Sunday, April 26, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဆက်လက်ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယနေ့...

အောင်ဆန်းဆရာတော်ကြီးက မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသို့ကြွရောက်ချီးမြှင့်

ဧပြီ ရက်နေ့ နံနက် ၅နာရီခွဲက မြန်မာ-လာအို ချစ်ကြည်ရေး အသင်း ရန်ကုန်ရုံးရှိ ရုံးခန်း၌ ဘုရားအနေကဇာတင်ပွဲကျင်းပခဲ့သည်။ လာအိုနိုင်ငံ လောင်ဖရာဘန်ပြည်နယ် သံဃာ့ရာဇာဆရာတော်က မြန်မာနိုင်ငံမှ...

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း...

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅...

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု...
HomeCelebrities' Newsသားလေးရှိရင် အရာရာပြည့်စုံပါပြီကိုဥက္ကာကျော် နဲ့...

သားလေးရှိရင် အရာရာပြည့်စုံပါပြီကိုဥက္ကာကျော် နဲ့ ဆုပန်ထွာ

သရုပ်ဆောင် ဆုပန်ထွာနဲ့ ခင် ပွန်းဖြစ်သူ ကိုဥက္ကာကျော် တို့ကတော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး Roar Roar Kyaw ရဲ့ ၂ နှစ်ပြည့်မွေးနေ့ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့က Mercure Hotel မှာ မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ သားလေးအတွက် မွေးနေ့ပွဲ ကျင်းပပေးဖြစ်ပုံ နဲ့ပတ်သက်ပြီး ဆုပန်ထွာက…

”အစ်မတို့အဓိကအလှူလေး ဒီနှစ်သူ့အတွက် လုပ်ပေး ချင်တာ။ အဲဒါနဲ့ အစ်မတို့ ဇနီးမောင်နှံနှစ်ယောက် တိုင်ပင်ပြီး တကယ်လိုအပ်တဲ့နေရာလေးမှာ လိုအပ်တာလေး လှူမယ်ဆို ပြီး ယောကျာ်းက မွေးနေ့ပွဲလေးလုပ်မယ် ပြောလာတာနဲ့ လုပ်ဖြစ်သွားတာပါ။ မွေးနေ့လုပ်မယ် ဆိုကတည်းက သူက တော့ Mercure Hotel မှာ လုပ်မယ်ပေါ့။ အစ်မတို့ အလှူ လေးလုပ် ချင်လို့ ဒါလေးကို လုပ်ဖြစ်တာပါ။ လုပ်ဖြစ် တဲ့အချိန် မှာလည်း ကလေး အမေတွေ၊ မိသားစုတွေများ တယ်ပေါ့နော်။ အဲဒီ အတွက် အကုန်လုံးပဲ အဆင်ပြေသလို လုပ်ရတဲ့အတွက် အမှားပါရင်လည်း နားလည်ပေးကြ ပါ။ သားလေးမွေးနေ့ပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်က ဒီလိုအချိန် ၅ နာရီ ၄၅ မိနစ်မှာ သားသားကို မွေးခဲ့တာ။ အစ်မစစချင်းသူ့ကို မြင်တဲ့အချိန် ဒေါက်တာ့လက်ထဲမှာ ကလေးက ဖြူဖြူဖွေးဖွေးနဲ့ တုတ် တုတ် ကြီး။ ၉ ပေါင်နဲ့ ၂ အောင်စ တောင်ရှိခဲ့တယ်။ ဒေါက်တာတောင် သူ့ကို အံ့သြနေတာ အကြီးကြီးဆိုတော့။ အစ်မလည်း သူ့ကိုကြည့်တယ်။

ခြေလက်အင်္ဂါ အစုံအလင် ပါတယ် ဆိုပြီး အစ်မသူ့ကို မြင်လိုက်တဲ့အချိန်ကစပြီး အစ်မဘဝမှာ အစစအရာရာ အားလုံးပြည့်စုံသွား ပြီ။ ဘာမှ မလိုတော့ဘူး။ အဲဒီခံစားချက် လေးက အခုချိန်ထိ ဖြစ်မိနေ တုန်းပဲ”လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကတော့ သားလေးနဲ့ ပတ်သက် ပြီး…

”အစ်ကိုလည်းသူ့ကိုမွေးပြီး တဲ့အချိန် မှာတော့ ရင်ထဲပေါ့ သွားတယ်။ ဒါပေမဲ့ မမွေးခင်အချိန်မှာတော့ တချို့ကကလေးမွေးတဲ့အချိန်က အမေတွေပဲစိတ်ပူတယ် ထင်တာ။ တကယ်တော့ အဖေတွေလည်း စိတ်ပူရပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဆက်လက်ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယနေ့ ဧပြီ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ်ဝမ်းမြောက်ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည်ဟု ဆွေးနွေးပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုအခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ် တည်မည်ဖြစ်ကာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လိုပြီး နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှုနှင့်...

အောင်ဆန်းဆရာတော်ကြီးက မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသို့ကြွရောက်ချီးမြှင့်

ဧပြီ ရက်နေ့ နံနက် ၅နာရီခွဲက မြန်မာ-လာအို ချစ်ကြည်ရေး အသင်း ရန်ကုန်ရုံးရှိ ရုံးခန်း၌ ဘုရားအနေကဇာတင်ပွဲကျင်းပခဲ့သည်။ လာအိုနိုင်ငံ လောင်ဖရာဘန်ပြည်နယ် သံဃာ့ရာဇာဆရာတော်က မြန်မာနိုင်ငံမှ မဟာကမ္မဌာနစရိယ၊အဂ္ဂမဟာကမ္မဌာနစရိယ ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရအား ဗုဒ္ဓပူဇာအနေဖြင့် ကပ်လှူသည့် ဆင်းတုတော်အား အောင်ဆန်းဆရာတော်ကြီးမှ မြန်မာ-လာအို ချစ်ကြည်ရေး အသင်းရုံးခန်းတွင် ပူဇော်ရန် ပြန်လည်ချီးမြှင့်ကာ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနား ပြုလုပ်၍ အသင်းဥက္ကဌ ဦးဝင်းမောင်၊ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှုး...

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅ ရက်ည ၈ နာရီ ၄ မိနစ်ခန့်က အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများက အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ် အားလိုင်းကို အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြု ပြင်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071