Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesကြယ်ပွင့်ပြမေးခွန်း

ကြယ်ပွင့်ပြမေးခွန်း

(၁)
ကျွန်တော် မောင်စောဘရန် ငြိမ်းဘဝဟာ ‘တွဲဖက်မစားသင့်သော အစာ’လို ဖြစ်နေတဲ့ဘဝပါခင်ဗျ။
ဘာကြောင့် တွဲဖက်မစားသင့် တဲ့အစာမျိုးဖြစ်နေရလဲဆိုရင် ကျွန် တော်ဟာ (၁) ကျောင်းပညာသိပ် မတတ်သော၊ ကားစပယ်ယာတစ် ယောက်ဖြစ်ခြင်း၊ (၂) အတော်အသင့် အောင်မြင်ထင်ရှားသော ‘စာရေး ဆရာ’တစ်ယောက်ဖြစ်ခြင်းတို့ ကြောင့် တွဲဖက်မစားသင့်သော ဘဝနှစ်မျိုးဖြင့် လောကကို ခပ်တည် တည်ဖြတ်သန်းနေသူတစ်ဦးသာဖြစ် ပါတယ်။

ကားစပယ်ယာတစ်ယောက်ဖြစ် ခဲ့တဲ့အတွက် ကျွန်တော်ဟာ သစ် သားဘတ်စကားလို့ခေါ်တဲ့ ချက်ပ လက်ကားတွေပေါ်မှာ နေပါတယ်။ နေတာမှ အနှစ် ၄ဝ ကျော်ကြာ အောင် နေခဲ့တာပါ။ စပယ်ယာ စာ ရေး ဆရာဆိုရင် မမှားပါဘူး။ ဘဝ တစ်လျှောက်လုံးမှာလည်း စပယ်ယာ အထင်သေးတဲ့လူတွေနဲ့ စာရေးဆရာ ကို အထင်ကြီးတဲ့လူတွေကြားမှာ အ ထင်သေးခံလိုက်၊ ထင်ရှားခံလိုက်နဲ့ မှိန်ချည် လင်းချည်နဲ့ပေါ့လေ။

စာပေဟောပြောပွဲရာသီဆိုရင် အငြိမ်။ ကားလိုင်းက ခွင့်ယူပြီး တစ် ပြည်လုံးပတ်ကာ စာရေးဆရာလုပ် တော့တာ။ နေရာမရွေး၊ ဒေသမရွေး ဟောခဲ့ ပြောခဲ့တာတွေ မနည်းပါဘူး။ ရေးသူဖတ်သူ ဆွေးနွေးပွဲတွေ ဘာ တွေလည်း ‘ချ’တာပဲ။ ကိုယ်က အ တန်းပညာနည်းပေမယ့်၊ စာဖတ်အား မနည်းဘူးလေ။ ဟောပြောပွဲအပြန် ဆိုရင် လက်ဆောင်အဖြစ် ဒေသ ထွက်ကုန်ပစ္စည်းတွေ သီးနှံတွေဆို တာ မနိုင်အောင်ရတတ်ပြီး၊ ဟော ပြောခ (Óဏ်ပူဇော်ခ)ကို သောင်း ကြီးပိုင်း (ယခုတော့ သိန်းချီပြီး) ပိုက် ပြီး ခပ်ခန့်ခန့်ပြန်လာရတာချည်းပါပဲ။

ကျွန်တော့်ဘဝအတွက် စာရေး ဆရာအတွေ့အကြုံဆိုတာတွေက စ ပယ်ယာဘဝနဲ့ ရတာများတော့အချိန် တန်ရင် ကျွန်တော် ဘတ်စကားပေါ် ပြန်ရောက်သွားပြီး လှုပ်ရှားတော့ တာပဲ။ ဟောပြောပွဲနဲ့ နယ်ကိုရောက် တိုင်း ကျွန်တော်ကားစပယ်ယာတစ် ယောက်ဖြစ်တဲ့အကြောင်း ပြောရင် မယုံတဲ့သူ အတော်များပါတယ်။ ဒါ တော့ ကျွန်တော်လည်း မတတ်နိုင် ဘူး။ ဒီတော့ စပယ်ယာတစ်ယောက် အနေနဲ့ ကျွန်တော်အများဆုံး ပြော ဖြစ်တာက
”ရှေ့မှတ်တိုင်ပါတယ် ဆရာ … ရှေ့မှတ်တိုင် …”

