Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeEntertainmentအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)...

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းချီ၊ ပန်းပုလက်ရာ မွန်ပြပွဲနှင့် ဂီတသဘင်ဖျော်ဖြေပွဲ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂ဝ၁၇ -၂ဝ၁၈ခုနှစ် ပညာသင်နှစ် ၁၄ ကြိမ် မြောက်၊ ပန်းချီ၊ ပန်းပုလက်ရာမွန်နှင့် ဂီတ၊ သဘင်စင်တင်ဖျော်ဖြေ တင် ဆက်ပွဲ အခမ်းအနားကို စက်တင် ဘာ ၉ ရက်၊ နေ့လယ် ၁ နာရီက မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

”အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ဖြန့်ဖြူးရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ နှစ် စဉ်အနုပညာရပ်များမွေးထုတ်ပေး နေသည်မှာ ယခုဆိုလျှင် ၁၄ ကြိမ် မြောက်ခဲ့ပြီဖြစ်ပါတယ်။ ၁၄ နှစ်တာ အနုပညာခရီးလမ်း၌ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် ဘာသာရပ်များနှင့် စာပေဘာသာရပ် ဆိုင်ရာများကို အနုပညာပံ့ပိုးမှု ကောင်းကောင်းဖြင့် ပံ့ပိုးသင်ကြား ပေးလျက်ရှိပြီး ယခုပြသသည့်စွမ်း ရည်ပြပွဲမှသည် ထူးချွန်ထက်မြက် သော အနုပညာရှင်များလည်း ပေါ် ထွက်လာကာ အနုပညာ အမွေ ကောင်းများ ထိန်းသိမ်းလျက် တီထွင် ဆန်းသစ်နိုင်သည့် ဖြစ်ထွန်းအောင် မြင်ကြမယ့် အနုပညာရှင်ကောင်းများဖြစ်စေရန်ရည်ရွယ်၍ တင်ဆက်တာ ဖြစ်ပါတယ်”ဟု အမျိုးသားယဉ်ကျေး မှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၏ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ပြောပါတယ်။

ဒီအခမ်းအနားမှာ ၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ်အတွက် ဘွဲ့ယူ ကျောင်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ အင်အားဖြည့် ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ပန်းချီအနုပညာလက်ရာကားပေါင်း ၂၂ ကား၊ ပန်းပုလက်ရာ ရုပ်တုပေါင်း ၁ဝ ရုပ်နှင့် ရုပ်ရှင်နှင့် ပြဇာတ်ပညာ ဌာန၏ အနုပညာဖန်တီးမှုတို့ကို ခင်း ကျင်းပြသထားရှိပြီး ဂီတ၊ သဘင်ပူး ပေါင်း၍ စွမ်းရည်ပြပွဲ၊ အစီအစဉ်တင် ဆက်မှု ၁၃ မျိုးတို့ဖြင့် စီစဉ်တင် ဆက်ပါခဲ့တယ်။

 

Ads Space Available


Continue reading

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲချိန်အစ (၄)မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းမှာ ဦးဆောင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၈၉မိနစ်တွင် ယွန်းဝတီလှိုင်၏ ဖြတ်တင်ဘောကို မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး အသင်းအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ဖိလစ်ပိုင်အသင်းဘက်ကလည်း ချေပဂိုး(၁)ဂိုး သွင်းယူခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်၌ပင် အနိုင်ကစားပြနိုင်ခဲ့သဖြင့် ပရိသတ်၏အားပေးမှုကို တခဲနက်...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071