Saturday, May 9, 2026

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...
HomeActivitiesစာရူး

စာရူး

မြန်မာ့ရာဇဝင်တွင် စာပေလိုက်စား သော စာတိုပေစများကိုစုဆောင်း မှတ်သားခြင်း၌ ဝါသနာကြီးသော ‘စာတိုငညို’ ခေါ် လူငယ်ကလေး တစ်ယောက်သည် နောင်သော် စာ ပေအကျိုးကျေးဇူးကြောင့် ‘ဝန်ဇင်း ဘိုးရာဇာ’ ဘွဲ့အမည်ရ ပညာရှိ အမတ်ကြီးဖြစ်လာခဲ့ကြောင်း မှတ် တမ်းတင်ဖော်ပြခဲ့ပါသည်။ အများ အသိပါ။ စာတိုငညိုဘဝတုန်းက သူ့ ကို ရပ်ထဲရွာထဲမှာ စာရူးပေရူးဟု ခပ်နှိမ်နှိမ်ခေါ်ခဲ့ကောင်း ခေါ်ခဲ့မည် ဟုထင်သည်။ စာအုပ်ပုံထဲမှာ ခေါင်း မြုပ်နေလောက်အောင် စာဖတ်ဝါသ နာကြီးသူကို ကျွန်တော်တို့ဆီမှာ ‘စာ ကြမ်းပိုး’ဟုခေါ်ဝေါ်ကြသကဲ့သို့ အင်္ဂ လိပ်တွေကလည်း Bookworm ဟု ခေါ်ဝေါ်ကြသည်။ စာအုပ်များ အ နှောင့်ရှိကော်ကို စားသောက်လေ့ ရှိသော အင်းဆက်ပိုးကောင်ကို Bookworm ဟုခေါ်ဝေါ်ရာမှ မြန် မာလို စာကြမ်းပိုး ဟူသော ဝေါဟာရ ပေါ်လာခြင်းလည်း ဖြစ်ကောင်းဖြစ် မည်။ ‘စာကြမ်းပိုး’ (စာဂျပိုး) ဝေါဟာ ရတီထွင်သူကို ဤနေရာမှ ချီးကျူး လိုက်ပါရစေ။

သိုးဆောင်း ဘာသာတွင်Bookish ဟူသော ဝေါဟာရရှိသည်။ သူကတော့ စာကြီးပေကြီးတွေကိုသာ အထူးအာရုံစိုက်ဖတ်ရှုသူကို ရည် ညွှန်းသည်။ မြန်မာတွေက ထိုသူမျိုး ကို ‘စာအုပ်ကြီးသမား’ဟု လှောင်သံ သဲ့သဲ့ဖြင့် ခေါ်ဝေါ်တတ်ကြသည်။ လှောင်သံပါလာရခြင်းမှာ စာအုပ် ကြီးသမားသည် အပျော်ဖတ်စာပေ Pulp-fiction စွဲလမ်းသူများကို အထင်သေးလေ့ရှိသောကြောင့် အပျော်ဖတ်စာပေသမားများက တန် ပြန်ထိုးနှက်ခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၃ဝ ကျော်လောက်တုန်းက ကျွန်တော့် မှာ အသိမိတ်ဆွေ ‘စာကြမ်းပိုး’ တစ် ယောက်ရှိခဲ့ဖူးသည်။ ထိုစာကြမ်းပိုး မှာ ကျွန်တော်နှင့် တစ်ရပ်တည်းနေ၊ တစ်ကျောင်းတည်းထွက်ဖြစ်ကြသော် လည်း သူ့ဖခင်က အရာရှိကြီးတစ် ယောက်ဖြစ်၍ သည်ကောင်က နည်းနည်းသွေးနားထင်ရောက်၊ ခြေ ဖျားထောက်ချင်သည်။ သည်တော့ ကိုယ့်မာနနှင့် ကိုယ်နေသော ကျွန် တော်ကလည်း သည်ကောင့်ကို အနူ တစ်ယောက်အလား သဘောထား ၍ ခပ်ဝေးဝေးက ရှောင်သည်။

