Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeArticlesအို.....အနုပညာရှင်

အို…..အနုပညာရှင်

ဟိုး…လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ လောက်က ဗဟန်းမြို့နယ်အ တွင်းမှာရှိတဲ့ ‘ဇီဝိတဒါန’သံဃာ့ဆေး ရုံအနီးကနေ ဖြတ်ပြီး ကန်တော်ကြီး ဘက်ကို ဘတ်စကားစီးသွားခဲ့ဖူးသူ တိုင်း ဘတ်စကားစပယ်ယာရဲ့ ‘ရေ ခဲဆိုင်ပါသလား’ဆိုတဲ့ အော်ဟစ် သတိပေးသံကို ကြားဖူးခဲ့ကြပါလိမ့် မယ်။ ‘ရေခဲဆိုင်’ဆိုတာ သံဃာ့ဆေး ရုံနဲ့ ရေတာရှည်လမ်းဟောင်းကြားက ဘတ်စကားမှတ်တိုင်ရဲ့ နာမည်ဖြစ်ပါ တယ်။ ‘ရေခဲဆိုင်’ဆိုလို့ရေခဲရောင်းတဲ့ဆိုင်များရှိမလားလို့တော့ မထင်နဲ့။ ရေခဲဆိုင်နဲ့တူတဲ့ လမ်းဘေးသောက် ရေအိုးစင်တောင် တွေ့ရမှာ မဟုတ် ဘူး။

ဘတ်စကားမှတ်တိုင်နဲ့ မျက်နှာ ချင်းဆိုင် လမ်းတစ်ဖက်က ကုန်းမြင့် ကလေးပေါ်မှာ ကိုလိုနီခေတ်လက် ရာ ခန့်ညားတဲ့ အဆောက်အအုံတစ် ခုကို တွေ့ရမယ်။ အဲသဟာကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက် ခံ နိုင်ငံတော်ပန်းချီပန်းပုအနုပညာ ကျောင်းကြီးပါပဲ။ ပန်းချီပန်းပု ကျောင်းလို့ ခေါ်တဲ့သူက ခေါ်ပြီး ‘ရေခဲဆိုင်ကျောင်း’လို့ ခေါ်တဲ့သူများ ပါတယ်။

ရေခဲဆိုင်ကျောင်းကို မူလတန်း အောင်ရင် တက်ခွင့်ရှိပြီး အရည် အချင်းစစ် စာမေးပွဲတော့ဝင်ရတယ်။ စာမေးပွဲအောင်လို့ ၃ နှစ် သင်တန်း တက်ခွင့်ရတဲ့အခါ အစိုးရထောက်ပံ့ ကြေး (စတိုင်ပင်) ရပါတယ်။ ၁၉၆ဝ ပြည့်နှစ်လောက်က ကျောင်းသားတစ် ယောက်ရတဲ့ ထောက်ပံ့ကြေးဟာ မြန် မာကျပ်ငွေ ၂၅ကျပ်ပါ။ အခုခေတ်ငွေ ကြေးတန်ဖိုးနဲ့ဆိုရင် ကျပ်ငွေ နှစ် သောင်းခွဲလောက်ရှိတာပ။

ကျွန်တော်တို့နဲ့ အိမ်နီးချင်း (အစ်ကိုကြီး လိုခင်တဲ့) ကိုမိုးညိုဟာ အဲသည်ကျောင်းမှာတက်လို့ ပန်းချီ ပညာဆည်းပူးပါတယ်။ သူနဲ့ကျောင်း နေဖက်ထဲမှာ နောင်တစ်ချိန်အောင် မြင်ကျော်ကြားလာမယ့် ပန်းချီဆရာ ‘ဝသုန်’ (ကွယ်လွန်)တို့ ယနေ့သက်ရှိ ထင်ရှားရှိနေသေးတဲ့ ပန်းချီဆရာ ‘မောင်ဒီ’တို့ ပါရှိပါတယ်။ အဲသည် တုန်းက ပန်းချီပန်းပုကျောင်းသားတွေ ဟာ အိမ်ကနေ ထမင်းချိုင့်တွေနဲ့ လာကြပြီး ကျောင်းက ထမင်းစားချိန် ပေးတော့ စုဝေးပြီး စားသောက်တတ် ကြပါသတဲ့။ နောင်တစ်ချိန် သူဌေး ဖြစ်သွားတဲ့ ပန်းချီကျောင်းသားတစ် ယောက်ဆိုရင် ဆင်းရဲလွန်းလို့ သတ္တု ချိုင့်ကလေးတောင် မဆွဲနိုင်ဘဲ ထ မင်းကို သတင်းစာစက္ကူနဲ့ ထုပ်ယူလာ ရသတဲ့။ ထမင်းထဲမှာ မြေပဲကြော် ကလေးတစ်ဆုပ်လောက်သာ ထည့် ထားသတဲ့။ အဲသလို ဆင်းရဲနွမ်းပါးတဲ့ ကြားက ပါရမီပါလာတော့ နောင်နှစ် ပေါင်း ၃ဝ လောက်ကြာလာတဲ့အခါ ငွေရွှင်တဲ့ ထိတ်ထိတ်ကြဲ ပန်းချီဆရာ ကြီးဖြစ်လာပါရော။

