Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsအနုပညာကို သေတဲ့အထိလုပ်သွားတော့မယ်လို့ ကတိပေးလိုက်သူအကယ်ဒမီသီဟတင်စိုး

အနုပညာကို သေတဲ့အထိလုပ်သွားတော့မယ်လို့ ကတိပေးလိုက်သူအကယ်ဒမီသီဟတင်စိုး


အကယ်ဒမီ သီဟတင်စိုးဟာ သူတို့အိမ်က အိမ်အကူဖြစ်သူ ဒေါ် ခင်မာမြင့်ရဲ့ လီဆယ်တိုင်တန်းခြင်း ကို ခံခဲ့ရပြီးနောက် အပြစ်ကျူးလွန် ခြင်း တစ်စုံတစ်ရာ မရှိတာကြောင့် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ အမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့ပါ တယ်။ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိတဲ့ အတွက် အကယ်ဒမီ သီဟတင်စိုး ဟာ ဖမ်းဆီးခြင်းကိုလည်း မခံယူခဲ့ဘဲ မိမိဘာသာ တိတ်တဆိတ်နေထိုင်ရင်း ဖြတ်သန်းနေခဲ့ပါတယ်။ အကယ်ဒမီ သီဟတင်စိုးဟာ ပြစ်မှုကျူးလွန်ခဲ့ ခြင်းမရှိတာကို အစောပိုင်းကတည်း က ပြည်သူလူထုတွေအားလုံး သိရှိ ခဲ့ပြီးသားဖြစ်ခဲ့ပေမယ့်လည်း တရား စွဲဆိုခံထားရခြင်းကြောင့် တရားဥပ ဒေရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးစီး တဲ့အထိ တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်ပါ တယ်။

သြဂုတ် ၂၄ ရက်နေ့ နေ့ခင်း ပိုင်းမှာတော့ အကယ်ဒမီသီဟတင်စိုး ဟာ သူလေးစားတန်ဖိုးထားရတဲ့ မီဒီ ယာတွေနဲ့ ရန်ကုန်မြို့ရှိ တော်ဝင်နှင်း ဆီစားသောက်ဆိုင်ရဲ့ သီးသန့် ခန်း မှာ တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းကုန်စင် ကို ပြောပြဖြေကြားသွားပေးခဲ့တဲ့ အပြင် မီဒီယာတွေကိုလည်း အမှုဖြစ် ခါစက ရှောင်နေခဲ့ရခြင်း အကျိုးအ ကြောင်းတွေကို ပြောပြပြီး တောင်း ပန်စကား ဆိုသွားခဲ့ပါတယ်။ ဒီတစ် ခေါက်ဖြစ်စဉ်ဟာ သူ့ရဲ့ အသက် ၅ဝ အရွယ်ရောက်ချိန်မှာ ရလိုက်တဲ့ အကြီးမားဆုံး သင်ခန်းစာကြီးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း တင်စားဆိုခဲ့ပါ တယ်။ အိမ်အကူတောင် မခေါ်ရဲ လောက်အောင်ဖြစ်ခဲ့ပြီး အိမ်အကူ ဆိုတဲ့ အသံကြားရုံနဲ့ မိုင်းဗုံးတွေ အပေါ်ဖင်ခုထိုင်နေရသလို ခံစား ချက်မျိုးလည်း ဝင်နေခဲ့ရပြီလို့ ဖွင့်ဟ သွားခဲ့ပါတယ်။

အရာအားလုံးပြီးဆုံးသွားချိန် မှာတော့ အကယ်ဒမီ သီဟတင်စိုး ဟာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီလို့ မီဒီ ယာတွေကနေ အသိပေးလိုက်ပါ တယ်။ အကယ်ဒမီ သီဟတင်စိုး ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို တစိုက်မတ်မတ် မရိုက်ကူးဖြစ်တာ ၅ နှစ်ကျော်ကာလကို ရောက်ရှိနေခဲ့ ပေမယ့်လည်း သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း အားနာရမယ့် သူ တွေရဲ့ ဇာတ်ကားတွေမှာတော့ ကြိုး ကြားကြိုးကြား ပါဝင်ရိုက်ကူး ဖြစ် နေခဲ့ပါတယ်။ နှလုံးရောဂါဝေဒနာကို ထိုင်းနိုင်ငံမှာ သွားရောက်ကုသပြီး အသက်ဆက်ထားရတဲ့ အကယ်ဒမီ သီဟတင်စိုးဟာ ရိုက်ကွင်းပေါ် ရောက်ရင်တော့ ထုံးစံအတိုင်း ဖိုက် တင်ခန်းတွေကို တစ်နေ့လုံး မနား တမ်းဖိုက်နေကျမို့ ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးစဉ်ကတောင် ထိုင်းဒါရိုက် တာက ကိုသီဟ နှလုံးဝေဒနာရှိတဲ့ အတွက် ခင်ဗျားနှလုံးအဆင်ပြေရဲ့ လား၊ အဆင်ပြေရဲ့လားလို့ ခဏခဏ မေးခဲ့ရတဲ့ အထိပါပဲ။