အထက်တန်းကျောင်းမှ ထွက်ခဲ့ ကြပြီးနောက် ၁ဝ နှစ်ကျော်ကြာခဲ့ သောအခါ ကျွန်တော်သည် စာပေ လောက၌ နေရာကလေးတစ်ခု ကတ် သီးကတ်သတ်ရလာခဲ့ပြီးဟိုအကောင် (အော် …မေ့လို့။ သူ့နာမည်က သန်းဝေ။ သူ့ဖခင်နာမည်က ဦး အောင်ထူး။) သန်းဝေက မယားက အပစ်ခံရသည့် ‘မယားပစ်’သန်းဝေ ဖြစ်နေပြီ။ တစ်ခုလပ်သန်းဝေသည် မိဘအိမ်မှာ ပြန်နေပြီး ဘာအလုပ်မှ မလုပ်ဘဲ ယောင်ခြောက်ဆယ်ယောင် ကိုးဆယ်ယောင်စိန်မင်းသား ကြီးဖြစ် နေသည်။ ထိုမျှသာမဟုတ် သန်းဝေ သည် အိမ်ထောင်ပျက်သွား၍ စိတ် ညစ်ခြင်းကို အကြောင်းပြကာ ယမ ကာမှီဝဲရာက အရက်စွဲပြီး ယစ်ထုပ် ကြီး လုံးလုံးဘဝရောက်နေသည်။ ကျွန်တော်ကကော ..ဘာထူးသေး သနည်း။ ‘ဈာန်'(အရက်)ဝင်မှ Óဏ် ရွှင်သည်ဟုဆိုကာ စာရေးရင်း သေ ရည်မော့၊ သေရည်မော့ရင်း စာရေး ရာက ‘စာသမားတစ်ပိုင်း ယမကာ လုလင်တစ်ပိုင်း’ ဖြစ်နေသည်။ ဝန်ခံ ရလျှင် ကျွန်တော်သည် စာရေးဆရာ မဖြစ်ခင် ယစ်ထုပ်ဖြစ်နေခဲ့ပါသည်။

ထိုခေတ်က ‘စာအုပ်အငှားဆိုင်’ ခေတ်ကောင်းနေရာ သန်းဝေသည် ထွက်သမျှ လစဉ်ထုတ်မဂ္ဂဇင်းများကို တစ်အုပ်မကျန် ငှားဖတ်ပြီး အားအား ရှိ သေရည်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်မှာ အချိန်ဖြုန်းနေသည်။ မဂ္ဂဇင်း တွေကို လျှောက်ဖတ်ပြီး အရက်တန် ခိုးနှင့် အာဝဇ္ဇန်းရွှင်ကာ စာကြောင်း ပေကြောင်းတွေကို အာပေါင်အာ ရင်းသန်သန်ကြွားလုံးထုတ်လျက်ရှိ သည်။ ကျွန်တော်သည် စာတစ်လုံးမှ မရေးဘဲ စာပေစကားတွေ ဖြီးဖြန်း နေသော သန်းဝေကို တွေ့ရ၊ သူ့အ သံကို ကြားရလျှင် အကုသိုလ်စိတ် ပွားလာသဖြင့် သူရှိရာ အရက်ဆိုင် တွေ လက်ဖက်ရည်ဆိုင်တွေကို ဝေး ဝေးက ရှောင်ပါသည်။ မရှောင်သာ ဘဲ မျက်နှာချင်းဆိုင်တွေ့လျှင်တော့ လက်ထဲမှာ အမြဲတမ်းစာအုပ်တစ် အုပ်ကိုင်ထားသော သန်းဝေကို ..

“ဟေ့ သန်းဝေ။ စာအုပ်စာပေ တို့ မိတ်ဆွေလုပ်လှချည်လား”ဟု ရိ တိတိနှုတ်ဆက်တတ်သည်။

“ဟေ့ကောင်၊ ငါ့ကို သန်းဝေလို့ မခေါ်နဲ့။ ငါ့နာမည်သန်းဝေထူး။ ကဗျာဆရာ သန်းဝေထူး။ မော်ဒန် ကဗျာဆရာ သန်းဝေထူး”

စာကြမ်းပိုးက လေလုံးထွား၊ လေသံမာနေတော့ ကျွန်တော်ရယ် လည်း ရယ်ချင် စိတ်ထဲကလည်း မခံ ချင်ဖြစ်မိသည်။

“ဟာ၊ မင်းဘယ်တုန်းကများ မော်ဒန်ကဗျာဆရာသန်းဝေထူးဖြစ် သွားတာတုံး။ သန်းဝေထူးဆိုတဲ့ ကဗျာဆရာနာမည်ကို မဂ္ဂဇင်းတွေထဲ မှာလည်း ငါမမြင်မိပါလားကွာ .. . “