ကိုမိုးညိုရဲ့ မိသားစုက စားနိုင် သောက်နိုင်ရုံအဆင့် ဝန်ထမ်းတွေပါ။ ကိုမိုးညိုလည်း ခြစ်ခြစ်ခြုတ်ခြုတ်နဲ့ ပန်းချီကျောင်းတက်ရတာပါပဲ။ ပုံဆွဲ စက္ကူ၊ စုတ်တံ၊ ပန်းချီဆေး စတာတွေ ကို ကျောင်းက ထုတ်ပေးပေမယ့် ‘ဆင့်ပါးစပ် နှမ်းပက်’ဆိုတော့ အပြင် က ဝယ်ရတာများပါတယ်။ ဝါသနာ ကို တန်ဖိုးထားပြီး အနုပညာခွန်အား ကြီးမားတဲ့ဆရာတွေရဲ့ သြဝါဒကို ခံ ယူကြရတဲ့အခါ ကိုမိုးညိုတို့ခေတ်က လူငယ်ပန်းချီဆရာတွေဟာ ငွေ မမက်တဲ့ အနုပညာရှင်စစ်စစ်တွေ ဖြစ်လာခဲ့ကြပါတယ်။

ငွေမမက်ဘူးဆိုပေတဲ့ ဘယ်သူ မဆို ငွေရှာကြရပါတယ်။ (ကျွန်တော် တို့ ငယ်ငယ်) အဲသည်ခေတ်က အနု ပညာသမားများဟာ အခုခေတ်အနု ပညာသမားများလောက် လူပါးမဝ ကြတာတော့ အမှန်ပဲ။ လူပါးမဝကြ ဘူးလို့ သုံးနှုန်းတာကို ရင့်သီးတယ် တော့ မထင်ကြပါနဲ့။ အခုခေတ်မှာ လို ငွေကြေးကို အမဲလိုက်သလို မလိုက်ကြတာကို ပြောတာပါ။ အဲ သည်ခေတ်က အနုပညာသမားဟာ ‘အနုပညာ’ကိုပဲ ပဓာနထားတယ်။ ငွေကြေးက မိုင်နာပဲ။ ဒါကို တချို့က ‘အနုပညာသည် အနုပညာအတွက်’ Art for art’s sake ဆိုပြီး လုံးချကြ တာပါ။ ကျွန်တော်ယုံကြည်တာက တော့ အနုပညာဟာ ဘာအတွက်မှ မဟုတ်ဘူး။ ဘာကြောင့်ဆို အနုပ ညာကိုယ်တိုင်က ဘာမှမဟုတ်တဲ့ စိတ္တဇနာမ်ဖြစ်နေလို့ပဲ။ အနုပညာ လက်ရာ ပန်းချီကားတစ်ချပ်ကို ဘူးလုံးနားမထွင်း ဘာမှနားမလည်တဲ့ ဆိုက်ကားသမားတစ်ယောက်ဆီမှာ ငွေတစ်ထောင်နဲ့ သွားရောင်းကြည့် ပါလား။

