Looking for something?

Explore the website

Looking for something?

Wednesday, August 20, 2025

မုံရွာမြို့က KTV ဆိုင်များကို သက်ဆိုင်ရာမှ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ KTV ဆိုင်များကို ပူးပေါင်းအဖွဲ့များမှ သြဂုတ်လ (၁၉)ရက် နေ့လယ် (၁၂)နာရီအချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ခရိုင်အဆင့်စစ်ဆေးရေးအဖွဲ့သည် မုံရွာမြို့ပေါ်ရှိ...

လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကယန်းသာယာဓာတ်အားခွဲရုံမှစက်များအားပြုပြင်ပြီး၍ စမ်းသပ်မောင်းနှင်နေ

ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အပါအဝင် ဆက်စပ်နေရာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့သော ကယန်းသာယာဓာတ်အားခွဲရုံအားခွဲရုံမှစက်များပျ-က်စီးနေသဖြင့် ပြန်လည်ပြုပြင်မှုများပြု လုပ်ခဲ့ကြပြီးနောက် လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ စက်များကိုစမ်းသပ်မောင်းနှင်လျက်ရှိသည်။ ထိုသို့ စမ်းသပ်မောင်းနှင်နေမှုကို သြဂုတ် ၁၉...

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး(၂၆)မျိုးအား အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေးလျှက်ရှိပြီး ဈေးကွက်အတွင်း တိုင်းရေးဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် ဆေးမေတ္တာ အမှတ်တံ ဆိပ် (၂၆) မျိုးကိုတွေ့ရှိကြောင်း...

ချောက်မြို့၌ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ စွယ်တော်မြတ်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စွယ်တော်မြတ်စေတီတော်တည်ထားကိုး ကွယ်မည့် မြေနေရာအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့မှ သြဂုတ်...
HomeCelebrities' Newsအနုပညာအလုပ်ကို ဝါသနာပါပြီး အားပေးတဲ့သူမျိုးကိုပဲချစ်သူအဖြစ်...

အနုပညာအလုပ်ကို ဝါသနာပါပြီး အားပေးတဲ့သူမျိုးကိုပဲချစ်သူအဖြစ် ရွေးချယ်မယ်ပိုးကြာဖြူခင်

‘ဝင်္ကပါစံအိမ်’၊ ‘မမထိပ်နဲ့ အ မွှေစံအိမ်’၊ ‘ဥယျာဉ်မှူးဖြစ်ဖူးချင် တယ်’ဇာတ်လမ်းတွဲများနဲ့ ပရိသတ် တွေ သတိထားမိလာတဲ့ သရုပ် ဆောင်ပိုးကြာဖြူခင်က သူ့ရဲ့ စတုတ္တ မြောက်ဇာတ်လမ်းတွဲဖြစ်တဲ့ ‘မိုး ကောင်းကင်အိပ်မက်’ ဇာတ်လမ်းတွဲ မှာတော့ ဆိုင်းမိုင်အဖြစ်နဲ့ ပရိသတ် အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ အ ရင်ဇာတ်လမ်းတွဲတွေထက် ပရိသတ် ရဲ့ အားပေးမှုပိုမိုရရှိခဲ့တာကြောင့် အတိုင်းမသိ ဝမ်းသာလို့နေပါတယ်။ အထူးသဖြင့် နယ်ပရိသတ်တွေရဲ့ အထူးအားပေးမှုတွေကို ရရှိခဲ့တာပါ။ နယ်ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ပတ်သက်ပြီး ပိုးကြာဖြူခင်က …

