Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့်...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ...

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့်...

ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်...

အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့် ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့်...

နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့...
HomeEntertainmentBusinessဒါရိုက်တာလုပ်ပြီး သမိုင်းကို ထောက်ပြဖို့...

ဒါရိုက်တာလုပ်ပြီး သမိုင်းကို ထောက်ပြဖို့ ကြိုးစားနေတဲ့သရုပ်ဆောင်နေထက်လင်း

သရုပ်ဆောင် နေထက်လင်းကတော့ မကြာမီမှာဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်မယ့် ‘တိုင်စာ’ ရုပ်ရှင်ဇာတ်ကားမှာ သမီးကိုချစ်တဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ Facebook လူမှုကွန်ရက်ပေါ်မှာ ဖြစ်ပျက်တတ်တဲ့ သင်ခန်းစာယူဖွယ် အဖြစ်အပျက်များကို ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး နေထက်လင်းက …

“တိုင်စာ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်ကတော့ သားသမီးကို ချစ်တဲ့ ဖခင်ကောင်းတစ်ယောက်ပေါ့။ သမီး မင်္ဂလာဆောင်မယ့်အချိန်မှာ Facebook နဲ့ပတ်သက်တဲ့ ပြဿနာ အကြီးအကျယ်ဖြစ်ပြီး ကိုယ့်သမီး အရှက်ကွဲသွားတယ်။ အဲဒီအချိန်မှာ မိဘကောင်းတစ်ယောက် အနေနဲ့ သားသမီးအတွက် လုပ်သင့်လုပ်ထိုက် တာကိုလုပ်လိုက်တဲ့ပုံစံလေးပါ။ ပညာပေးဇာတ်ကားလည်း ဖြစ်ပါတယ်။ Facebook ဆိုတာကိုတော့ အလွန်အကျွံ မသုံးသင့်ပါဘူး။ အစ်ကိုကတော့ Facebook ကို တစ်ပတ်တစ်ခါလောက်ပဲ သုံးဖြစ်တယ်။ သုံးရင်လည်း သတင်းလောက်ပဲ ကြည့်ဖြစ်ပါတယ်” လို့ ပြောပါ တယ်။ သူကတော့ သရုပ်ဆောင်တစ်ဦး ဖြစ်သလို ဒါရိုက်တာဖြစ်ဖို့လည်း ကြိုးစားနေသူပါ။ ကုမ္ပဏီထောင်ပြီး ဒါရိုက်တာလုပ်ဖို့ ကြိုးစားနေပါတယ်လို့ ပြောလာတဲ့ နေထက်လင်းက …

“ကျွန်တော် အခုသရုပ်ဆောင် ကနေ ဒါရိုက်တာလုပ်ဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီထောင်ဖို့လည်းရှိတယ်။ အဲဒါတွေကို အကောင်အထည် ဖော်ဖို့ ကျွန်တော် ပိုက်ဆံစုနေပါ တယ်။ ပိုက်ဆံရှိတဲ့သူတွေနဲ့ ပူးပေါင်းရင်လည်း ပူးပေါင်းရမှာပေါ့။ အခြေ အနေ စောင့်ကြည့်နေပါတယ်။ မြန်မာ့ရုပ်ရှင်ကို ကျွန်တော်အားမရပါဘူး။ ဒီထက်ကောင်းတဲ့ ဇာတ်လမ်းတွေ၊ ဒီထက်ကောင်းတဲ့ မင်းသားမင်း သမီးတွေအစုံပါတဲ့ သမိုင်းကိုထောက်ပြတဲ့ ဇာတ်ကားတွေ ရိုက်ကူးချင်တယ်။ ဒီဘက်ခေတ်မှာလည်း ထောက်ပြချင်တဲ့အရာတွေရှိပါတယ်။ အဲဒါ ကြောင့် ကျွန်တော် ဒါရိုက်တာလုပ်တဲ့အခါကျရင်လည်း ပရိသတ်ကို အားပေးစေချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာ

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ် ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က)အရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်မှ မြို့နယ်(၅)မြို့နယ်၊ ကယားပြည်နယ်မှ မြို့နယ်(၃)မြို့နယ်၊ ကရင်ပြည်နယ်မှ မြို့နယ်(၂)မြို့ နယ်၊ ချင်းပြည်နယ်မှ မြို့နယ်(၇)မြို့နယ်၊ စစ်ကိုင်း တိုင်းမှ မြို့နယ်(၈)မြို့နယ်၊...

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်း

ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်ကထုတ်ပြန်ခဲ့သည်။ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တ ရားဥပဒေစိုးမိုးရေးတို့ မူလအခြေအနေပြန်လည်ရောက်ရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ် မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ ယင်း မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ် နှင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071