Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesသြော်...ဘ၀...ဘ၀...ဘဝ

သြော်…ဘ၀…ဘ၀…ဘဝ

‘စာရေးဆရာ’ ဆိုသော ဥာဏ်အထူးရသည့် အထက်တန်းစားသတ္တ ဝါတို့ စတင်တွေ့ဖူးခဲ့သည်မှာ…. ကျွန်တော် ၈/၉ နှစ်အရွယ်က ဖြစ် ပါသည်။ ကျွန်တော်တို့ ရပ်ကွက်မှာ အစိုးရရုပ်ရှင်မြှင့်တင်ရေး စတူဒီယို ခြံကြီးနှင့် ဆက်လျက်ဖြစ်ရာ ကျွန် တော်တို့ ရပ်ကွက်ထဲတွင် ရုပ်ရှင်နှင့် ဆက်နွှယ်နေသော ပုဂ္ဂိုလ်အချို့ လည်း နေထိုင်ကြသည်။ ရုပ်ရှင်ရိုက် ကူးရာ ရိုက်ကွင်း Location တစ်ခု အဖြစ်လည်း ကျွန်တော်တို့ ရပ်ကွက် က ရံဖန်ရံခါအသုံးတော်ခံရသည်။ ကျောင်းပိတ်ရက်ဖြစ်လျှင် ကျွန်တော် သည် ရိုက်ကွင်းထဲသို့ အဖော်အ ပေါင်းများနှင့်အတူ ယောင်ပေ ယောင်ပေ ဟိုငေးသည်မောနှင့် ရောက် ရောက်နေတတ်ခဲ့ပါသည်။

ကျွန်တော်၏ ဖခင်မှာ ဈေး သည်ဖြစ်သော်လည်း ရပ်ကွက်ထဲရှိ ရုပ်ရှင်ဒါရိုက်တာတစ်ဦးနှင့် ရင်းနှီး သောကြောင့် တစ်ခါတစ်ခါ ရုပ်ရှင် လောကထဲ မျက်စိလည်ပြီး ရောက် သွားခဲ့ရာ တစ်နေ့ ၅ ကျပ်စား ဇာတ် ရံ Extra အဖြစ် ရုပ်ရှင်သုံးလေးကား ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် အဖေ့ရုပ်ရှင်ဖိုးမှာ သန်စွမ်း ကြီးထွားခြင်းမရှိ၍ ထင်ရှားသော ဇာတ်ပို့ဇာတ်ရံဘဝသို့ ရောက်မသွား ခဲ့ရရှာချေ။

ထိုစဉ်က ရိုက်ကွင်းထဲရှိ ရုပ်ရှင် သမားများကြားတွင် ‘စာရေးဆရာ …စာရေးဆရာ’ဟု ခေါ်သံကြားရ ၍ အခေါ်ခံရသူကို ကျွန်တော်လှမ်း ကြည့်လိုက်မိပါသည်။ အခေါ်ခံရသူ မှာ အသက် ၄ဝ ခန့် စုတ်ဖွားဖွား ပေတူးတူး၊ ကျွဲကော်ကိုင်းမျက်မှန်ထူ ကြီးတပ်လျက်သားဖြင့် ကွမ်းယာတွေ ပလုတ်ပလောင်းဝါးနေသူ၊ မှုန်တေ တေ မျက်နှာထားနှင့် ပုဂ္ဂိုလ်ဖြစ်နေ သည်။ အရက်ခိုးဝေနေသော မျက် လုံးများလည်းရှိသည်။ ထိုခေတ်က ”ပုံစံကိုက်” typical စာရေးဆရာ ဒီဇိုင်း ဖြစ်သည်။ (စာရေးဆရာတိုင်း ကို မဆိုလို။ ထိုခေတ်က စာရေးဆရာ အချို့မှာ ဟိုတယ်တွေ၊ ဧည့်ခံပွဲတွေ မှာ အာဆွတ်ရုံလောက်သာ သောက် ကြပြီး ခံ့ခံ့တည်တည်၊ သန့်သန့်ကြည် ကြည်နေတတ်ကြသူများဖြစ်ကြောင်း နောက်ပိုင်းတွင် သိလာရပါသည်။) အမှန်က ရိုက်ကွင်းထဲက ‘စာရေး ဆရာ’ဆိုသူမှာ ‘ဇာတ်ညွှန်းရေးဆရာ’ သာဖြစ်သည်။) မြန်မာ့ဓလေ့က တစ် မျိုးရယ်။ ဇာတ်ညွှန်းရေးဆရာကို လည်း စာရေးဆရာခေါ်သည်။ ဇာတ် သဘင်ထဲက ပြဇာတ်ရေးသူ၊ သီချင်းရေးသူကိုလည်း စာရေး ဆရာပဲခေါ်ကြသည်။