”ဒီဇာတ်လမ်းတွဲ လွှင့်နေတဲ့အ ချိန်မှာ ပရိသတ်ရဲ့အားပေးမှုက တ အားကြမ်းတယ်လို့ ပြောရမှာပေါ့။ မျှော်လင့်ထားတာထက်ကို ပိုပြီး ပရိ သတ်တွေ အားပေးကြတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ် လောက်က ညီမမန္တလေးကို သွား တယ်။ မြင်းခြံဘက်တွေကို သွား တယ်။ ရန်ကုန်က ပရိသတ် တွေထက် ပိုပြီး အားပေးကြတယ်။ တွေ့တာနဲ့ကို ဇာတ်လမ်းထဲမှာ စီးမျောပြီးတော့ ကိုယ့်ကို တွေ့တာနဲ့ ဆွဲပြီးပြောကြ တယ်။ ည ၇ နာရီထိုးရင် နင်ငါတို့ကို အရမ်းဒုက္ခပေးတယ်၊ ငါတို့မှာထမင်း တောင် မစားနိုင်ဘူး၊ ကိုယ့် ယော က်ျားကိုလည်း ကိုယ်မကြည့်နိုင်ဘူး၊ ကလေးလည်း မကြည့်နိုင်ဘူးတဲ့။ ဒီဇာတ်လမ်းတွဲထဲမှာ စိတ်ဝင်စားမှု တော်တော်ကြီး ရောက်ပြီးတော့ သောကများရတယ်။ အဲဒီလောက် ထိကို စီးမျောသွားကြတယ်။ ကိုယ် ကိုယ်တိုင် နယ်ဘက်တွေ ရောက်တဲ့ အချိန်မှာ သူတို့ပြောတဲ့စကားတွေကို အနီးကပ်ကြားခဲ့ရတာပါ။ ပီတိဖြစ်ရ ပါတယ်”လို့ပြောပါတယ်။ ပိုးကြာဖြူ ခင်ကိုအပြင်မှာ ရဲသွေးအဖြစ် သရုပ် ဆောင်တဲ့ စည်သူဝင်းနဲ့ ချစ်သူတွေ ဖြစ်နေပြီဆိုပြီး ပရိသတ်တွေက ထင် မြင်နေကြပါတယ်။ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောပြခဲ့တဲ့ ပိုးကြာဖြူခင်က …

”အခုကျတော့ ရဲသွေးနဲ့တင် မဟုတ်ဘူး။ ကာရန်ဟိန်းနဲ့ပါ ပေး စားနေကြတယ်။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလားမသိဘူး။ ဒီဇာတ် လမ်း တွဲလွှင့်နေတဲ့ အချိန်မှာ Wedding ကာလ ဖြစ်နေတော့ Wedding Show လျှောက်လည်း အတူ တူပဲ။ သတို့ သား၊ သတို့သမီး ဓာတ်ပုံ ဆိုင်ရိုက် လည်း အတူ တူပဲ။ အဆိုးဆုံး က ပြက္ခဒိန် တွေက သူတို့နဲ့တွဲ တွဲပြီး ရိုက်ရတဲ့ အခါကျတော့ ပရိသတ်တွေ က သူကရဲသွေးနဲ့ တွဲနေတာလား၊ ကာ ရန်ဟိန်းနဲ့ တွဲနေတာလားဆိုပြီး ထင် ကြတယ်။ မိုးပန်းပွင့်ရဲ့သင်္ကေတ ပရက်ရှိုးကို သွားလိုက်တဲ့အခါကျ တော့လည်း ရဲသွေးနဲ့က အတွဲလိုက် ကြီးလို ဖြစ်သွားတယ်။ သူတို့က ပွဲ တောင်အတူတူတက်နေပြီလား၊ ဓာတ်ပုံတွေလည်း အမြဲတမ်းအတူတူ ရိုက်တယ်ဆိုပြီး ပြောကြတာပေါ့။ အမှန်ကPersonal အရ သီးသန့် ကြီးတွေ့တာ မဟုတ်ဘဲနဲ့ အလုပ်နဲ့ ပတ်သက်လို့ တိုက်ဆိုင် သွားတာပါ။ ဇာတ်လမ်းထဲမှာ ဆိုင်းမိုင်က ရဲသွေး ကိုချစ် တာပေါ့။ အပြင်မှာသာ ရဲသွေး နဲ့ ကာရန်ဟိန်း ကိုယ့်နားမှာ နှစ် ယောက် ရှိနေ ကြေး ဆိုရင် ညီမဘယ် သူ့ကိုမှ မ ကြိုက် ဘူး။ ကိုယ့်ကို တအား လာချစ်ပြတာကို မကြိုက်ဘူး။ အချစ် မခံနိုင်ဘူး။ အာရုံ နောက်တယ်။ ချစ် ပြီဆို ရင်နောက်ဆက်တွဲမှာ ဘာ တွေပါလာမလဲဆိုရင် သဝန် တိုတာတို့၊ ဟို လူနဲ့ မရိုက် ရဘူးတို့၊ စာမပို့ဘူး၊ ဖုန်း မဆက်ဘူး၊ အချိန် မပေးဘူးတို့ လာတော့ မယ်။ အဲဒါမျိုးတွေမခံ နိုင်ဘူး” လို့ ပြောပါတယ်။


