သွေး (စစ်ကိုင်း)၏ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်

0
172

ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုး ရေးသားတဲ့ ဟံသာ ဝတီ ဦးဝင်းတင်ရဲ့ ဘဝမှတ်တမ်းစာအုပ်ကို မူရင်းစာရေး သူရဲ့ ခွင့်ပြုချက်အရ သွေး(စစ်ကိုင်း)က ပြင်သစ်ဘာသာမှ တိုက် ရိုက်မြန်မာပြန်ဆိုထားတဲ့ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီက Yangon Book Plaza မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါစာအုပ်ဟာ နိုင်ငံရေးသမား သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းမှုကနေ ပြန်လည်လွတ် မြောက်လာပြီးနိုင်ငံရေးလောက ဖြတ်သန်းမှုအထိ ထင် ဟပ်စေတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဘာသာပြန်ဆိုရေး သားသူ သွေး(စစ်ကိုင်း)က အဆိုပါစာအုပ်နဲ့ ပတ်သက်ပြီး
“ကျွန်မက ဘဘဦးဝင်းတင်နဲ့ အပြင်မှာ တစ်ကြိမ် တစ်ခါပဲ စကားပြောဖူးပေမယ့် သူ့ရဲ့လေးနက်ခိုင်မာတဲ့ ဒီမိုကရေစီအပေါ် ယုံကြည်မှု၊ အာဏာရှင်စနစ်ကို အလံ မလှဲဘဲ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ခဲ့မှု၊ အမှန် တရားဘက်က ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ နိုင်ငံရေး သမား၊ သတင်းစာဆရာတစ်ယောက်အနေနဲ့ လေးစားမှု တွေဟာ ဒီစာအုပ်ကို ကျွန်မဘာသာပြန်ဖြစ်ဖို့အတွက် တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။

 

တစ်ဖက်ကလည်း စိုးရိမ် ပူပန်ခဲ့တာတွေ ရှိတယ်။ ဘာလဲဆိုတော့ ဒီလောက်တောင် မှ ကြီးမြတ်လှတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ဘာသာပြန်ဆို တဲ့အခါ ကျွန်မ အမီလိုက်နိုင်ပါ့မလားလို့ အမြဲတမ်း စိုးရိမ် ပူပန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စိတ်ကိုရှင်းရှင်းထားပြီး အတတ်နိုင်ဆုံး ကြိုးစားပြီးဘာသာပြန်ဆိုခဲ့ပါတယ်။ ဒီစာအုပ်ကို စတင်ပြီးဘာသာပြန် ဆိုတာကနေ ပြီးဆုံးတဲ့ အထိ အနည်းဆုံး လေးလအချိန်ယူခဲ့ပါတယ်” လို့ ပြောပါ တယ်။


စာအုပ်မိတ်ဆက်ပွဲမှာ စာရေးဆရာ မျိုးမြင့်ညိမ်း၊ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး မုံရွာအောင်ရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဝင် ဦးထွန်းကြည်တို့က အဆိုပါစာအုပ်နဲ့ ပတ်သက်ပြီး မုဒိတာစကားများ ပြောကြားပေးခဲ့ကြပါတယ်။

“ဒီစာအုပ်ဟာ ဒီမို ကရေစီရေး၊ လွတ်လပ်ရေး၊ လူ့ အခွင့်အရေးတွေအတွက် ရုန်းကန်ရင်း စွန့်လွှတ်အနစ် နာခံခဲ့တဲ့ အတိတ်၊ ပစ္စုပ္ပန်ကာလက သူရဲကောင်း လူကြီး လူငယ်အားလုံးကို ရည်ညွှန်းပါတယ်” လို့လည်း ဦးဝင်းတင် က အမှာစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ အဆိုပါ စာအုပ်ကို ငါတို့စာပေက ထုတ်ဝေဖြန့်ချိတာဖြစ်ပြီး ဇူလိုင် လ ၁၆ ရက်နေ့မှာ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ တစ်ပြည်လုံး ဖြန့်ချိခဲ့ပါတယ်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here