Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeEntertainmentBusinessဂီတဈေးကွက်ပြောင်းလဲမှုအပေါ်ဂီတလောကသားတွေရဲ့ အမြင်

ဂီတဈေးကွက်ပြောင်းလဲမှုအပေါ်ဂီတလောကသားတွေရဲ့ အမြင်

အခွေတစ်ခွေထွက်ဖို့ထက် အွန်လိုင်းဘက်ကို ဦးတည်နေတဲ့ ဂီတလောက ဈေးကွက်အပြောင်းအလဲမှာ ဘယ်သူတွေက သာပြီး ဘယ်သူတွေက နာမလဲ။ ဂီတလောကသားတွေရဲ့ ရင်တွင်းခံစားချက်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

ဘိုဖြူ

ကျွန်တော် ရှေ့မှာဆိုရင် နံနက် ခင်းသစ်ဆိုတဲ့ တေးစီးရီးထွက် ထားတယ်။ ပုံမှန်လေးပေါ့။ ဒီခေတ်ဒီအခါမှာ ပုံမှန်လောက် ရောင်း ရရင်ပဲကျေးဇူးတင်ရမှာပါ။ အစ်ကိုတို့က ပရိသတ်ကိုဘယ်လိုပြန် ပေးရမလဲဆိုတာကိုပဲ အဆင်ပြေအောင် လုပ်ရမှာပေါ့။ အနုပညာသမားတစ်ယောက်ရဲ့ တာဝန်တစ်ခုလို့ပဲ အစ်ကို တို့ကတော့ မှတ်ယူပါတယ်။ အစ်ကိုတို့က ကက် ဆက်ခေတ် လည်းမီတယ်။ စီဒီ ခေတ်လည်း မီတယ်။ အစ်ကိုတို့အခွေ တွေဆို ရတနာမြိုင်တို့လို တေးသံ သွင်းတွေမေးကြည့်။ သိန်းနဲ့ချီရောင်း ခဲ့ရတာ။ ကြွားပြောတာမဟုတ်ပါဘူး။ ပြောပြတာ။ အခုခေတ်မှာ ဘာ ကြောင့် ဈေးကွက် ပျက်သွားသလဲ။ အစ်ကိုတို့ကကော ဘာတွေ ပြုပြင်ရမလဲ။ အရောင်း တွေကျကုန်တယ်။ အခွေလောကပျက်ကုန်တယ်ဆိုတာ စိတ် မကောင်းစရာပါ။ ဘယ်လိုပဲဖြစ် ဖြစ်ပါ။ စီဒီနဲ့နားထောင်ရတဲ့အရ သာကို ဘာနဲ့ မှ မလဲနိုင်ပါဘူး။

 

လမင်းခ

လမင်းဆိုရင်လည်း နောက် ပိုင်း က သီချင်းတစ်ပုဒ်ချင်းစီထုတ်တဲ့ ဘက် ကို ပိုသွားဖြစ်မယ်ထင်တယ်။ အမ်တီဗီ ဆိုရင် အခုလမင်းအခွေထဲ ကနေရွေးပြီး ရိုက်ကူးထား တာက ၃ ပုဒ်၊ ၄ ပုဒ်လောက် တော့ရှိပြီ။ လတ်တလောအနေနဲ့ FG Entertainment နဲ့ ရိုက်ထားတာ ၂ ပုဒ်ရှိ တယ်။ သူတို့က ဖေ့စ်ဘွတ်ခ် ပေါ်မှာ မကြာခင်တင်ပေးလိမ့်မယ်။ ပြီးတော့ Canal+ ဂီတမှာလည်း အဲဒီ ၂ ပုဒ်ကို သူတို့ လွှင့်ပေးလိမ့်မယ်။ အမ်တီဗီကို အခွေအနေနဲ့ ထုတ်ဖို့ တော့ အစီအစဉ် မရှိတော့ပါဘူး။

 