(၂)
”အခု ဟောပြောမယ့် ယာဉ် စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဟောပြောပွဲက ပြောလိုက်တာတွေကို မောင်ရင်တို့ သေချာမှတ်သားနာယူ ကြစေလိုတယ်”

ကားသင်းဥက္ကဋ္ဌကြီးနဲ့ သက်ဆိုင် ရာဆရာကြီးတွေရဲ့ အမှာစကားပြီး တဲ့နောက်မှာ လက်မောင်းမှာ ၃ ရစ် ကပ်ချုပ်ထားတဲ့ ယာဉ်ထိန်းဆရာရဲ့ ပညာပေးဟောပြောပွဲမှ စပါတော့ တယ်။ ရုံးပေါ်မှာ လူအပြည့်။ နေက လည်း ပူလိုက်တာ။ ပန်ကာလည်း မရှိ။ ပညာပေးမည့်ဆရာကလည်း ယူနီဖောင်းအသစ်ကြီးနဲ့ဆိုတော့ ချွေးတွေ တလုံးလုံးပေါ့။ ဆရာသူ ဟောပြောမယ့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းမစမီ ဒီလိုလူအများရှေ့ ဟောပြောဖို့က မလွယ်တဲ့အကြောင်း၊ တချို့ဆို ဟောပြောနေတုန်း ဒူးတွေ တုန်ကြောင်း၊ သူကတော့ အတွေ့ အကြုံအများကြီးရှိပြီး၊ ပြောရတာ အဆင်ပြေကြောင်းတွေ စြ<ွကားတော့ တာ။ ဒီလိုကြွားတော့ ကားသမားတွေ က တစ်ပြည်လုံးပတ်ပြီး စာပေတွေ ပြောနေတဲ့ ကျွန်တော့်ကို လှမ်းကြည့် ပြီး ပြုံးကြတယ်။ ကားသမားဆိုတာ မော်တော်ပီကယ်ကို ကြံဖန်ချဉ်တဲ့လူ တွေချည်းပဲလေ။
ခါတိုင်း အခြားအစည်းအဝေး တွေဆိုရင် ကားသမားတွေကနောက် ဆုံးနေရာ ထိုင်ကြတယ်။ ဝေးလေ ကောင်းလေပေါ့။ ဒါပေမဲ့ အခုလို ယာဉ်ထိန်းတွေနဲ့ ပွဲဆိုရင် ရှေ့ဆုံး နေရာဦးကြတယ်။ အဓိပ္ပာယ်က မော် တ်ာပီကယ်နဲ့ မျက်နှာတန်းမိရင် မနည်းဘူးဆိုတဲ့သဘော။ ကား သမားတွေအနေနဲ့က မော်တော်ပီ ကယ်ဟောပြောနေတုန်း မျက်နှာချင်း ဆုံမိရင် ပြုံးပြခွင့်ရကြမယ်လေ။

ဟောပြောသူကလည်း ယာဉ် စည်းကမ်း လမ်းစည်းကမ်းတွေကို သေသေချာချာ ရှင်းပြပေးတဲ့အပြင် ဗဟုသုတအလို့ငှာ …’ဥမင်လိုဏ် ခေါင်းအတွင်း ကားမောင်းတဲ့အခါ လိုက်နာရမယ့်စည်းကမ်းကိုပါ အပို ပညာပေးအဖြစ် ဖြည့်စွက်ဟောပြော ပြီး နိဂုံးချုပ်ပါတယ်။ ပြီးတဲ့အခါ သူ ဟောပြောတာတွေထဲက မရှင်းတာ ရှိရင် မေးဖို့ ဖွင့်ပေးပါတယ်။ ဒီအခါ မေးခွန်းမေးဖို့ ဒရိုင်ဘာဘောကြီး လှ ဖေ ထပါတယ်။ ဘောကြီးလှဖေဆို တာ စကားအကတ်ပြောတဲ့နေရာမှာ နာမည်ကြီးသူမို့ ကျွန်တော်က ‘မော် တော်ပီကယ်တော့ ဒုက္ခရောက်တော့ မယ်’လို့ တွေးနေမိတုန်းမှာပဲ၊ ဘော ကြီးအခုလို မေးလိုက်တယ်။

”ဆရာ …
ဥမင်လိုဏ်ခေါင်းထဲမှာ …
မော်တော်ပီကယ် ရှိသလား ခင် ဗျ”

စောဘရန်ငြိမ်း

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071