Monday, May 4, 2026

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...
HomeCelebrities' Newsမင်္ဂလာပွဲနဲ့ ပတ်သက်လို့သူရိယ ဘာပြောလဲ

မင်္ဂလာပွဲနဲ့ ပတ်သက်လို့သူရိယ ဘာပြောလဲ

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးက အခုဆိုရင် ချစ်သူသက် တမ်းတစ်နှစ်ခွဲကို ကျော်လာပြီလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်ဦးစလုံးက သရုပ်ဆောင်တွေဖြစ်ကြတဲ့ အတွက် တစ်ယောက် ရဲ့ အလုပ်အပေါ် တစ်ယောက်က နားလည်မှု အပြည့်ရှိကြပြီး သားပါ။ ဒါ့အပြင် အပြင်သွား တာပဲဖြစ်ဖြစ်၊ အခမ်းအ နားပွဲတွေမှာပဲဖြစ်ဖြစ် နှစ်ဦးသားအတူ တူတက်လေ့ရှိ ကြပါ တယ်။ ဒီအပေါ်မှာလည်း သူရိယက

“အမြဲအတူတူတက်ဖြစ်တာကတအားချစ်ကြလို့ ပေါ့လေ။ ဘယ်လို ပဲဖြစ်ဖြစ် အလုပ်အားတဲ့အချိန်ဆိုရင် သူ့နားကိုပဲသွားချင်တယ်။ မုန့်သွားစားမယ်ဆိုရင်လည်း စုစုရေ သွားရ အောင်ဆိုပြီး သွားကြတာပဲ။ အမြဲ တမ်း တွေ့ ချင်နေတယ်။ တစ်ခါ တလေနယ်တွေသွားရ ရင်တောင် သူ့ကို တွေ့ချင်လို့ ပြန်လာတာ မျိုးတွေရှိတယ်။ နှစ်ဖက်မိဘတွေကလည်း ဘယ်လိုမှတော့မထင်တော့ပါဘူး။ ကျွန်တော် တို့တွေလည်း အသက်အရွယ်ရနေပြီလေ။ ကလေးလေးတွေ လည်းမဟုတ်တော့ဘူး လေ” လို့ပြောပြပါတယ်။

ချစ်သူသက်တမ်း လည်း ကြာသင့်သလောက် ကြာနေပြီဖြစ်တဲ့အတွက် အိမ်ထောင်ပြုဖို့အတွက်ကိုလည်း မေးဖြစ်တဲ့ အခါမှာတော့ သူက…

“အဲဒါကတော့ နောက်မှအေး အေးဆေးဆေးပြောပြပါ့မယ်။ သေချာပြီဆိုရင်ပြောပြပါ့မယ်”လို့ သူရိယ ကပြောပါတယ်။ ချစ်သူနှစ်ဦး ကြားမှာအချစ်တစ်ခု ခိုင်မြဲဖို့ဆိုတာ တစ်ဦး နဲ့တစ်ဦး Balance ညီနေဖို့ လိုတယ်လို့ သူရိယက သူ့ရဲ့ အမြင်ကိုပြောပြပါတယ်။

“နှစ်ယောက်စလုံးက နားလည်မှုပေးနိုင်ဖို့လိုတယ်။ ဒါပေမဲ့ အဲဒါကြီးကို နားလည်မှုမပေးနိုင်ဘူးဆိုရင်တော့တစ်ယောက်ပြိုကျ သွားမှာပဲ။ အဲဒီအတွက် အချစ်ဆိုတာ တည်မြဲတော့မှာမဟုတ်ဘူး” လို့ သူရိယ ကပြောပြပါတယ်။

 

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071