“ကျွန်တော် အခု ခံစားချက်တွေ သိပ်ပြင်းပြနေပြီဗျ။ အခုခေတ်ရုပ် ရှင်တိုးတက်မှု အနေအထားနဲ့ ကျွန် တော်ပြန်ဝင်ရင်လည်း ကောင်းမယ် လို့ ထင်တယ်။ အရင်တုန်းကဆိုရင်ဗျာ ကျွန်တော့်ရဲ့ မိခင်ထုတ်လုပ်ရေး ခင် စပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေး အ တွက် ရုပ်ရှင်ဇာတ်ကားတွေ ကောင်း ဖို့ အောင်မြင်ဖို့ဆိုတဲ့ စိတ်ပဲရှိခဲ့တာဗျ။ အခုကျတော့ အဲဒီစိတ်တွေမရှိတော့ ဘူး။ ကျွန်တော့်ရဲ့ အနုပညာကို ပြန် လည်ထုတ်ပြချင်တယ်။ ကျွန်တော် တို့ ရုပ်ရှင်လောကက ညီတွေညီမတွေ နဲ့ အလုပ်တွေ တွဲလုပ်ချင်တယ်။ ဒီ လူတွေ ကောင်းဖို့အတွက် ကျွန်တော် ပြန်ကြည့်ရတော့မယ်။ အနုပညာအရ ဘာလုပ်ပေးနိုင်မလဲ သူတို့တွေကို ပေါ့။ ပိုက်ဆံရတာ မရတာ ကျွန် တော့် အလုပ်မဟုတ်တော့ဘူးဗျ” လို့ အကယ်ဒမီ သီဟတင်စိုးက ပြောပါ တယ်။

အကယ်ဒမီ သီဟတင်စိုးဟာ ငရဲသား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ် ဒမီဆုတွေ ရရှိခဲ့သလို အဲဒီ ငရဲသား ရုပ်ရှင်ဇာတ်ကားဟာလည်း အစိုးရ ဆီကနေ ပိုက်ဆံ ငါးသိန်းနဲ့ နောက် ဆုံးရခဲ့တဲ့ ရုပ်ရှင်ဖလင်ပဲလို့ ဆိုပါ တယ်။

“အစိုးရ ဖလင်ပေါ့၊ ပြောရရင် တစ်ကားလုံးစာအတွက် ငွေငါးသိန်း နဲ့ ရခဲ့တာဖြစ်တယ်။ အဲဒါကြောင့် ငရဲသားကို ရိုက်ကူးဖြစ်ခဲ့တာဖြစ် တယ်။ ငရဲသား ၂ တွေ ဘာတွေ ဆက်ရိုက်ဖို့တော့ အစီအစဉ် မရှိဘူး ဗျ” လို့ အကယ်ဒမီ သီဟတင်စိုးက ဆိုပါတယ်။
အနုပညာလောကထဲကို ပြန် လည်ဝင်ရောက်လာတော့မှာဖြစ်ပေ မယ့်လည်း အကယ်ဒမီလူမင်းနဲ့ တော့ ဇာတ်ကားတွေတွဲရိုက်ဖို့ အစီ အစဉ် မရှိပါဘူးလို့ အကယ်ဒမီ သီဟ တင်စိုးက ယတိပြတ်ဆိုလိုက်ပါ တယ်။

“ဘာကြောင့် မရိုက်လဲ ဆိုတော့ ကျွန်တော့်မှာ အကြောင်းအရာလေး တွေ ရှိခဲ့လို့ပါ။ ကျွန်တော်သူနဲ့ ရိုက် ခဲ့ဖူးပါတယ်။ အရင်တုန်းက ကျွန် တော့် အမေကိုယ်တိုင်က တစ်ကား ရိုက်ပေးဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါ ပေမဲ့ ကျွန်တော်မရိုက်ကူးခဲ့ပါဘူး။ ငွေရေးကြေးရေး ပိုရရင်ရလိမ့်မယ်။ အနုပညာအရမှာတော့ ကျွန်တော် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအပါ အဝင် ကျွန်တော်သတ်မှတ်ထားတာတွေရှိခဲ့တဲ့အတွက် ကျွန်တော် မရိုက် ကူးပါဘူး” လို့ အကယ်ဒမီသီဟတင်စိုး က ပြောပြပေးပါတယ်။

သတင်း၊

ဓာတ်ပုံ- ထက်လူ

Ads Space Available


Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071