“မဂ္ဂဇင်းမှာပါမှ ကဗျာဆရာ လားကွ။ ရတုဘုရင် နတ်သျှင်နောင် ဟာ မဂ္ဂဇင်းမှာ ပါဖူးလို့လား ဟင် …

သည်ကောင်က မဖူးတဖူးနှင့် ရမ်းတမ်းတမ်းပြောတော့ ကျွန်တော် က အလျှော့ပေးပြီးနောက်ဆုတ် သည်။ စာရူးပေရူးတစ်ယောက် အရက်မူးလျှင် စာသမားအစစ်တွေ စိတ်ဆင်းရဲရပြီသာမှတ်။

“နောက်ကို ငါ့ကို သန်းဝေထူး လို့ခေါ်ပါ။ မော်ဒန်ကဗျာဆရာ သန်း ဝေထူးဆိုတာလည်း မှတ်ထားလိုက် ပါ”ဟု သည်ကောင်က အော်ကြီးဟစ် ကျယ်လှမ်းပြောလိုက်သေးသည်။

အရင်းနှီးအခင်မင်ဆုံး ဝါသနာ တူ သူငယ်ချင်း ရေအေး (နောင်သော် ကဗျာဆရာ၊ ဗီဒီယိုရုပ်ရှင်ဇာတ် ညွှန်းရေးဆရာ ရေသီတာဧ)နှင့် တွေ့သည့်အခါ ကျွန်တော်ကသတင်း ပေးလိုက်သည်။

“ဟို ငနဲတော့ ရူးသွားပြီကွ။ သူ့နာမည် သန်းဝေမဟုတ်တော့ဘူး တဲ့။ သန်းဝေထူးတဲ့။ မော်ဒန်ကဗျာ ဆရာ သန်းဝေထူးတဲ့”

“အလကား အရက်ကြောင် ကြောင်နေတာပါကွာ “

ရေအေးက မူးတူးတူး မင်တင် တင်နှင့် မှတ်ချက်ချသည်။ ထိုစဉ်က ကျွန်တော် ရေအေးနှင့် သန်းဝေတို့ မှာ တူတာတစ်ခုတော့ ရှိသည်။ သေ ရည်ကြိုက်တဲ့ ငမိုက်သားတွေ ဖြစ်နေ ကြခြင်းပင်။ ကျွန်တော်က သန်းဝေ တစ်ယောက် ‘ဝ’မရှိဘဲ ‘ဝိ’လုပ်နေ ခြင်းကို ဘာမှမပြောသော်လည်း ရေ အေးက သန်းဝေကို ကြည့်မရ။

“အဲ့ကောင် လူကြီးသားသမီး လုပ်နေပြီး ကာရိုက်တာမကောင်း ဘူး။ ရပ်ကွက်ထဲက စာပေဝါသနာ ပါတဲ့ လူငယ်တွေကို ခပ်တည်တည် နဲ့ ညာစားနေတယ်။ မဂ္ဂဇင်းတွေမှာ ကဗျာပါအောင် ထည့်ပေးမယ်ဆို ပြီး ကဗျာစာမူတွေ တောင်းတယ်။ စာ မူသွားပို့ပေးမယ်ဆိုပြီး ဘတ်စကားခ နဲ့ ထမင်းဖိုးတောင်းတယ်။ အယ်ဒီ တာတွေကို လက်ဖက်ရည်တိုက်ရ မယ်ဆိုပြီး ချာတိတ်တွေဆီက လက် ဖက်ရည်ဖိုးပါတောင်းတယ်။ ပြီး တော့ ဘတ်စကားခိုးစီးပြီး ရန်ကုန် ထဲကို သွားတယ်။ ရန်ကုန်က အယ် ဒီတာတွေ၊ ကဗျာဆရာတွေက ဒီ ကောင်မြို့ပြင်ကတောင် လာရတယ် ဆိုပြီး သနားတာနဲ့ လက်ဖက်ရည် တိုက်ကြတယ်။ သူသယ်လာတဲ့ကဗျာ စာမူတွေကိုလည်း အားနာပါးနာနဲ့ ယူထားလိုက်ကြတယ်။ ဒီကောင့်ကို ဆုံးမမှ ဖြစ်တော့မယ်”

