်အာရင်း အာသန်နေတာ။ သူက တင်မိုးကဗျာတစ်ပုဒ်တောင် မဖတ်ဖူးဘူး။ တင်မိုးရဲ့ နာမည်ကြီး ကဗျာ ‘ဧည့်သည်ကြီး’ဆိုတဲ့ ကဗျာကို ကြားတောင် မကြားဖူးဘူး။ ‘ဆေး လိပ်လည်းတို နေလည်းညိုပြီး ငါ့ကို ပြန်ပို့ကြပါလေ’ဆိုတဲ့မဟာ စာရင်း ဝင် သုံးကြောင်းကဗျာတို့ကလေးပေါ့။
အဘိုးကြီးတွေထဲက မျက်လုံး ပြူးပြုး ရှေ့သွားလေးတွေ ကျိုးနေတဲ့ အဘိုးကြီးကတော့ ဝ’တ္ထုတိုတွေကို လျှောက်ဝေဖန်တတ်တယ်။ ခက်တာ က သူဖတ်တဲ့ ဝ’တ္ထုတိုတွေက သာဓု၊ သုခ၊ ညာဏခေတ်က ဝ’တ္ထုတိုတွေ ချည်း။

”ဆရာကြီးတွေက ဝ’တ္ထုတိုအရာ မှာတော့ ချန်ပီယံတွေချည်းပဲ။ ဒီခေတ်ကလောင်တွေ တော်တယ်ဆို တာ ရှေးဆရာကြီးတွေ ညံ့သလောက် ပဲရှိတယ်”လို့ သူက အမြဲကောက်ချက် ချတတ်တယ်။

”ဒီခေတ်ဝ’တ္ထုတိုမှာ အတော် ဆုံးကတော့ ကြက်ကလေးဆိုတဲ့ စာ ရေးဆရာပဲ”လို့ ရမ်းသမ်းပြောတဲ့ အဘိုးကြီးကို နောက်တစ်ယောက်က…

”ကြက်ကလေးမဟုတ်ပါဘူး။ ကြပ်ကလေးပါ”လို့ အမှားဝင်ပြင် ပေးရတာလည်း ရှိတယ်။ ခေါင်းဖြူ ကြီးက လူတတ်ကြီးလုပ်ပြီး စာရေး ဆရာ ကြပ်ကလေးရဲ့ ကလောင်ခွဲ ဟာ ‘နန္ဒသူ’လို့ ပြောရမှာကို မှားပြီး ”ဆရာကြီး ကြပ်ကလေးရဲ့ ကလောင်ခွဲက သီဟသူတဲ့။ ဘဝသ ရုပ်ဖော် ဝ’တ္ထုရှည်ကြီးတွေ ရေးတာ ပေါ့”လို့ တလွဲတချော် အလွဲလွဲ အမှားမှား ပြောနေကြပြန်တယ်။ နန္ဒ သူက ရာဇဝင်းဝ’တ္ထုတွေ ရေးတာ။

အဲသည် ”အိုပယ်”စာရေးဆရာ ဟောင်းကြီးတွေရဲ့ ဦးနှောက်အကန့် တွေပျက်ပြီး စာပေဖန်တီးမှု အားနည်းလာတဲ့အတွက် မည်သည့် စာနယ်ဇင်းတိုက်က မည်သည့် ခပ်ညံ့ ညံ့အယ်ဒီတာမှ အိုပယ်ကြီးတွေကို မသုံးတော့ပါဘူး။ သူတို့ဟာ ၁၈၈၅ ခုနှစ်မှာ သီပေါမင်းပါတော်မူပြီးတဲ့ နောက် အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီ။ ဘာရာထူးမှ မရှိတော့တဲ့ နန်းတွင်း က ရာထူးနိမ့် မင်းမှုထမ်းဟောင်း တွေနဲ့ တူနေကြပြီ။ အရေးမပါတဲ့ နေရာမှာ နေခဲ့ရတဲ့သူတို့ရဲ့ နန်းတွင်း ချောင်ကျကျ ဘဝတွေကို ပြန်လွမ်း နေကြပုံပါပဲ။

ဂျလေဘီလူငယ်ကလေးက (ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြော)တဲ့ စာရေး ဆရာအိုကြီးတွေကို ရည်ညွှန်း ပြီး (ငြိမ်းချမ်းရေးကဖီး)ကို (ဘသုံးလုံး တီးဟောက်)လို့ နာမည်ပြောင်းပေး လိုက်တာ။ ဂျလေဘီကောင်ကလေး လည်း ဒီလိုဖုန်းပွတ်နေပုံမျိုးနဲ့ နောင် တစ်နေ့မှာ ဘသုံးလုံး ဂိုဏ်းဝင်တစ် ယောက် ဖြစ်လာဖို့ သေချာနေပါပြီ။ (ဘုရား၊ ဘုရား၊ ဘုရား)

 

ကြူးနှစ်

Ads Space Available


Continue reading

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။ သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline ကြားဝင်စေ့စပ်မှု ပုံစံများ ၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။၂။...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လုပ်ငန်းခွင်မတော်တဆမှုကြောင့် ‌ေ-သဆုံး  ၎င်း‌ေ-သဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ ‌ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ‌ေ-သဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး ကောင်းရပြီး မန္တလေးဈေးကွက် အရောင်းသွက်

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ် လိုအား တိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက် ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှ ဝင်ရောက်လာသည့် ပဲများလည်း အဝယ်လိုက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ "ပြည်ပအဝယ်ရှိနေတော့ ပဲတီစိမ်းက ဈေးကောင်းရနေတ ယ်။ အရောင်းအဝယ်လည်း သွက်တယ်။ အရည်အသွေးကောင်းတဲ့ပဲတွေဆို ပိုပြီး အဝယ်လိုက်တယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071