Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeArticlesပန်းချီဆရာ

ပန်းချီဆရာ

ပန်းချီဆရာသည် စိတ်ပျက် လက်ပျက်ထိုင်နေလေသည်။

သူ၏ ရှေ့တွင် ရေးလက်စပန်းချီကားတစ်ချပ်ရှိသည်။ ထိုပန်းချီကားချပ်ထဲတွင် လူပုံတစ်ပုံပါရှိသည်။ စင်စစ်ပန်းချီ ဆရာသည် ပုံတူရေးဆွဲထားခြင်းဖြစ်ပြီး ပန်းချီကားချပ်ထဲက လူပုံမှာ သူ၏ ဘကြီးပုံဖြစ်လေသည်။ ပန်းချီဆရာက လူပုံကို အရောင်ရင့်ရင့်များ သုံး၍ ရေးဆွဲထားသည်ဖြစ်ရာ ဘယ်သူ ဘယ်ဝါ၏ ပုံဖြစ်သည်ထက် လူတစ်ယောက်၏ ပုံရေးဆွဲ ထားခြင်းဖြစ်ကြောင်းကိုပင် အတော်ကြီးသတိ ပြုကြည့် ပါမှ မြင်တွေ့ရလေသည်။ ပန်းချီဆရာသည် ပန်းချီ ကားကိုတစ် လှည့် ဆေးဘူးများကို တစ်လှည့်ကြည့်ရင်း စိတ်ပျက်လက် ပျက် ဖြစ်နေလေ၏။

ပန်းချီဆရာသည် ပုံတူရေးဆွဲရာတွင် ညံ့ဖျင်းသည်ဟု တော့ မဆိုနိုင်ပေ။ ပန်းချီဆရာသည် ကုန်ဆုံးခဲ့သော ဆောင်းရက်များက သူ၏ မိတ်ဆွေ ကဗျာဆရာတစ်ယောက် ၏ ပုံကိုရေးဆွဲခဲ့ရာတွင် ကုတ်အင်္ကျီပွကြီးထဲ၌ နစ်မြုပ်နေ သော လူတစ်ယောက်ကို မျဉ်းကြောင်းများဖြင့် ဖော်ပြနိုင်ခဲ့ သည်။ ထိုပုံကိုမြင်တွေ့ရသော စာရေးဆရာ ပိုင်စိုးဝေက” ဟေ့ – ဒါ ကဗျာဆရာ ခင်အောင်အေးရဲ့ ပုံမဟုတ်လား။ ကြည့်စမ်း- ငါတို့ အပြင်မှာတွေ့ရတဲ့ ခင်အောင်အေးထက် တောင် ဒီပုံက ပိုပြီးခင် အောင်အေးနဲ့တူတယ်ကွ”ဟုဆိုခဲ့လေ သည်။ မှန်ပါသည် မျက်နှာချွန်ချွန် နှုတ်ခမ်းမွေးစစနှင့် ကုတ်အင်္ကျီပွကြီးထဲမှ ထွက်ပေါ်နေသော လူပုံမှာကဗျာ ဆရာခင်အောင်အေးပင်တည်း။ ထိုသို့ရေးဆွဲနိုင်သူ ဖြစ်ပါ လျက် ယခုမူ သူ့ဘကြီး၏ ပုံတူကိုကြည့်ကာ ပန်းချီဆရာ စိတ်ပျက်လက်ပျက်ဖြစ်နေလေတော့၏။

မှန်ပါသည်။ သူ့ဘကြီးပုံတူ မှာ မှောင်နေပြီး ပန်းချီဝေါ ဟာရ အနေနှင့် သုံးသပ်ရလျှင် TONE ကျွမ်းနေသော ပုံတစ်ပုံပင်။ ပန်းချီကား တစ်ချပ်ကို ရေးဆွဲပြီးမှ မကြိုက် တော့ဘူးဆိုရင် မြင်ကွင်းထဲကနေ မှောက်ထားလိုက် နှစ် ရက်သုံးရက်လောက်နေမှ ပြန်ကြည့် အဲဒီပန်းချီကားဟာ ကား ကောင်းတစ်ကားဖြစ်ချင် ဖြစ်နေတတ်သည်။ ပန်းချီ ဆရာသည် သူ့မိတ်ဆွေတစ်ယောက်ပြောဖူးသော စကား ကိုပြန်၍ အမှတ်ရလာသည်။ သီအိုရီတွေက အများကြီးပဲ မင်းကြိုက်သလိုသာရေးပါ။ တစ်ခုမဟုတ်တစ်ခုနဲ့ အံဝင်ခွင် ကျ ဖြစ်နေမှာဟု အားပေးလေ့ရှိသော ပန်းချီ မတောက် တခေါက် နားလည်သည့် ဝေဖန်ရေးဆရာ၏ စကားကို လည်း သတိရလာသည်။