ဤသို့ဖြင့် တစ်နေ့တွင် အရက် သောက်ထားကြပြီး သွေးကြွနေကြ သည့် ကျွန်တော်နှင့် ရေအေးတို့ သည် မူးကြောင်ရူးကြောင်ဖြစ်နေ သော သန်းဝေနှင့် လမ်းထိပ်မှာ ထိပ် တိုက်တိုးကြသည်။

“ကလေးတွေကို ညာစားပြီး ကလေးတွေပေးတဲ့ ပိုက်ဆံနဲ့ အရက် သောက်ပစ်နေတဲ့ ကလိန်ကကျစ် သန်းဝေ”ဟု ရေအေးက ရန်စ စကား ပြောရာက ထိုးလုလုကြိတ်လုလုဖြစ် နေကြသည့် ကျွန်တော်တို့ သုံး ယောက်မှာ အနီးရှိ အရပ်ဝတ်နယ် ထိန်းရဲတွေကို သတိမပြုမိခဲ့ကြပါ။
သုံးယောက်စလုံး ရဲစခန်း ရောက်သွားကြသည်။ ကျွန်တော်နှင့် ရေအေးမှာ ရဲစခန်းနှင့်မစိမ်း။ မော် ဒန်ကဗျာဆရာ သန်းဝေထူးဆိုသော စာရူးကတော့ မျက်နှာကလေး ဆီး ရွက်လောက်သာရှိတော့သည်။ ရဲ အရာရှိက အလုပ်အကိုင်များကို မေး သောအခါ ကျွန်တော်က ‘စာရေး ဆရာ’ဟု ဖြေပြီး ရေအေးက ‘ကဗျာ ဆရာ’ဟုဖြေသည်။ သန်းဝေအလှည့် ရောက်တော့ သည်ကောင်သွေးရူး သွေးတန်းနှင့်ဖြေချလိုက်သည်။

“ကျ …ကျ…ကျွန်တော် က …ကဗျာကုန်သည် …”

“တောက်တီးတောက်တဲ့ ကဗျာ ကုန်သည်တဲ့ကွာ”ဟုဆိုကာ ရဲအရာ ရှိသည် မျက်ရည်ထွက်အောင် ရယ် မောပါတော့သတည်း။ ။

ကြူးနှစ်

Ads Space Available


Continue reading

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။​ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့် ယနေ့ကမ္ဘာ့စျေးကွက်

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည် ပုဂံခေတ်ကတည်းကပင် ထင်ရှားခဲ့ပြီး မင်းအဆက်ဆက် တန်ဖိုးထား ဝတ်ဆင်ခဲ့ကြသော ရတနာဖြစ်သည်။ မင်းတုန်းမင်းလက်ထက်တွင် ရရှိခဲ့သော "ပတ္တမြား ငမောက်" မှာ ကမ္ဘာကျော်ခဲ့ပြီး ယနေ့တိုင် သမိုင်းတွင်နေသည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။ မြန်မာ့ပတ္တမြားကို ကမ္ဘာက အသိ အမှတ်ပြုရသည့် အဓိကအချက်မှာ ခို​သွေး (Pigeon's Blood) ဟုခေါ်သော အနီရောင်ရင့်ရင့် အရည်အသွေးကြောင့်ဖြစ်သည်။ ဤအရောင်မျိုးသည် ကမ္ဘာပေါ်တွင်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည် ကုမ္ပဏီပိုင်ရှင်နိုင်ငံခြားသားများ၏ လူမဆန်စွာနှိပ်စက်မှုကိုခံခဲ့ရသဖြင့် မေ ၈ ရက်နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီးက ကိုသားသားကိိုတွေ့ဆုံပြီး နှိပ်စက်ခံရသည့် အသေးစိတ်အခြေအနေများနှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုများကိုမေးမြန်းကာ အားပေးစကားပြောကြားပြီး သံရုံးဝန်ထမ်းမိသားစုများ ၏ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ဖြစ်စဉ်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ မှန်ကန်သည့်တရားစီရင်မှုဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့ကျူးလွန်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များရရှိစေရေး၊ ထိခိုက်ခံစားခဲ့ရသည့် မြန်မာစကားပြန်အတွက် ထိုက်သင့်သည့် နစ်နာ ကြေးများအပြည့်အဝရရှိစေရေးတို့ကို ဗန်ကောက်မြို့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071