ဖြိုးကြီး

အမှန်တကယ်ကတော့သီချင်း တစ်ပုဒ်ချင်းစီထွက်တာက ဒီဘက်နောက်ပိုင်းမှာ တော်တော်လေး ခေတ်စားလာတယ်။ ဖေ့စ်ဘွတ်ခ် ကနေ Download Link ပဲဖြစ်ဖြစ်၊ Streaming တွေကပဲဖြစ်ဖြစ်ပေါ့။ သူကတော့ မြန်မြန်ဖန်တီးပြီး ပရိသတ်ဆီမြန်မြန် ရောက်တာပေါ့လေ။ ကျွန်တော်လည်း စီးရီးခွေမထွက်ခင် မှာသီချင်းတစ်ပုဒ်ချင်းစီဖြန့်ဖြစ်ခဲ့ သေး တယ်။ ကျွန်တော်တို့ကဖန်တီး ပြီးသွားပြီလေ။ ပရိသတ်နားထောင်ဖို့ အတွက်ပဲ စဉ်းစားရတာပေါ့။ Industryက ပျက်စီးသွားပြီ။ ဂီတ ဈေးကွက်ကို စဉ်း စားမယ် ဆိုရင် တော့ ရှုံးမှာပဲ။ ကျွန်တော် ချမ်းတော့ မချမ်း သာပါဘူး။ ဒါပေမဲ့ အနုပညာသမား က ကိုယ်ဖန်တီးပြီးသား အနုပညာ ကိုပရိသတ်ဆီ ဘယ်လိုနည်းနဲ့ရောက် နိုင်မလဲ စဉ်းစား ရမှာပေါ့။ အဲဒီအတွက် စဉ်းစားတဲ့အချိန်မှာ ဒီဘက် ခေတ်မှာ တော့ တိတိကျကျ စီးပွား ရေးကိစ္စကို ခေါင်းထဲက နေထုတ်ထားမှရမယ်။ နဂိုကတည်းကလည်း မရှိပါဘူး။ ဟိုးငယ်ငယ်လေးသီချင်း စတင်လုပ်ကိုင်တဲ့ အချိန်က တည်းကအဲဒီနှစ်ခုက တွဲပြီးပါလာတာ မဟုတ် တဲ့ အတွက်ဒီအချိန်မှာ ကြိုးတော့ကြိုး စားရတာပေါ့လေ။ အခွေထုတ် တယ် ဆိုတာ ငွေရေးကြေးရေးအရ ပတ် သက်မှုတော့ရှိတာပေါ့။ ဒါပေမဲ့ အဲဒီ အပိုင်းကို ပရိသတ်နဲ့ ကျွန်တော်နဲ့ သီချင်းတွေနဲ့ပဲ ပတ်သက်ပါမယ်။ ကျန်တာတွေက တော့ I Don’t Know

 

မျိုးမျိုး

ကိုယ်က အင်တာနက်ကနေ Single ၂ ချပ်ထုတ်ပြီးသွားပြီ။ ကိုကို လွင်ဆီကပေါ့နော်။ အနာဂတ်မှာက အင်တာနက်ပါပဲ။ ကမ္ဘာမှာ လည်း အင်တာနက်ကပဲ လုပ်တော့မှာပါ။ ကိုယ်ကတော့ အဲဒါကို အားပေးတယ်။ ခိုးတာလည်း ရှိမှာပါပဲ။ ဒါ ပေမဲ့ တစ်ကမ္ဘာ လုံးတောင်မနိုင်သေး တဲ့ဟာကို ကိုယ်တို့လုပ်ဖို့ အဆင် မပြေ သေးပါဘူး။ သို့ပေမဲ့ ဒါက ဘာ ကောင်းလဲဆိုတော့ လူတိုင်းဆီကို အလွယ်ဆုံးနဲ့ အမြန်ဆုံးရောက်သွား နိုင်မယ်။ ကြားခံဘာမှမရှိဘူး။ အဲဒါ ကို ကိုယ်သိပ် သဘောကျတယ်။ ဒီနေ့ တင်မယ်ဗျာ။ အလကား တင်ချင်တင်မယ်။ Music Store ကနေ ဖြန့်ချင် ဖြန့်မယ်။ ဒါပေမဲ့ နားထောင် တဲ့လူဆီချက်ချင်း ရောက်တယ်။ အဲဒါကို သဘောကျတာ။ နောက်ပိုင်းမှာ ဒါကအဆင်ပြေသွားမှာ ပါ။

 

ဆုန်သင်းပါရ်

ဂီတဈေးကွက်ကတော့ ပြောင်းလဲသွားပါပြီ။ အခုခေတ်ကတော့ ပရိသတ်နဲ့ထိတွေ့ရတာ ပိုပြီးတော့ လွယ် တာပေါ့။ ဥပမာ- အွန်လိုင်းမှာ Live လွှင့်ပြီး Cover Song လေး တွေဆိုတာပဲဖြစ်ဖြစ်၊ သူတို့ဘာသာ သူတို့ သီချင်းလေးတွေကို တီးကြ၊ ဆို ကြတာပဲဖြစ်ဖြစ် ပရိသတ်လက်ခံပြီး အွန်လိုင်းမှာ လည်း ကြည့်ရတာလွယ် တယ်ဆိုတော့ ပရိသတ်နဲ့ ချက်ချင်း လူသိပိုများတာပေါ့လေ။ စန်းရှိရင် ရှိ သလောက်ပေါ့။ ပရိသတ်နဲ့ ထိ တွေ့မှုက ဒီခေတ် လူငယ်တွေကတော့ ပိုပြီးတော့ရှိတယ်။ ဒါပေမဲ့ အကြာကြီးရေရှည်ခံဖို့ကကျတော့ အရင် ခေတ်ကနဲ့ သိပ်မတူဘူးပေါ့။ အဲဒီလို မျိုးပဲမြင်ပါတယ်။

Ads Space Available


Continue reading

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံအစည်းအဝေးကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် အစည်းအဝေး၌ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump အား ယနေ့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်တိုက် တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက်ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071