“မင့် ..စက္ကူစုတ်ကို ငါက ဘာလုပ်ရမှာလဲ။ ငွေတစ်ထောင်ဆို ရင် ဘီအီးကို အလဲအကွဲ ဖင်ထောင် မူးအောင် သောက်လို့ရသကွ”လို့ စူစူ စွာစွာနဲ့ ငေါက်လွှတ်မှာ သေချာ တယ်။ သို့ပေမဲ့ အနုပညာနားလည် ခံစားတတ်သူတစ်ယောက်ကတော့ အဲသည်စက္ကူစုတ်ကို ငွေတစ်သိန်း ပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

ကျွန်တော့်တို့ စိတ်ထင် အဲသည် ခေတ်က အနုပညာကို တန်ဖိုးထားတဲ့ အနုပညာသမားတွေဟာ အခုခေတ် ထက်ပိုပြီးများတယ်။ အနုပညာရဲ့ တန်ဖိုးကို အမွှမ်းတင်တဲ့ ဝတ္တုတွေ လည်း ထွက်တယ်။ ဥပမာ (သွား လေသူ) လင်းယုန်နီ မြန်မာပြန်တဲ့ ‘စံပြမယ်’ဆိုတဲ့ ဝတ္တုဟာ အနုပညာ ကို ဦးခိုက်တဲ့ ပန်းချီဆရာတစ်ယောက် နဲ့ ပန်းချီဆရာအတွက် ပါရမီဖြည့် ပေးတဲ့ မော်ဒယ်လ်မကလေးတစ် ယောက်အကြောင်းရေးထားတာ။ ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ ဝတ္တုပေါ့။ မူရင်းစာရေးဆရာကိုတော့ မေ့သွား ပြီ။ မူရင်းအင်္ဂလိပ်ဝတ္တုရဲ့ နာမည်ကPortrait of Jenny တဲ့။ အဲသည် တုန်းက (၁၉၅ဝ ပြည့်နှစ်တစ်ဝိုက်မှာ) အင်္ဂလန်က ပန်းချီဆရာတွေလည်း မွဲကြတဲ့အကြောင်း အထက်ပါစာအုပ် မှာ ဖတ်ရပါတယ်။ မွဲပေမယ့် မာန တော့ ကြီးကြရဲ့ဗျ။ မြန်မာပန်းချီ ဆရာတွေလည်း ဘယ်လိုက ဘယ်လို မာနကြီးတဲ့ ရောဂါကူးစက်ခံရသလဲ မသိဘူး။ ဆင်းရဲပေမယ့် အနုပညာ မာနကတော့ မိုးပေါ်ထိရောက်နေ ကြတာပဲ။ ပန်းချီဆရာမှ မဟုတ်ဘူး။ အနုပညာရှင်မှန်ရင် အနုပညာ မာန ကြီးတွေ တစ်ခွဲသားနဲ့ဗျ။ စာရေး ဆရာကြီး အောင်လင်း (ကွယ်လွန်) ရဲ့ နာမည်ကျော် ‘အရိုင်းစပယ်’ ဝတ္တု ထဲက ဂီတအနုပညာရှင် ‘ဘခက်’ကို ကြည့်။ ကြီးလိုက်တဲ့ မာနက ကြောက် စရာကြီးဗျာ။ ဂီတပြိုင်ပွဲမှာ ဆုမရလို့ စင်မြင့်ပေါ်တက်ပြီး သူ့တယော သူ ပြန်ရိုက်ချိုးပစ်သဗျ။ ခုခေတ် မြန်မာ အိုက်ဒေါပြိုင်ပွဲဝင်တွေ ဆုမရရင် စင်ပေါ်ကနေ ကျွမ်းထိုးချရဲသလား ဗျာ။ အော် …တစ်မျိုးမထင်ပါနဲ့ ခေတ်ဟောင်းက အနုပညာသမား တွေ မာနကြီးပုံကို ပြောပြတာပါ။ ခေတ်ဟောင်းနဲ့ ခေတ်သစ် ဘယ်တူ မလဲ … နော့။