ပန်းချီကား တစ်ချပ်မှာ အရေးကြီး တာက ဘယ်အချိန်မှာ ပြီးသွားတယ် ဆိုတာပဲဟု ပြောလေ့ရှိသော ရေဆေး ပန်းချီဆရာတစ်ယောက်၏ စကားကို လည်း ကြားမိပြန်သည်။ ပန်းချီ ဆရာသည် ရုတ်ခြည်းပင် ထိုင်နေရာ မှထ၍ ပန်းချီကားကို မှောက်ထားလိုက် သည်။ ထို့နောက် သူ့နေရာမှာ သူပြန်၍ ထိုင်နေလိုက်သည်။ ပန်းချီဆရာသည် အနည်းငယ်စိတ်သက်သာရာရလာ သည်။ ယခုသူမြင်တွေ့နေရသည်က ပန်းချီကား၏ ကျောဘက်ဖြစ်သည်။ ဘာမျှမရှိ။ သူသည်ပန်းချီအနုပညာကို မတောက်တခေါက်သိရုံမျှနှင့် အမျိုးမျိုး အဖုံဖုံဝေဖန်ပြောဆိုတတ်သော ဝေဖန် ရေးဆရာကို ရောက်လာလျှင် ကောင်း လေစွဟု တောင့်တမိလေသည်။ ဤသို့ ဖြင့် နေ့ရက်များ ကုန်ဆုံးသွားသည်။ ပန်းချီဆရာသည် သုံးရက်မြောက်သော နေ့တွင် သူ၏ ပန်းချီကားကို မှောက် ထားရာမှ လှန်၍ကြည့်လိုက်သည်။ သူသည် ပန်းချီကားကို မြင်ရသောအခါ ကြက်သီးထသွားသည်။ အလို ဘကြီး သည် အမှောင်ထဲမှ သူ့ကို မျက်နှာထား တင်းတင်းဖြင့် စိုက်ကြည့်နေလေသည် တကား။ သူ့ကို ဒီလိုပုံထွက်အောင် ဆွဲ ရပါမည်လားဟု ပြောနေသည့် အလား။

နေမျိုး

Ads Space Available


Continue reading

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ ကို ကမ္ဘာကျော်အဆိုတော် ရှာကီရာ မိတ်ဆက်

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai" ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။ ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser)...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့် ဖြစ်ပေါ်သည့် သိပ္ပံနည်းကျဖြစ်စဉ်ဖြစ်ကြောင်း MASES အသိပေး

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရပြီး ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သည်။ ယင်းဖြစ်စဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဒုံးပျံပျံတက်သွားစဉ် စွန့်ထုတ်ခဲ့သည့် လောင်စာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာရသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်းက အသိပေးထားသည်။ အဆိုပါ အလင်းတန်းမှာ အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးဌာန (ISRO) မှ ဂြိုဟ်တုနည်းပညာသုံး ကိရိယာများ တင်ဆောင်လွှတ်တင်လိုက်သည့် ဒုံးပျံမှ...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်၊ မေလ ၈ ရက်၌ စောင်ရေ ၁၉,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးစံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ တစ်ပတ်တာအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှု မေလ ၁ ရက်မှ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များ ဖြစ်သောကြောင့် အရောင်းအဝယ် နားခဲ့သော်လည်း ကျန်ရက်များတွင် အရှိန်အဟုန်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည် - မေ ၄ ရက်: ကျပ် ၈၅ သန်းကျော် (၁၇,၁၅၆ စောင်)မေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071