ကျွန်တော်၏ ဖခင်ကြီးသည် ပေပေတေတေ၊ ညစ်ညစ်တူးတူး (စာ ရေးဆရာအခေါ်ခံ) ဇာတ်ညွှန်းရေး ဆရာကိုကြည့်ပြီး အတော်စိတ်ပျက် သွားပုံရသည်။ နောင်သော် စာရေး ဆရာဖြစ်ရန် ကြိုးစားနေသော ကျွန် တော့်ကို ကြည့်ကာ၊ ဆူဆူပူပူလည်း မလုပ်၊ ထောက်ခံအားပေးခြင်းလည်း မပြုဘဲ ”မင်းဘာသာ စာပဲရေးရေး၊ လင်းတပဲရေးရေး၊ ငါ့အပူမပါဘူး ဟေ့”ဟုသာ ရွဲ့ပြောပြောသည်။ဖခင် ကြီးခမျာ ကျွန်တော်၏ ငတ်ပြတ် ဆင်းရဲသော စာရေးဆရာဘဝကို မြင်တွေ့ခွင့်မရဘဲ စောစောစီးစီးဘဝ တစ်ပါးသို့ ပြောင်းသွား ကွယ်လွန် ရှာခဲ့ပါသည်။ အမေကတော့ စာပေ ဝါသနာပါသူပီပီ ကျွန်တော်ဘယ့်က လောက်မွဲမွဲ ကျွန်တော့်လက်ရာစာ တိုပေစကလေးများ ဖတ်နေရလျှင် ဖရဏာပီတိဂွမ်းဆီထိ။

၁၉၇ဝ ပြည့်နှစ်လောက်တွင် စာနယ် ဇင်းအချို့၌ ကလောင်သွေးခဲ့ ပြီး နောက် ၁၉၇၆ ခုနှစ်တွင် စာပေ လောက သို့ ကျွန်တော်ခြေစုံပစ်ဝင် ရောက်သောကာလ၌ ရန်ကုန်စာပေ လောကသည် လှုပ်လှုပ်ရွရွ ကြက်ပျံ မကျ လှုပ်ရှား ရှင်သန်လျက်ရှိခဲ့ပါ သည်။ ပင်ကိုရေး လုံးချင်းဝတ္ထု၊ ဘာသာပြန်လုံး ချင်းဝတ္ထု ‘ရှဲဒိုး’ လုံးချင်းဝတ္ထုတို့ မိုး ကောင်းနေချိန်ဟု ဆိုနိုင်သည်။ လက်ဖက်ရည်တစ်ခွက် ၂ ကျပ်ခေတ်၊ အစီခံဒူးယားစီးကရက် တစ်လိပ် ၂၅ ပြားခေတ်။ အရက်ဖြူ တစ်ပုလင်း ၄ ကျပ်ခွဲခေတ်ဖြစ်သည်။ အသေးစိတ်ပြောရလျှင် ၇၅ ပြား ရှိပါကသမ္မတ ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်၍ရသည်။ ခြူးတံဆိပ် ဆေး ပေါ့လိပ်တစ်လိပ်မှ ၅ ပြား။ ဗယာ ကြော်သုပ်တစ်ပွဲ ၅ဝ ပြား။

ထို့ကြောင့် ကျွန်တော့်လိုက လောင်သစ်ကလေးအတွက် ဝတ္ထုတို တစ်ပုဒ်ဥာပူဇော်ငွေ ၂ဝ ကျပ်ရ လျှင် ထခုန်မိမတတ် အူမြူးဝမ်းသာ နေပါပြီ။ အရင်းနှီးဆုံး စာပေမိတ် ဆွေသုံးယောက်လောက်ခေါ်ပြီး နီး ရာ ”ဘား”သို့ ဝင်သည်။ အရက်ဖြူ ကို ရေချိန်ကိုက်သောက်ပြီး အမြည်း တစ်ဝစားကြသည်။ (သြော် ..ဟို တုန်းက …ဟိုတုန်းက ရှေးခေတ် ဟောင်း အောက်မေ့ဖွယ်ပ။)

၁၉၇၆ ခုနှစ်ထဲက နေ့ရက်တစ် ရက်။ ရန်ကုန် ၃၃ လမ်း၊ စာပေရပ် ကွက်ထဲမှာ ညနေ ၄ နာရီလောက် လူစည်နေသည်။ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ၊ အယ်ဒီတာနှင့် ထုတ်ဝေသူတွေ။ ထို လူအုပ်ထဲမှာ ဘာမှမဟုတ်သော ကဗျာရူးစာရူး လူငယ်တချို့လည်း ထီးကိုင်ဖိနပ်ကိုင်ဘဝများဖြင့် ရော နှောငေးမောနေသည်။

ထိုစဉ် စုတ်ဖွားဖွား ပေတူးတူး ညိုညစ်ညစ်အရပ်ပုပုနှင့် အသက် ၄ဝ ကျော်လောက် လူတစ်ယောက် ၃၃ လမ်းထဲသို့ တရွေ့ရွေ့လှမ်း၍ ဝင်လာသည်။ မျက်နှာက ဖောသွပ် နေပါသည်။ ဗေဒင်မမေးပါနှင့် သူ သည် ယစ်ထုပ်က ဇော်အိုးမှန်း သေ ချာပါသည်။ အသိမိတ်ဆွေစာရေး ဆရာ၊ ကဗျာဆရာတစ်ယောက် ယောက်ကို တွေ့သောအခါ သူက မချိပြုံးပြုံး၍ ချဉ်းကပ်သွား၏။ ပြီး လျှင် အိတ်ကပ်ထဲမှ စာရွက်ခေါက် ကလေးကို ထုတ်၍ ဖြန့်ပြသည်။ စာ ရွက်ကလေးပေါ်မှာ ရေးသားထား သည်က ခပ်တိုတိုအလှူခံလွှာ။