ကျွန်တော်တို့ အိမ်နီးချင်း ပန်း ချီဆရာ’ကိုမိုးညို’ကလည်း မာနခဲပဲဗျ။ သူနဲ့အတူ ကျောင်းဆင်းဖက်တွေက စာနယ်ဇင်းသရုပ်ဖော်ပန်းချီဆရာ Illustrator ဘဝကို ခံယူဖို့ စာနယ် ဇင်းလောကထဲကို ‘ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး’လို ဘဝမျိုးနဲ့ ဝင်ရောက် သွားကြတယ်။ အနုပညာကြေး တစ် ပဲခြောက်ပြားပဲ ရတဲ့ဘဝပါ။ မောက် မာဘဝင်ကိုင်တဲ့ ထုတ်ဝေသူ၊ အယ် ဒီတာတွေကို ဦးကျိုးခယကြရပါတယ်။ (နောင်တစ်ချိန် အဲသည်ပန်းချီဆရာ တွေ အောင်မြင်လာကြတဲ့အခါ မောက်မာဘဝင်ကိုင်တဲ့ ထုတ်ဝေသူ အယ်ဒီတာတွေက ပန်းချီဆရာတွေ ရှေ့မှောက်မှာ ဒူးထောက်ခစားကြရ ပါတော့တယ်။

အော် …အနုပညာ လောကရဲ့ သံသရာဝဋ်ဆင်းရဲကြီးပါ ကလား …ဟဲ့။)တိုတိုပြောရရင် တော့ စာနယ်ဇင်းလောက မဖွံ့ဖြိုး တဲ့ အဲသည်ကာလတုန်းက စာနယ် ဇင်းသရုပ်ဖော်ပန်းချီဆရာတွေ ငတ် ပြတ်ဆင်းရဲခဲ့ကြတာ အမှန်ပဲဗျ။ သည်ခေတ်မတော့ ကားတဝီဝီစီး နေတဲ့ ပန်းချီဆရာတွေရှိနေကြပါပြီ။

ကျွန်တော်တို့ရဲ့ ပန်းချီဆရာ ကြီးကိုမိုးညိုကတော့ တကယ့်မာနရှင် ပဲ။ စာနယ်ဇင်းလောကထဲကိုလည်း အောက်ကျို့မဝင်ဘူး။ စီးပွားရေး ပန်းချီခေါ်တဲ့ ကြော်ငြာ၊ ဆိုင်းဘုတ်၊ ဒီဇိုင်းအလုပ်တွေလည်း မလုပ်ဘူး။ ပုံတူလာအပ်လည်း လက်မခံဘူး။

တစ်နေ့တော့ ကျွန်တော်သူတို့ အိမ်ရောက်သွားတယ်။ ပန်းချီဆရာ တို့ လင်မယား ရွှံ့စေးတွေကိုလောက် စာလုံးလုံးနေကြသဗျ။ လောက်စာ လုံးလုံးပြီး ရောင်းစားနေကြသတဲ့။

“ဒါဟာ …အနုပညာလုပ် ငန်းပဲကွ”လို့ သူက မိန့်ကြားတယ်။ ဆက်ပြီး ဟောမြွက်တော်မူပြန်တယ်။

“ဒါဟာ အခြေခံပန်းပုအနုပညာ ပဲကွ။ မှတ်ထား”

ကြူးနှစ်

Ads Space Available


Continue reading

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ ကို ကမ္ဘာကျော်အဆိုတော် ရှာကီရာ မိတ်ဆက်

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai" ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။ ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser)...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့် ဖြစ်ပေါ်သည့် သိပ္ပံနည်းကျဖြစ်စဉ်ဖြစ်ကြောင်း MASES အသိပေး

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရပြီး ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သည်။ ယင်းဖြစ်စဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဒုံးပျံပျံတက်သွားစဉ် စွန့်ထုတ်ခဲ့သည့် လောင်စာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာရသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်းက အသိပေးထားသည်။ အဆိုပါ အလင်းတန်းမှာ အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးဌာန (ISRO) မှ ဂြိုဟ်တုနည်းပညာသုံး ကိရိယာများ တင်ဆောင်လွှတ်တင်လိုက်သည့် ဒုံးပျံမှ...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်၊ မေလ ၈ ရက်၌ စောင်ရေ ၁၉,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးစံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ တစ်ပတ်တာအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှု မေလ ၁ ရက်မှ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များ ဖြစ်သောကြောင့် အရောင်းအဝယ် နားခဲ့သော်လည်း ကျန်ရက်များတွင် အရှိန်အဟုန်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည် - မေ ၄ ရက်: ကျပ် ၈၅ သန်းကျော် (၁၇,၁၅၆ စောင်)မေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071