ပိုးကြာဖြူခင်က အနုပညာအ လုပ်တွေကို လုပ်နေရတာဖြစ်တဲ့ အ တွက် အချစ်ရေး အ တွက်အချိန်မပေး နိုင်သေးပါဘူး။ အခု လက်ရှိမှာ ချစ် သူမရှိပါဘူးဆိုတဲ့ ပိုးကြာဖြူခင်က သူရွေးချယ်မယ့် ချစ်သူပုံစံနဲ့ ပတ်သက်ပြီး ”ညီမက အနုပညာသမားဖြစ် တဲ့အတွက် သူကိုယ်တိုင်က ဒီအလုပ်ကို ဝါသနာပါပြီး အားပေးမှ ဖြစ်မယ်။ သဝန်တိုပြီး ဒီအလုပ်ကို ဆက် မလုပ်ရဘူး အဲဒီလိုမျိုးတွေ မကြိုက် ဘူး။ အချိန်မပေးနိုင်တဲ့အပေါ်မှာ လည်း ပွစိပွစိသိပ်မလုပ်တတ်တဲ့ လူ မျိုး။ လူကြီးဆန်တဲ့ပုံစံမျိုး။ အခုထိ တော့ မတွေ့သေးပါဘူး” လို့ ပြော ပြခဲ့ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

မုံရွာမြို့က KTV ဆိုင်များကို သက်ဆိုင်ရာမှ ရှောင်တခင်ဝင်စစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ KTV ဆိုင်များကို ပူးပေါင်းအဖွဲ့များမှ သြဂုတ်လ (၁၉)ရက် နေ့လယ် (၁၂)နာရီအချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ခရိုင်အဆင့်စစ်ဆေးရေးအဖွဲ့သည် မုံရွာမြို့ပေါ်ရှိ KTV ဆိုင်များတွင် မူးယစ်ဆေးဝါးများရောင်းဝယ်‌ခြင်း မရှိစေရေးများကို ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ All Star KTV ၊ Century KTV နှင့် ကန်သာဦးရပ်ကွက်ရှိ Kyaw KTV ဆိုင်များသို့စစ်ဆေးရေးအဖွဲ့ရောက်ရှိပြီး တရားဝင်ဖွင့်လှစ်ခွင့် KTV လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ စည်ပင်သာယာရေးလုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ယစ်မျိုးလိုင်စင် ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ...

လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကယန်းသာယာဓာတ်အားခွဲရုံမှစက်များအားပြုပြင်ပြီး၍ စမ်းသပ်မောင်းနှင်နေ

ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အပါအဝင် ဆက်စပ်နေရာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့သော ကယန်းသာယာဓာတ်အားခွဲရုံအားခွဲရုံမှစက်များပျ-က်စီးနေသဖြင့် ပြန်လည်ပြုပြင်မှုများပြု လုပ်ခဲ့ကြပြီးနောက် လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ စက်များကိုစမ်းသပ်မောင်းနှင်လျက်ရှိသည်။ ထိုသို့ စမ်းသပ်မောင်းနှင်နေမှုကို သြဂုတ် ၁၉ ရက်နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်မှ ကယန်းသာယာဓာတ်အားခွဲရုံပြုပြင်ပြီးစီးမှု၊ ဓာတ်အားခွဲရုံထိန်းချုပ်စက်ခန်းအတွင်း စက်ပစ္စည်းများတပ်ဆင်ပြီးစီးမှုနှင့် စက်များစမ်းသပ်မောင်းနှင်နေမှု၊ Switch Yard ဧရိယာအတွင်း ထရန်စဖော်မာများနှင့် ဓာတ်အားပေးစက်များတပ်ဆင်ပြီးစီးမှုနှင့် ဓာတ်အားထုတ်လွှတ်ကြိုးများသွယ်တန်းနေမှုတို့ကို ကြည့်ရှုခဲ့သည်။ အဆိုပါ ကယန်းသာယာဓာတ်အားခွဲရုံမှ လွိုင်ကော်စက်မှုဇုန်၊ လွိုင်လင်လေးမြို့၊ ကုန်သားကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရန် ဆောင်ရွက်ထားသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး(၂၆)မျိုးအား အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေးလျှက်ရှိပြီး ဈေးကွက်အတွင်း တိုင်းရေးဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေသည့် ဆေးမေတ္တာ အမှတ်တံ ဆိပ် (၂၆) မျိုးကိုတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်(၂၀)ရက်တွင် အသိပေးထားသည်။ အဆိုပါ ဆေးဝါး(၂၆)မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိခြင်းကြောင့် ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း လ ည်း အသိပေးချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဆေး(၂၆)မျိုးတွင် ဆေးလုံး၊ ဆေးအနှစ်၊ ဆေးရည်၊ ဆေးမှုန့် ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားပြီး ယားနာ၊ အာရုံ ကြော၊ အဆုတ်စသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071