”ကျွန်တော့်ကို ငွေငါးကျပ် လောက် ကူညီပါ”

ထိုခေတ်က စာပေလောက သားအများစုက ငမွဲတွေဖြစ်ကြရာ။ ပေးလှူလိုပါလျက် ငါးကျပ်တောင် မရှိ၍ မချိတင်ကဲ ဝမ်းနည်းစွာ ခေါင်းခါပြကြသည်။ ဘယ်လိုမဆို။ နှစ်ယောက်သုံးယောက်စုပြီး ပေး လိုက်တော့ ငါးကျပ်အပြည့်ရသွား သည်။ ငွေငါးကျပ်ရသည်နှင့် အဲဒီ ပုဂ္ဂိုလ်သည် လာရာလမ်းအတိုင်း တရွေ့ရွေ့ ပြန်လည်ထွက်ခွာသွား တော့သည်။

”သူက ဘယ်သူတုံးဗျ”ဟု ကျွန်တော်က စာပေမိတ်ဆွေထံမှာ တီးခေါက်စူးစမ်းကြည့်သည်။

”အဲဒါ ကဗျာဆရာ ကျုံဒါးကျော် မွန်ပဲ”

”အို …ဘုရား …သိကြား ကယ်တော်မူပါ”ဟု ကျွန်တော် ယောင်ယမ်းရေရွတ်မိပါသည်။ ‘ကျုံ ဒါးကျော်မွန်’၏ ကဗျာနှင့် စကားပြေ များကို ကျွန်တော်ဖတ်ဖူးပါသည်။ ဝေါဟာရချွေချွေတာတာနှင့် ကျစ် ကျစ်လျစ်လျစ် ရေးဖွဲ့တတ်သည့် သူ့စာတွေကို ကြိုက်သည်။
ဥပမာအဖြစ် ဖော်ပြရလျှင် ဝတ္ထုတိုတစ်ပုဒ်၏ အဖွင့်ကို ဆရာ ကျုံဒါးက ဤသို့ ဖွင့်သည်။

”ငြိမ့်။ သူမ၏ နာမည်က ငြိမ့်။ သည်ညပန်းခြံမှာ အငြိမ့်ရှိသည်။”

နောက်မှပေါ်လာသော LP ခေါ် ဘာသာစကားကဗျာဆရာ တွေ ဖျားသွားလောက်သော အရေးအ သားဖြစ်သည်။ ဆရာကျုံဒါးသည်ထို နှစ်ကာလတစ်ဝိုက်မှာပဲ မထင်မရှား ကွယ်လွန်သွားရှာသည်။ စာ၊ ကဗျာ ဖန်တီးမှုလှပသော်လည်း ဘဝက မလှရှာ။ သြော် …ဘဝ …ဘဝ …ဘဝ။

ကျွန်တော်လည်း ၁၉၉ဝ ပြည့် နှစ် တစ်ဝိုက်တွင် စာပေလောက၏ အော့ကြောလန်ယစ်ထုပ်ဖြစ်ခဲ့ဖူး သည်။ သို့သော် စာပေအနုပညာကို ကျွန်တော်က တန်ဖိုးထားခဲ့သည်။ ထို့ ကြောင့် လူငယ်ကဗျာဆရာတစ်ဦးက ”ဆရာကြူးက လူသာမူးတာ၊ စာကျ တော့ မမူးဘူး”ဟု မှတ်ချက်ချခဲ့ပါသည်။

ကဗျာဆရာကြီး သစ္စာနီက အလွန်ပါးနပ်လိမ္မာသည်။ ကျွန်တော့် ကို မြင်သည်နှင့် ခါးကြားမှ ပိုက်ဆံ အိတ်ကို ဆွဲထုတ်ကာ ငွေစက္ကူတစ် ရွက်အသင့်ပြင်ထားသည်။ လူချင်း နီးကပ်လာသည်နှင့် ငွေစက္ကူကို လှမ်းပေးပြီး ခပ်မြန်မြန်ကလေး ‘လစ်’ လေတော့သည်။ ဤသို့ ပါးနပ် သဖြင့် ဆရာသစ္စာနီသည် ‘အရစ် လည်း ခံရ၊ ငွေလည်း ကုန်ရသော’ ဘေးဒုက္ခမှ လွတ်ကင်းလေသတည်း။

သြော် …ဘဝ …ဘဝ …ဘဝ …ဘဝ။ မလှပတဲ့ စာ ရေးဆရာတွေရဲ့ ဘဝ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071